သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, August 23, 2025

Hey Sinamika (2022) အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက်


 Hey Sinamika (2022)

အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက်

Https://www.youtube.com/@thantunlayinde 

.

ဘဝနှစ်ခုပေါင်းစုရာ အိမ်ထောင်ရေးရဲ့ ကမောက်ကမဖြစ်တတ်တာကိုတည်ထားတဲ့ ဒီကားလေးကြည့်ပြီး တွေးစရာတွေကအများသား


ကျွန်တော်တို့ဟာ အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်အချက်တွေကိုကြည့်ပြီးဆုံးဖြတ်လေ့ရှိကြလဲ


ရုပ်ရည်

ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ (ဝါ) ဝင်ငွေ


ထိုမှတဆင့် နည်းနည်းပိုကြည့်သူက 

အခြေခံကိုယ်ကျင့်တရား ဥပမာ ငါးပါးသီလလိုပေါ့


ထို့ထက်နည်းနည်းပိုကြည့်သူက 

စိတ်ခံစားချက်နဲ့အပြုအမူ 


ဘယ်လိုလဲဆိုတော့

အခက်အခဲကြုံလာချိန်မှာ အမြဲငြီးငြီးငြူငြူပြုတတ်သူလား


သို့တည်းမဟုတ် 

ဖြေရှင်းနိုင်မယ့်နည်း ပြဿနာရဲ့မူလဇစ်မြစ်ကိုအဖြေမရှာဘဲ ရှာဖို့အားမစိုက်ဘဲ စိတ်ပျက်အားလျှော့လွယ်သူလား ဘယ်သူ့ကြောင့်ဘယ်ဝါ့ကြောင့်ဆိုပြီး လက်ညှိုးထိုးရှောင်လွှဲတတ်သူလား


ဒေါသထွက်လာရင် လက်ပါတတ်သူမျိုးလား


တခြားတရပ်က ဒေါသတွေကိုသယ်ဆောင်လာလို့ မဆိုင်သူတို့အပေါ် ဖောက်ခွဲတတ်သူလား

ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ညှင်းပမ်းနှိုပ်ဆက်လို့ ဖြေဖျောက်တတ်သူလား 


ရှေ့တခုက အတူယှဉ်တွဲနေတဲ့ ပတ်ဝန်းကျင်ကိုဒုက္ခပေးတတ်ပြီး 


ဒုတိယတခုက သူ့ကိုသူနစ်မွန်းသွားစေတတ်ပါတယ်

ကိုယ့်ကိုယ်ကိုသေစေနိုင်တဲ့အထိ ဆုတ်ယုတ်သွားစေသည်အထိ ဘဝကိုရေဆုံမျှောလိုက်တာမျိုး 

ဥပမာ သေချင်လို့သောက်သကွာဆိုတာမျိုးပေါ့


ထို့ထက် အဆုံးအစွန်မှာတော့ သတ်သေတာမျိုးအထိလည်းဖြစ်နိုင်ပါတယ်


ဒီသုံးဆင့်အထိအတော်များများ စဉ်းစားဖူးကောင်းစဉ်းစ နိုင်ပေမယ့် ဒီကားမှာတော့ နောက်ထပ်တွေးချိန်ချင့်စရာတခုပြထားတယ်


ဘာလဲဆိုတော့ ဝါသနာ'ပါ

ကိုယ်တွေက ယောက်ျာလေးဆိုတော့ကား အမျိုးသမီးတို့ စဉ်းစားဖွယ်ရာလေးတချို့ချပြကြည့်မယ်


ကိုယ်တသက်တာလက်တွဲဖို့ ရည်ရွယ်ထားသူရဲ့ ဝါသနာကို မုချသိထားဖို့လိုအပ်ပါတယ်


စောစောကပြောတဲ့ ရုပ်ရည်ဆိုတာလည်း အမြဲမြင်နေတွေ့နေရရင် အရေးကြီးကောင်းမှကြီးတော့မယ် 

ဝင်ငွေတို့ ပစ္စည်းဥစ္စာတို့ဆိုတာလည်း ဒိုးတူဘောင်ဖက်လှုပ်ရှားရှာဖွေလို့ တိုးပွားကောင်းတိုးပွားနိုင်တယ်


အပြုအမူအကျင့်စရိုက်တို့ကလည်း ထိမ်းကြောင်းပြုပြင်လို့ရနိုင်ကောင်းတယ်


ဝါသနာကတော့ တယ်မလွယ်လှဘူး 


ယာယီအားဖြင့်ဖိနှိုပ်ထားလို့ရနိုင်ပေမယ့် ဖျောက်ပစ်ဖို့ရာက သိပ်ခက်လွန်းတယ် သက်ဆုံးတိုင်ယှဉ်တွဲနေထိုင်သွားရနိုင်တယ်ဆိုတာလည်း အထူးသတိချပ်ဖို့လိုတယ်


ဥပမာ ဘောလုံးဝါသနာပါသူပေါ့

ညဉ့်နက်သန်းခေါင်အထိ တီဗီရှေ့ကမခွာတာမျိုး တပါတ်မှာ သုံးလေးရက်ဖြစ်လာမယ်ဆိုရင်


စာဖတ်ဝါသနာပါသူဆိုရင် သူစာဖတ်နေချိန်မှာ တလောကလုံးမေ့လို့ ကိုယ်နဲ့ကြည်ကြည်နူးနူး ခွန်းတုံ့စကားဆိုဖို့ သတိမရတတ်သူဆိုလျှင်


ဆရာမဂျုး'ရဲ့ ကျွန်မချစ်သောယောက်ျားများ'ဆိုတဲ့စာအုပ်မှာတော့ ငှက်မွေးရတာ ဝါသနာပါလွန်းတဲ့ယောက်ျားကြောင့် ကိုယ်စိတ်ပင်ပန်းရပုံအကြောင်းဖွဲ့ပြထားတယ်


သူတို့ရဲ့အသံတွေ အနံ့အသက်တွေ အညစ်အကြေးတွေ 

စတာစတာတွေနဲ့ တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်တော့ကား


အလားတူ ငါးမွေးရ ဝါသနာပါလွန်းသူဆိုရင်ကော

ခွေး ၊ ကြောင် တို့ဆိုရင်ကော


ဒါမှမဟုတ် ပစ္စည်းအသစ်အဆန်းတွေ အဟောင်းနွမ်းတွေ ဖိနပ် အင်္ကျီ ဦးထုတ် စတာတို့ စုဆောင်းတတ်သူဆိုရင်ကော


ထားပါတော့ ဒီကားကတော့ လင်သားကို သဘောမကျနိုင်ဖြစ်လို့ ကွာရှင်းလိုတဲ့ ဇနီးမယားတယောက်အကြောင်းပါ


ပြစ်ချက်က ပွားလွန်းလို့ပါတဲ့

Directed by Brinda

Starring

Dulquer Salmaan

Aditi Rao Hydari

Kajal Aggarwal

.

.

ကြည့်ရန်

https://t.me/kolayinde1/128

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Hey Sinamika (2022) အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက်

 Hey Sinamika (2022) အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက် Https://www.youtube.com/@thantunlayinde  . ဘဝနှစ်ခုပေါင်းစုရာ အိမ်ထောင်ရေး...