သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, January 7, 2024

အဓိပတိပစ္စယော


 အဓိပတိပစ္စယော

..

ကလေးတယောက်ကိုမေးကြည့် ကြီးရင်မင်းဘာလုပ်မလဲ

ချက်ခြင်းဆိုသလို သူဖြေလိမ့်မယ်


ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စသည်ဖြင့်ပေါ့


ဒါပေမယ့် သေသေချာချာစိစိစစ်စစ် ထပ်မေးကြည့်

သေချာလား တကယ်ဖြစ်ချင်တာလားဆိုရင်

အများစုက ဝေဝါးသွားပါလိမ့်မယ်


သူရဲ့ အမှန်တကယ်ပြင်းပြတဲ့ ဆန္ဒရှိရာမဟုတ်ဘူးလေ..

ဒါကြောင့်ပဲ အများစုကမဖြစ်တာပါ


ကိုယ့်စိတ်ဆန္ဒနဲ့ဝါသနာကို ငယ်စဥ်ကတည်းကသိသူ 

ဒါကိုပဲတရှိုက်မတ်မတ်လုပ်ဆောင်သူဆိုတာ ရှိနိုင်ခဲတာကို


သူသေသေချာချာနှစ်သက်သဘောကျတဲ့အရာမဟုတ်ဘဲ

မိဘ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ရုပ်သံတွေကတဆင့် သူမြင်တွေ့ကြည့်ရှုခဲ့ဖူးတဲ့

သဘောကျစရာအရာတွေမို့ပါ


ဘုရားဟောတဲ့ ဘဝကိုအောင်နိုင်သူအဖြစ်ဦးဆောင်နိုင်တဲ့ 

အခြေခံစိတ်လေးမျိုးရှိတယ် 


ပဋ္ဌာန်းပါဠိမှာ အဓိပတိပစ္စယောလို့ ရွတ်ဖူးကြတယ်မို့လား

အဲဒါပါ အဲ့ဒီစိတ်ရှိရင် ဘဝမှာအောင်နိုင်တယ် ရည်ရွယ်ရာကိုလည်းရနိုင်တယ်


၁။ဆန္ဒ

အမှန်တကယ်ပြင်းပြတဲ့ စိတ်ဆန္ဒရှိရမယ် 

ခုခေတ်အခေါ် မလုပ်ရမနေနိုင်အောင် ရူးသွပ်တာမျိုးပေါ့


၂။ဝီရိယ

ဆန္ဒရှိသည့်အလျှောက် ကိုယ့်ဝါသနာ ရှည်မှန်းချက်ကို

ကျိုးကျိုးစားစား စဥ်ဆက်မပြတ်သင်ယူရမယ် လေ့လာရမယ်

(ဘုရားဆိုရင် သူ့ရည်မှန်းချက် ဗုဒ္ဓဖြစ်ဖို့ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင်

လေ့လာခဲ့တာ သင်ယူခဲ့တာ)


၃။စိတ္တ

စိတ်ပေါ့ တခုတည်းသောစိတ်ပေါ့ အခြားအခြားသော အာရုံထွေပြားစရာ

လှည့်စားသွေးဆောင်မှုတွေနောက် ယစ်မှုးလိုက်ပါသွားတာမျိုးမဖြစ်ဖို့


၄။ဝီမံသ

သူကထပ်ဖန်တလဲလဲ စိစစ်တာ ပညာလို့ပဲဆိုပါတော့

အတန်းပညာရယ်မှမဟုတ်ပါဘူး ကိုယ်ကအဆိုတော်ဖြစ်ချင်တယ်ဆိုရင် 

ဆိုပေါက်မှန်အောင် ကီးဝင်အောင်လေ့ကျင့်တာ သံစဥ်တွေကိုလေ့လာတာ

တတ်သိနားလည်သူတွေရဲ့ ဝေဖန်မှုကိုခံယူလို့ ကိုယ့်ကိုယ်ကိုစမ်းစစ်တာ ဒါမျိုးပေါ့


ဒီစိတ်လေးမျိုးနဲ့ပြည့်စုံရင် 

ရည်ရွယ်ရာကို ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်


ဒါကြောင့်ပဲ အဓိပတိလို့ ခေါ်တာပါ

ထိမ်းကြောင်းမောင်နှင်တတ်သူ ဦးဆောင်သူပေါ့


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...