သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, October 16, 2024

အိမ်ထောင်ရေး - ဆရာနန္ဒသိန်းဇံ


 အိမ်ထောင်ရေး

Https://www.youtube.com/@thantunlayinde 

......................

​ရှေးအခါက ကုန်သည်တစု ကုန်သွယ်ဖို့ကန္တာရကိုဖြတ်သန်းရင်း

တညမှာ တွင်းတတွင်းကိုတွေ့ကြတယ်


တွင်းထဲကို ငုံ့ကြည့်ကြပြန်တော့ 

အပေါ်ကလရောင်နဲ့ အထဲမှာ လိုးလိုးလက်လက်ပြိုးပြိုးပျက်ပျက် အရာတွေကိုတွေ့တယ်

ဒီတော့ အဖိုးတန်ရတနာတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်


တယောက်ကိုဆင်းပြီး စနည်းနာစေတယ် ခဏကြာတော့ ထိုလူက 

ဟေ့လူတွေဆင်းမလာကျနဲ့ တွင်းထဲက ရတနာတွေမဟုတ်ဘူး အဆိပ်ပြင်းတဲ့ မြွေတွေ 

ပျိုးပျိုးပျက်ပျက် အရောင်ထွက်နေတာက ရတနာတွေရဲ့ အရောင်မဟုတ်ဘူး 

သူတို့ရဲ့မျက်လုံးတွေ ဒီအနားမှာမနေကြနဲ့ ဝေးဝေးကိုမြန်မြန်ပြေးကြတော့လို့ လှမ်းအော်ပြောတယ်


ဒါပေမယ့် အပေါ်က လူတွေက မယုံဘူး 

ဒီကောင် ရတနာတွေအားလုံး သူတယောက်တည်းအပိုင်စီးချင်လို့ ညာနေတာဖြစ်မှာပါဆိုပြီး 

နောက်တယောက်က ထပ်ပြီးဆင်းပြန်တယ်


အဲ့ဒီတယောက်ကလည်း ​ရှေ့ကလူအတိုင်း အော်ပြန်တယ်

အပေါ်ကလူတွေက ဒီနှစ်ယောက် ညှိပြီး သူတို့သာစည်းစိမ်ခံချင်လို့ ငါတို့ကိုလှည့်စားတာနေမှာ 

ငါတို့မြင်နေရသားပဲ အရောင်တလက်လက်နဲ့ ရတနာတွေကို


ဒီလိုနဲ့ တယောက်ပြီးတယောက် ဆင်းရင်း ဆင်းရင်းက 

အားလုံး မြွေတွေရှိတဲ့ တွင်းထဲမှာ ဒုက္ခအတိနဲ့ ဘဝဆုံးသွားကြတယ်


အိမ်ထောင်ရေးဆိုတာ ဒီလိုပါပဲ ​


ရှေ့က လူတွေက ဟေ့ကောင်တွေ မယူကြနဲ့ 

အိမ်ထောင်ရေးဆိုတာ မင်းတို့ထင်သလို မဟုတ်ဘူး​နော် သိပ်ဒုက္ခများတာ 

သားရဲတွင်းထဲ ခုန်ချရသလိုပဲ ပကတိထောင်ကမှ လွတ်ရက်ရှိသေးတယ်မောင် 

အိမ်ထောင်က တသက်လုံးလွတ်ရက်မရှိဘူးနော် စသည်ဖြင့်ပြောကြတာပဲ 


ဒါပေမယ့် နောက်လူတွေက ဘယ်ယုံမလဲ 

ဒီလူကြီးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောမယ်သာပြောတာပါကွာ သူတို့ကယူပြီးမှကိုး

လို့တွေးပြီး ယူကြ


တခါ နောက်လူကိုလည်း ရှေ့လူစကားအတိုင်း​​ပြောကြ


ဒီလို မယုံမယုံနဲ့ တွင်းထဲကို ခုန်ခုန်ချနေကြတာ ဒီနေ့ထက်ထိပဲ 

နောက်လည်း ခုန်ချကြအုံးမယ်မဟုတ်လား


ဆရာနန္ဒသိန်းဇံ စာအုပ်မှ

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်

 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း . သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell) "ဦး...