ဉာဏ်ပညာကိုသင်းကွပ်ခြင်း (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၂)
။
ပညာရေးနဲ့ ယခုကာလကျောင်းသင်ပညာရေးကို စကားပြောမိကြရင်းတွေးစရာလေးရှိလာတယ်
ပညာကို မြန်မာအဘိဓာန်မှာတော့
၁။ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်
၂။အတတ် လို့ဖွင့်တယ်
အာဏာရှင်တို့ဟာ သူတို့အစဉ်အဆက်အုပ်စိုးနိုင်ဖို့ နံပါတ် ၁ ကို ထိမ်းချုပ်ဖို့ကြိုးစားတယ်
ဘယ်လိုလဲဆိုတော့ ပညာဖြန့်ဝေရာ လေ့ကျက်ရာဌာနဖြစ်တဲ့ကျောင်းတွေမှာ ခွဲခြမ်းသိမြင်နိုင်ခြင်းဆိုတဲ့ ကိုယ်ပိုင်ဉာဏ်အသုံးပြုခွင့်မပေးပဲ
သို့တည်းမဟုတ် ထိုဉာဏ်ကို အကန့်အသတ်အတွင်း ဘောင်တခုအတွင်းမှာသာ လှုပ်ရှားတတ်အောင် လေ့ကျင့်ပေးတယ်
ဥပမာ ကျွန်တော်၏အဖေက ဦးဘ ပဲဖြစ်ရမယ်
တခြားကွန့်မြူးချဲ့ကားတာလည်းမလိုချင်သလို
အမှန်အတိုင်း ရေးတာမျိုးကိုလည်း လက်မခံချင်ဘူး
အမှတ်မပေးဘူး အသိအမှတ်မပြုဘူးပေါ့
ဒီလို သူတို့ခိုင်းတဲ့အတိုင်း တနည်း ညွှန်ကြားတဲ့အတိုင်းသာ တသဝေမတိမ်းလုပ်ဆောင်တတ်တဲ့ မျိုးဆက်တွေကိုအလိုရှိတယ်
သူတို့က အကြောင်းအကျိုးချင့်ချိန်တာမျိုး
လုပ်အပ်မလုပ်တွေးတောတာမျိုး
လုပ်သင့်မလုပ်သင့်သုံးသပ်သူမျိုးတွေ မလိုချင်ဘူး
တနည်းအားဖြင့် ထိုသူတွေများလာရင် ဓားမိုးပြီးအုပ်စိုးလို့မရတော့မှာစိုးတယ်
ခိုင်းတဲ့အတိုင်း လုပ်ဆောင်ပေးမယ့်သူမျိုးသာ
လိုအပ်တယ် လိုချင်တယ်
ခုချိန်ခါ ပိုပြီးစဉ်းစားရလွယ်တယ် ဘယ်လိုလဲဆိုတော့ ဝမ်းရေးအတွက် လှုပ်ရှားနေကြတဲ့ပြည်သူတွေကိုနှိုပ်ဆက်
စိုက်ပျိုးထွန်ယက်နေတဲ့ တောင်သူကြီးတွေကိုအနိုင်ကျင့်
ဖြူစင်တဲ့ကလေးကငယ်တို့သာရှိတဲ့ ကျောင်းတွေအပေါ်
ခန္ဓာကိုအပိုင်းပိုင်းပြတ်သွားစေတဲ့ ဗုံးဆံကျဲချခြင်းတွေက
သာမန်ပကတိနှလုံးသားနဲ့ဆိုရင်တောင် လုပ်နိုင်ခဲတာတွေမဟုတ်လား
ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း
တွေးတောသိမြင်နိုင်စွမ်း
စာနာနားလည်းနိုင်စွမ်း အနည်းငယ်မျှလောက် သင်ယူခဲ့သူဆိုလျှင်တောင်
ပြုသင့်မပြုသင့်
လုပ်အပ်မလုပ်အပ် သိမြင်နိုင်ကြမှာ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment