သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, October 16, 2024

အဂ္ဂမဟာသရေစည်သူသတိုးသီရိပျံချီ ဥသ် (ငတိုလှိုင်ရဲ့အဆုံးသတ်-၂၃)


 အဂ္ဂမဟာသရေစည်သူသတိုးသီရိပျံချီ ဥသ် 

(ငတိုလှိုင်ရဲ့အဆုံးသတ်-၂၃)

Https://www.youtube.com/@thantunlayinde 

...

ကျုပ်သန္ဓေခါ မေမေ့ခြေမှာ

သူငါအပြိုင်ချည်း ခစားနေရာ


ဘုန်ရောင်ဝါလင်း ပါရမီရှင်မို့

သူ့ထက်ငါ ကျုပ်အတွက် 

ဂုဏ်ယူစွာ ကြုံချင်တာ

သားကိုရွေးပါ သားကိုရွေးပါ 


မြတ်သော လာခြင်း ကျုပ်သက်ဆင်းဖို့

သူသူငါ ဂုဏ်ယူစွာ ဖြည့်ချင်ကြတာ ပြည့်ချင်ကြတာ


မဟာစည် မဟာသွေး သားတော်လေးမို့ 

အရတော်များက ခစားထိမ်းကာ


ဒင်းတို့လက်အတွင်း ကြီးပြင်းရသမို့

အသွေးအရောင်အဆင်း ဆင်ဆင်တူလို့ 

တူတူပဲလို့ ပါခုံးညှိရာ 


မတူပါ မတူပါ 


သူတို့မှာ ကျွန်မျိုးမို့ 

လင်္ကာ ဝါကျ မသိရှိပါ

ဝါစာ ပီယ မရွတ်တတ်တာ

သံစဥ် ချိုမြ သီကျွေးခက်ရာ


အော်ဂလီဆန်လှ ဘဝင်မကျ အစဥ်မလှ နှုတ်ထွက်စကားက 

အ...အ....အ 


ကျွန်တော်မျိုးပေမို့ နားကလောပေသည့်

အပြစ်ရယ်မဆို ပျော်သလိုသာနေကြစေဖို့

တတ်သိအရှင် မြတ်သောဘုရင်ကျုပ်က သဘောပိုမိုစွာ ခွင့်လွှတ်ရပေရာ


ကျုပ်က ကဝိ 

ပါရမီရှိမို့ ဒင်းတို့ထက်သာ

အသံမှာချိုမြ ကြားမိခိုက်မှာ

ဟမ်... ကြားချင်ပါပကော နားစဥ်ရော ဥဩ ဥဩ


အသီးမှာ ငရုပ်

သွားရင်ခလုတ်

အသံမှာကျုပ် ထိသိခိုက်မှာ ပီတိမျက်ရေလွှမ်းမိုးစွေစွေရွာ


ခုတော့

နေမခ လေမခ ဘုံစံနန်းမှာ 

မတူမတန်အရပ်သား ဒင်းနဲ့ကင်းရာ

လုံခြုံလှည့်ကင်း အထပ်ထပ်ရစ်ကာ


ဒင်းတို့လာရင် နားကလောပေသမို့

တော်ရာရှောင်ကွင်း လှည့်ပတ်ရင်းနဲ့

နေထိုင်စံစား ပျော်ပါးရာက 


မိဘုရားခေါင်မှာ သန္ဓေခလို့

အထိမ်းတော်ရွေးဖို့


ကျုပ်တို့မောင်နှံ ရုပ်ဖျက်သက်ဆင်း ဒင်းတို့အတွင်းသို့ လာ...


.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်

 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း . သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell) "ဦး...