သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, August 12, 2025

မသာကို ဘယ်သူတန်ခိုးထည့်ပေးသလဲ


 

Https://www.youtube.com/@thantunlayinde 

ကိုဝင်းဦး'ဖတ်ပြထားတဲ့ ဒို့အညာ'ယူကျုချန်နယ်က စာရေးဆရာ John B.Noss ရဲ့ စာအုပ်ကို 

ဆရာဆန်းလွင်'ဘာသာပြန်ထားတဲ့ လူတို့ကိုးကွယ်ရာ ဘာသာကြီးများဆိုတဲ့ စာအုပ်လေးရဲ့အစပိုင်းမှာ


ကိုးကွယ်မှုရယ်လို့ဖြစ်မလာခင်က 

အကြောက်တရားကြောင့်အားကိုးရာရှာခဲ့ကြတယ်တဲ့


ဘာကိုကြောက်ခဲ့ကြလဲဆိုတော့ သဘာဝအင်အားစုတွေပါ

မြေ ရေ လေ မီး မိုး လျှပ်စီး မိုးကြိုး စတာတွေပေါ့


ဒါတွေရဲ့ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန်ခံစားလာရချိန်မှာ လျော့ပါးစေဖို့ သက်သာစေဖို့ ချော့တဲ့သဘော တင်မြှောက်ပသခဲ့ကြပါတယ်တဲ့


ဒီသဘောဒီအယူအဆက ဗုဒ္ဓစာပေတွေမှာလည်းတွေ့ရတယ် အကြောက်တရားကြောင့် အားကိုးရာရှာခြင်းက ကိုးကွယ်ရာ ဘာသာများမထွန်းကားခင်ကာလမှာ ရှိခဲ့တယ်ဆိုတာကိုပါ


စိတ်ဝင်စားစရာက ဒီမူလအစကြောက်ရွံ့လို့ပူဇော်ကြတာတွေက ပုဂ္ဂိုလ်ကိုမဟုတ်ဘူးဗျ စောစောကပြောတဲ့ သဘာဝအင်အားစုတွေကို တနည်း သဘာဝစွမ်းအားတွေကိုပါ


ဒီကာလတွေအထိ မသာ (လူသေအလောင်းကောင်) တွေနဲ့ပတ်သက်လို့ ထူးထွေရှိခဲ့ကြဟန်မတူ


နောက်ကာလတခုကြာမှာ သဘာဝအင်အားစုတွေက သူ့အလိုအလျှောက်ဖြစ်တည်တာမဟုတ်ဘဲ 


ထိုအရာကိုစိုးပိုင်တဲ့အရှင်ရဲ့ အမျက်မာန်ကြောင့်ဖြစ်ပေါ်လာခဲ့ရတာ သူမကြိုက်တာကိုလုပ်ဆောင်မိလို့ ဒါဏ်‌ခတ်ခံရတာမျိုးလို့ယုံကြည်လာကြတယ်


ဒီကတဆင့် ထိုစိုးပိုင်သူအရှင်တွေရဲ့ သီးသန့်နေထိုင်ရာဘုံတခုကို စိတ်ကူးစေစားကြရင်း ကောင်းကင်ဘုံဆိုတဲ့ အယူအဆ လူတို့ကြားမှာပျံ့နှံ့လာပါတယ်


ထိုဘုံဌာနကိုသာမန်လူသားတို့လည်း ရောက်ရှိနိုင် ခံစားနိုင်တယ်လို့ ထပ်ဆင့်တွေးခေါ်လာကြရာက လူတယောက်ရဲ့ သေပြီးအခြားတဖက်ကို ကြံဆလာကြတယ်


ဒီအယူအဆရှိလာချိန်မှာတော့ စောစောကလို အကြောက်တရားကြောင့် ကိုးကွယ်ရာရှာခြင်းမျိုးမဟုတ်တော့ဘဲ သေလွန်ပြီးအခြားတဖက်မှာ သုခချမ်းသာရဖို့ဆိုတဲ့ ဘာသာရေးဆန်တဲ့အတွေးမျိုးရှိလာပြီလို့ ဆိုရမှာပါ


လူတယောက်က သေလွန်ပြီးချိန်မှာ ခန္ဓာကသာအသက်မဲ့သွားပြီး ထိုခန္ဓာအတွင်းက ဝိညာဉ်လေးက အခြားခန္ဓာတခုမှာ ဆွဲကပ်သွားတဲ့သဘောပေါ့ 


ရှေးဗမာတို့ယူဆကြသလို လောက်လန်းသဖွယ်ဝိညာဉ်တွယ်ဆိုတာမျိုးပေါ့ ဒါက ဗုဒ္ဓဝါဒ ဗုဒ္ဓအယူအဆမဟုတ်တာတော့ သတိချပ်စေလိုပါတယ် 


ထားပါတော့

ဒီအတွေးအယူအဆရှိလာအပြီးမှာ အလောင်းကောင်တွေ တနည်း ဝိညာဉ်မဲ့ခန္ဓာတွေအတွက် မြေမြှပ်သင်္ဂြိုလ်ရာ အသုဘအခန်းအနားတွေက သေလွန်ပြီးအခြားတဖက်ကိုမျှော်ကိုးလို့ အထူးပြုလုပ်ရတာမျိုးဖြစ်လာပါတယ်


ဒီအထိတော့ ‌အလောင်းကောင်မှာ ထူးခြားတဲ့တန်ခိုးအစွမ်းရယ်လို့ မယ်မယ်ရရမရှိသေးပါဘူး ရှိတယ်လို့မယူဆကြသေးဘူးပေါ့


စောစောက သုခဘုံမှာစံစားနေကြတဲ့ သဘာဝစွမ်းအားတို့ရဲ့အရှင်ကို ကြေနပ်အောင် ကိုယ်စားပူဇော်ပေးသူနတ်ဆရာတို့ရဲ့ ဈေးကွက်ချဲ့ထွင်မှုအရလို့ဆိုရလေမလား


သေလွန်ပြီးနောက် ဝိညာဉ်‌လေးက ခန္ဓာအပေါ်စွဲလန်းစိတ်နဲ့ သုခဘုံဆီမရောက်နိုင်သေးကြောင်း သူ့ကိုရည်စူးလို့ ပူဇော်ပသူမှုပြုပြီးမှသာ အနှောင်အဖွဲ့တို့မှကင်းလွတ်လို့ ဆန္ဒရှိရာကို သွားရောက်နိုင်မှာဆိုတဲ့ အယူအဆတို့သွပ်သွင်းရင်း


အချို့သောဝိညာဉ်လေးတွေက မလွတ်မြောက်နိုင်ဘဲ တဝဲလည်လည်ရှိနေတတ်ခြင်းသဘောအယူအဆကြလာတယ်


ဒီအထိတော့ အဆိုပါဝိညာဉ်လေးက လူတွေကိုနှောက်ယှက်တာ ခြောက်လှန့်တာ ချီးမြှောက်တာမျိုးလုပ်ရလောက်အောင်အထိ တန်ခိုးပါဝါမရှိသေးပါဘူး 


သီးခြားဆန္ဒလေးကြောင့်သာ ရှိနေတဲ့သဘောမဟုတ်လား 

သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ နတ်ဆရာကတဆင့် ဆန္ဒရှိရာကို တောင်းဆိုတတ်ခြင်းသဘောသာရှိသေးတယ်လို့ ဆိုရမယ်


ဒီမှတဆင့် အသုဘအခမ်းအနားကို ကိုယ်စားတင်မြှောက်ပေးသူရဲ့ အစီအစဉ်အတိုင်း သတ်မှတ်တဲ့နည်းအတိုင်းပြုလုပ်ဖို့မေ့လျော့ခြင်းနဲ့ တောင်းဆိုမှုတွေကို ဖြည့်စည်းပေးဖို့ပျက်ကွက်လာရာကစလို့ 


တောင်းဆိုတတ်တဲ့သဘောလေးထက်ပိုလို့

နှောက်ယှက်တတ်တဲ့

ခြောက်လှန့်နိုင်တဲ့စွမ်းအားနဲ့ တန်ခိုးပါဝါရှိကြောင်း ကိုယ်စားလှယ်တို့ဆိုလာကြတယ်


ဆွေမျိုးနီးစပ် မတော်စပ်ပါစေ 

သူ့တို့ဆန္ဒကို ပြည့်စုံအောင်ဖြည့်စည်းပေးသူကိုလည်း ကျေးဇူးတုံ့လှယ် ချီးမြှောက်တတ်ကြောင်း သက်ဆိုင်သူတွေကိုသာမက 

နတ်ဆရာတို့က လူမှုအသိုင်းအဝိုင်းအထိ ထပ်ဆင့်ဖြန့်ကျက်လိုက်ရာကစလို့


အလောင်းကောင် (မသာ) တို့မှာ 

ခြောက်တတ်

မြှောက်တတ်တဲ့ တန်ခိုးပါဝါရရှိလာတယ်လို့ ယူဆမိပါကြောင်း

အဆိုပါစာအုပ်အားနားစဉ်ရန် 👇

https://youtube.com/playlist?list=PLHeARKKfxb_WnnPH8bHXzXjalmy7xhEAk&si=69_SiDz-F0QDmG7U

 

လူကြီးမင်းတို့ပေးသည့်အချိန်က တော်လှန်ရေးအတွက်လည်းအကျိုးရှိနိုင်စေဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာလေးကိုကြည်နိုင်

 ဆရာလေးကိုကြည်နိုင် Https://www.youtube.com/@thantunlayinde  . ဆရာလေးအကြောင်းကို ပြည့်ပြည့်စုံစုံတင်ပြထားတာက ရွာကျောင်းကခေါင်းလောင်းသံ'ဆ...