Https://www.youtube.com/@thantunlayinde
.
မသေမျှင်'လို့ဆိုလိုက်ရင် နှုတ်ကြမ်းအာကြမ်းနဲ့ လင်သားအပေါ် မောင်ဖွားအပေါ် အနိုင်ယူသူအဖြစ် မညှာတတ်သူအဖြစ် ရုတ်တရက်မြင်မိကြလေမလား
အမျိုးသမီးတို့ဘာသာဘာဝ ခေတ်အလိုက်ကြိုက်စရာ နှစ်သက်စရာလေးတွေကို ခုံမင်လင့်ကစား စာရိတ္တပိုင်းမှာတော့ပြစ်မျိုးမှဲ့မထင်သူရယ်လို့ မှတ်ကျောက်တင်ခံဝံ့သူပေါ့
ဦးတွတ်ပီ'မှာတောင် ရံခါမှာအာရုံလှည့်စား မိုက်မှားသည့်အကြံတွေပေါ်ပေါ်လာတတ်ပေမယ့် သူ့မကတော့ ဒီအပိုင်းမှာ ခြောက်ပြစ်ကင်းသူတယောက်လို့ဆိုနိုင်တယ်
ထားပါတော့
ခုပြောလိုတာက "တောင်တော်သခင်မ" ဆိုတဲ့စာအုပ်ထဲက မသေးမျှင်'ပြောတဲ့ အမျိုးသားတွေနဲ့ မကြီးပွားခြင်းအကြောင်း
ဦးတွတ်ပီ'က မမာမကျန်းဖြစ်နေလို့ အနားယူဖို့ဖြစ်လာချိန် ငွေမရှိလို့သောကရောက်နေရာ မသေးမျှင်'က မပူပါနဲ့တော် ကျုပ်မှာစုထားဆောင်းထားတာလေးတွေရှိပါတယ်လို့ပြောတယ်
ဒီမှာ ဦးတွတ်ပီ'က ဟ ငါလည်းမသိပါလား'တဲ့
ငွေစုတာပဲတော် တော်သိအောင်ပြောနေရအုံးမှာလား
ပြီးတော့ တော့်ကိုမပြောတာက တော်တို့ယောက်ျားတွေက လက်ထဲငွေယားလေးရှိရင် သောက်သောက်စားစား လောင်းကစားလေးဖက်လို့ ပျက်စီးချင်ကြတာကလား
တော့်လို မသောက်မစားတတ်သူတွေကျပြန်တော့လည်း ဒီရှိတာလေးအားကိုးလို့ အလုပ်မလုပ်ချင်တော့ဘူး ဝီရိယလျှော့လို့ အပြင်းထူသွားတတ်ပြန်ရော့ တဲ့
ဟုတ်သားပဲဗျ ကိုယ့်ကိုယ်ကိုလည်း စဉ်းစားမိတယ် အိတ်ကပ်ထဲငွေယားလေးများရှိရင် နေရထိုင်ရတယ်ရိုးတိုးရွတနိုင်တာကိုး ဘာလုပ်လို့လုပ်ချင်နေမှန်းမသိ
ပုံမှန်လည်းနေလို့ဖြစ်ပါတယ် မဝယ်လည်းဖြစ်ပါတယ် မသွားလည်းဖြစ်ပါတယ် ဒါပေမယ့် လက်ထဲငွေယားလေးရှိရင်ကျ ဒီလိုမဟုတ်တော့ဘူး တယ်လည်းစိတ်ကကမြင်းကျောထချင်တာကလားချွန်းအုပ်နိုင်ဖို့က အတော်ကိုသတိကြီးမှရနိုင်တာမျိုး
အနည်းဆုံးလက်ဖက်ရည်ဆိုင်သွားလို့ ငွေလေးအချိန်လေးဖြုန်းပြီးမှ နေသာထိုင်သာရှိသွားတာကိုး
ထို့ထက်တဆင့်တက်လို့ နည်းနည်းလေးများပိုပိုလျှံလျှံဖြစ်လာရင် ဟိုပစ္စည်းဝယ်ချင်ရတာနဲ့ ဟိုးသွားချင်ရတာနဲ့ဒီလာချင်ရတာနဲ့ ကိုယ့်အလုပ်အပေါ်မှာ ဝီရိယတို့လျှော့ကျချင်လာတယ်
နားချင်တယ် နားဖို့လိုအပ်တယ် အလုပ်လုပ်နေခြင်းကိုက ကိုယ်ချမ်းသာဖို့ဖြည့်စည်းဖို့အတွက်မဟုတ်လားဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရဲ့ဝီရိယလျှော့ကျလာမှုကို ကိုယ်တိုင်မမြင်သာအောင် မြင့်မြင့်ကာလိုက်တယ်
ဒီလိုနဲ့ မိတ်ဖက်တို့က ခါတိုင်းလိုဝီရိယစိုက်လုပ်ဆောင်မပေးလို့ငြိုငြင် ကိုယ်ကလည်း အနည်းငယ်သောစုဆောင်းထားတာလေးကနေ မာန်တက်လို့မပြုပြင်ရင်းက ဆုတ်ယုတ်ခြင်းသဘောဆီ ဦးတည်ခုတ်မောင်းမိလျှက်သားဖြစ်သွားတာမျိုးမဟုတ်လား
မသေးမျှင်ပြောတာက ဒီသဘောပါ
။
။
စာအုပ် ၁၀၀
https://t.me/kolone1/944
.
.
ဗိုက်ကလေး
https://www.facebook.com/share/p/1M3GdFtKXM/
.
.
သူကြီးဘစီ
https://www.facebook.com/share/p/16RpQG1UHc/
.
ဆရာလေးကိုကြည်နိုင်
https://www.facebook.com/share/p/18u6d8fweV/
.
.
အတီး
https://www.facebook.com/share/19EA63FS7W/
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment