သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, October 16, 2024

မြတ်ဗုဒ္ဓ ၏ လက်ယာတော်ရံ ပညာဧတဒဂ် ခေမာထေရီ (တေးအလင်္ကာ)

မြတ်ဗုဒ္ဓ ၏ လက်ယာတော်ရံ ပညာဧတဒဂ် ခေမာထေရီ 
(တေးအလင်္ကာ)
..
မြတ်ဘုရားဘဂဝါ လက်ယာက
ပညာအရာ အဂ္ဂသာဝက အရှင်မြတ်သာရိပုတ္တရာ

ထိုနည်းတူစွာ မိခေမာဟာ
အမျိုးသမီးထဲက ပညာထက်စွာ
မြတ်​ဗုဒ္ဓရဲ့သာသနာမှာ ထေရီ ထေရီရယ်လို့ အဂ္ဂမဟာ ပညာ...အရာ

..
ဘုရင် ဗိန္ဗိသာရရဲ့ ဇနီးအလှကညာ
လှဆဲ လှမြဲ ဆင်းရုပ်ပေါ်မှာ ကြည်နူးနှစ်သက် စွဲညှိတဏှာ

မြတ်ဘုရားဒေသနာတွေက 
ခန္ဓာကောင်ယုတ်အကောင်ပုတ်လို့ ဆင်းလှပေါ်မှာ အပြစ်ရှာ ...

ချစ်စရာမရှိ ရွံဖွယ်အတိတဲ့
မတွေ့လိုပါ မတွေ့လို့ပါ
.....
အလှမာန်ရစ်တဲ့ ဇနီးအလှကို
မြတ်ဘုရားထံမှောက် ဖူးမျှော်ရောက်ဖို့ 

ဘုရင်ကြီးအကြံ သဘင်သည်ထံသို့ 
ဝေဠုဝန်ကျောင်းရဲ့ သာယာပုံကို လှပပုံကို သီကြွေးဖို့စေရာက
ဤတေးကဗျာ ဂါထာဖြစ်ပေါ်လာ
...
ရမ္မံ ဝေဠုဝနံ ယေန
န ဒိဋ္ဌံ သုဂတာလယံ
န တေန နန္ဒနံ ဒိဋ္ဌံ
ဣတိ မညာမသေ မယံ

ယေန ဝေဠုဝနံ ဒိဋ္ဌံ
နရ နန္ဒန နန္ဒနံ
သုဒိဋ္ဌံ နန္ဒနံ တေန
အမရိန္ဒ သုနန္ဒနံ

ဝိဟာယ နန္ဒနံ ဒေဝါ
ဩတရိတွာ မဟီတလံ
ရမ္မံ ဝေဠုဝနံ ဒိသွာ
န တပ္ပန္တိ သုဝိမှိတာ

ရာဇပုညေန နိဗ္ဗတ္တံ
ဗုဒ္ဓပုညေန ဘူသိတံ
ကော ဝတ္တာ တဿ နိဿေသံ
ဝနဿ ဂုဏသဉ္စယံ။
...
ဝေဠုဝန်ကျောင်းတော်ရာ လှပပုံဆန်း ဆန်းကျယ်လှစွာ
တာဝတိံသာက နန္ဒဝန်ဥယျာဥ်ကို
ရောက်ဖူးလိုကြ မြင်ဖူးလိုက လာပါ လာပါ 

မြတ်ဘုရားစံရာ ဒီကျောင်းတော်ရာ...

ဖူးမျှော်ရောက်လာ နတ်ပြည်ဘုံသားတို့
ကျောင်းတော်ရာကို တွေ့မြင်ခိုက်မှာ 

မင်သက် ဘဝင်ထက် နှစ်သက်သမို့
သူတို့နတ်ရွာ မပြန်ချင်ကြပါ မပြန်လိုတော့ပါ

ဒီတေးဂါထာ 
နန်းတော်အတွင်းပျံ့သင်းလှသမို့ ​ ဝေဠုဝန်သို့ လှမ်းခဲ့ပါပေါ့ မိခေမာ
...
သို့သော်.. 
မြတ်ဘုရားနဲ့ မတွေ့လိုသမို့ 
မဆုံအောင် မကြုံအောင် အချိန်အခါရွေးလို့အလာ

သတ္တဝါတို့ ပါရမီနုရင့် သင့်သည့်အချိန်ကို
စဥ်မြဲ 
ထောက်ဆ 
ဆုံးမဖို့ရာ 

ဉာဏ် ပညာနဲ့ ထောက်ရှုခိုက်မှာ

မိခေမာကိုမြင်သမို့
ခြွေချွတ်ဖို့ရာ စောင့်ဆိုင်းနေရှာ လောကဝိ မြတ်သောဘဂဝါ

...
ဆင်းလှပေါ်မှာ မိန်းမူးလို့သာ ဥပါဒါန်မို့ ခြွေချွတ်ဖို့ရာ
နိမ္မိတကညာ ဖန် ဆင်းကာ ရှေ့တော်ပါးမှာ ခစားစေတာ

ထို ပျို ကညာ 
လှခန္ဓာက
ကြည့်ဆဲအခိုက်မှာ လှမြဲမကြာ
ယိုယွင်းပြိုကျ အိုမင်းလေမှ 

မတင့်လေမှ မတင်ရယ်စွ
ရွံစရာ ရွံစရာ

ထက်အံတက်လို့ အောက်ယိုဆင်းကာ
ကိုးပေါက်ဒွါရ ထွက်လေသမျှ 
မသတီစရာ မသတီစရာ

ထွီ... ဒီအကောင်ပုတ်..ခန္ဓာ
...
ထိုမှ ထိုမှ ခန္ဓာဉာဏ်ပေါက် အမှန်ရောက်လို့
မြတ်ဘုရားလက်ယာ အဂ္ဂမဟာ ခေမာထေရီ ဖြစ်ပေါ် ...လာ
.
နန္ဒမာလာထေရ်ဆရာရဲ့ ဒေသနာအစဥ်မှ
တေးပြုလို့စာကိုစီတာ

ပညာအရာကျော် ထေရီ ထေရီ မှ စ
ဒေသနာတွေကို သင်ယူပို့ချထေရ်ဆရာများနှင့်

ဖွေရှာတွေ့ရှိ ဓမ္မအသိရှင် 
လောကတခွင်မှ အနှိုင်းမဲ့ဆရာ ဗုဒ္ဓမြတ်စွာ ရည်စူးလို့သာ
သန်းထွန်းလေး မှ ပူဇော် ပူဇော်.......တာ
..
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်

 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း . သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell) "ဦး...