သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, July 26, 2025

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် စာအုပ်မှ မောင်'ရဲ့ စိတ်နေစိတ်ထားကို ခံစားကြည့်ခြင်း

 


🧑‍⚕️ မောင့်'ကို အဓိပ္ပါယ်ဖွင့်ကြရာမှာ 


🧑‍🏫 ငြိမ်းမောင်'က 

မင်းကဘဝမှာလိုတာအမြဲရတယ် ရအောင်လည်းလုပ်တယ် 

အေးလေး မင်းဖြစ်ချင်တာတွေလည်း အမြဲဖြစ်နေတာကိုး 'တဲ့


👧 ခိုင်'ကတော့ 

မောင်'က ဘဝကိုသူမြင်ချင်သလိုပဲမြင်တယ် 

ဒီအမြင်အတိုင်းပဲ နေထိုင်တယ်'တဲ့

Https://www.youtube.com/@thantunlayinde 

-------------------


တကယ်တော့ ဒီ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်' စာအုပ်က မောင့်ကိုပဲ မောင့်စိတ်ကူး မောင့်အတွေးကိုပဲတည်ရေးတာဆိုပေမယ့် တချို့က မောင့်စိတ်သဘောကို နားလည်ကြဟန်မတူဘူးဗျ


ခံစားချက်နောက် လိုက်နေတာမျိုးမဟုတ်ပြန်တော့လည်း ဒီလိုဖြစ်တာ အဆိုးတော့မဆိုသာဘူးရယ် 


သာမန်ချစ်ကြိုက်ကွဲညားလည်းမဟုတ်ပြန်တော့ကား ဇာတ်လမ်းသ‌ဘောက ပေါ့ပေါ့ပါးပါးမရှိတာလည်းအမှန်


ဒါပေမယ့်ဖတ်ပြီးသူတိုင်းကိုမေးကြည့် တပတ်လောက်ကတော့ ဆွေးဆွေးမြေ့မြေ့ကြီးဖြစ်နေတာရယ်


လေးငါးဆယ်နှစ် အနှစ်နှစ်ဆယ် ပြောရရင်တော့ တသက်တာပတ်လုံး သက်ဆုံးတိုင် ကိုယ်နဲ့အမြဲအတူရှိနေမယ့် မေ့ပြောက်သွားဖို့မဖြစ်နိုင်တဲ့ ကိုယ်တိုင်ဆုံကြုံခဲ့တဲ့ဖြစ်ရပ်အလား ကိုယ့်ဘဝနဲ့တသားတည်းဖြစ်သွားအောင်ထိ မေ့ဖို့ခက်သွားစေသည်အထိ ခံစားချက်တွေကို ဖြစ်ပေါ်စေတဲ့စာအုပ်မျိုး


သန်လျင်ရောက်လို့ ကုန်းလေးများတွေ့ရင် မောင်တို့ ခိုင်တို့ ငြိမ်းမောင်တို့ ဆော့ခဲ့တဲ့နေရာလေးများဖြစ်လေမလားလို့ငေးကြည့်ရင်း 


စာရေးဆရာရဲ့ စေစားရေးဖွဲ့မှုဇာတ်လမ်းဆိုတာ သိပင်သိလင့်ကစား သူတို့လှုပ်ရှားဆော့ကစားဟန်လေး မြင်ယောင်မိသည်အထိ တွေးထင်မိသည်အထိ


ထားပါတော့ ခုပြောလိုတာက မောင့်'ရဲ့စိတ်နေစိတ်ထားပါ

ရှိဖို့ခက်မယ်လို့လည်း တွေးကောင်းတွေးကြလိမ့်မယ်


-------------------


အမှန်တော့ဒီလိုဗျ


🧑‍🏫 ငြိမ်းမောင်'ထင်သလို မောင့်'ဘဝက 

အမြဲလိုတရနေတာမျိုးမဟုတ်ပါဘူး 


သူကလိုချင်တာအတွက် ကြိုးစားတယ်

တတ်နိုင်စွမ်းသမျှ အားသွန်ခွန်စိုက်လုပ်ဆောင်‌တယ် 

ဒီလိုလုပ်‌ဆောင်နေရင်းမှ အကြောင်းကြောင်းကြောင့် မရခဲ့ရင် 


ဆွေးမြေ့ကြေကွဲမနေဘူး

ညဉ်းတွားမနေဘူး

အခြားရသင့်တာ ရနိုင်တာတခုနဲ့ဖြည့်စည်းလိုက်တယ် 


မရနိုင်တာအတွက် ကြောင့်ကြစိုက်လိုအချိန်ဖြုန်းရတာမျိုး 

သူစိတ်မဝင်စားဘူး ဝါသနာမပါဘူပေါ့


ဥပမာ သူက အနီရောင်အင်္ကျီလေးကြိုက်တယ် ဒါပေမယ့်လုံးဝ ဝယ်မရ ရှာမရဘူး အပြာရောင်လေးတော့ရှိတယ်ဆိုရင် သူကအဲ့ဒါနဲ့ ကျေနပ်နိုင်တယ် 


ပိုတော့လိုချင်တာမှန်ပေမယ့် မရနိုင်တာကြီးအတွက် အချိန်ကုန်ခံ စိတ်အပင်ပန်းခံ ခံစားနေမှာမျိုးမဟုတ်ဘူး


ဒီစိတ်ကြောင့် သူကို ငြိမ်းမောင်'က လိုတာအမြဲရနေတော့ တောင်းတောင်းတတသိပ်မရှိလှဘူးလို့ထင်နေတာ 

အမှန်တော့ဘယ်မဟုတ်ပါ့မလဲ 


-------------------

https://koloneypoe.blogspot.com/2025/07/blog-post_26.html

-------------------


👧 ခိုင်'က မြင်ချင်သလိုမြင်တယ်တဲ့

ဒါတော့ဟုတ်တယ် သူ့အမြင်ကတမျိုးလို့ဆိုနိုင်ပေမယ့် ပကတိလောကမှာ ရှိနိုင်ခဲတယ်လို့တော့မဆိုနိုင်ဘူး 


တချို့ရှိသလို 

ဒီအစားအစာမှမပါရင် လုံးဝစားမဝင်ဘူး 

ဒီအရောင်မှမဟုတ်ရင် လုံးဝမလိုချင်ဘူး

ဒီ ဒီဇိုင်းမှမဟုတ်ရင် လုံးဝမကြိုက်ဘူး


ဒီသဘောသူ့မှာမရှိဘူး 

သူက plan b လို့ဆိုရမလား ဖြည့်ဆည်းရာကိုရှာနိုင်တယ် ကျေနပ်နှစ်သက်နိုင်တယ် 


ဥပမာဆိုင်မှာ ကြက်သားဟင်းနဲ့ ဝက်သားဟင်းနှစ်မျိုးသာ နှစ်ပွဲစာသာကျန်တယ်ဆိုပါစို့ သူအကြိုက်ကြက်သားမှာပြီးဖြစ်ပေမယ့် နောက်မှရောက်လာသူက ကြက်သဟင်းကိုသာ တတောင့်တတတောင်းဆိုနေမယ်ဆိုရင် ကျွန်တော့်အတွက် ဝက်သားဟင်းသာပေးပါ သူ့ကိုဒါပေးလိုက်ပါလို့ ဆိုနိုင်တယ်


ဘာကြောင့်လဲဆိုတော့ တချို့မှာရှိတတ်သလို 

ဆုံး'ဆိုတဲ့အရာသူ့မှာမရှိလို့ဘဲ အကြိုက်ဆုံးပေါ့


ဘယ်ဟင်းကို ပိုကြိုက်တယ်

ဘယ်အရောင်ကိုပိုကြိုက်တယ်

ဘယ်ဒီဇိုင်းကိုပိုကြိုက်တယ် ဒီလိုပဲရှိတယ် 


ဘာကိုအကြိုက်ဆုံး ဘယ်အရာမှမရရင် ဘယ်အရောင်မှမရရင် မလိုဘူး မယူချင်ဘူး ဒီသဘောမရှိဘူး


ဒီလိုဆိုလိုက်လို့ မလိုချင်တာ မရချင်တာမဟုတ်ဘူးနော် 

ကိုယ့်ထက်ပိုလိုအပ်နေတယ် မရမနေနိုင်ဖြစ်နေသူအတွက် ကျေကျေနပ်နပ်မျှဝေနိုင်တာမျိုးပါ


သူ့မှာ သာမန်ထက်ပိုသွားတာက 

နှလုံးသားရေးရာမှာပါ ဒီအယူအဆရှိနေတာပါ


ချစ်တဲ့သူရှိတယ်

ချစ်နိုင်သူရှိတယ်


ချစ်သင့်သူဆိုပြီး ရှိလာမယ်ဆိုရင်လည်း......

.


(( အဆိုပါစာအုပ်ကို Nway Oo Narathein ဆိုတဲ့ ယူကျုချန်နယ်မှာ အောက်ပါလင့်ကနေ သွားရောက်နားစဉ်လို့ ထောက်ပို့ရဲဘော်တယောက်အဖြစ် သင်လည်း‌တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ် 


https://youtu.be/KyY8hEKE7Uw?si=uYS9UkNfC0XAWcab 


ဪ.. ပြည်တွင်းကဆိုရင် vpn ခံဖို့လည်းမမေ့နဲ့အုံးနော 

ဒါမှလူကြီးမင်းရဲ့ အားထုတ်မှုက အဟောသိကံမဖြစ်မှာဗျ ))

စာအုပ်ဖတ်ရန်

https://t.me/c/2422370561/761

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

သင်္ဂဇာဆရာတော် စာအုပ်

သင်္ဂဇာဆရာတော် စာအုပ်‌ယူရန်