သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 9, 2024

Parking (2023) အညွှန်း


 Parking (2023)

https://t.me/koloneypoei/1795

..

ညွှန်းရမယ်ဆိုရင်

ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးတဲ့ ကိုရွှေထူး (ပြည်) ရဲ့ ရပ်ကွက်ထဲမှာဗျာလို

တွတ်ပီလို ဓါတ်ခဲလို ဆရာသုမောင်ရဲ့ ကွမ်းစကားလို

ဆရာမခင်ခင်ထူးရဲ့စာတွေလို 


အရပ်ထဲမှာ သူလိုငါလိုတွေ့နေကျ လူတွေရဲ့စရိုက်သဘာဝနဲ့

ဖြစ်တတ်တဲ့ပြဿနာကိုအခြေတည်လို့ ဇာတ်လမ်းလေးဖွဲ့ထားတာပါ


အိမ်ငှားမိသားနှစ်စုနဲ့ ယာဥ်ရပ်နားစရာ

ကွက်လပ်လေးတခုအကြောင်းပေါ့


တယောက်ကတော့တည်ကြည်ပြီး အရပ်ကလေးစားရသူ

အသက်၆၀နီးပါး ရုံဝန်ထမ်းအရာရှိကြီးပေါ့


လာဘ်ပေးလာဘ်ယူဖို့ဝေးလို့ သူ့ဆိုင်ကယ်အစုတ်လေးနဲ့ပဲ

နေ့တဓူဝအလုပ်သွားအလုပ်ပြန်ရင်း ဝန်ထမ်းလစာလေးကို 

အရွယ်ရောက်လာတဲ့သမီးအတွက် ခြစ်ကုတ်စုလို့ တင့်တောင်းတင့်တယ်ဖြစ်ဖို့သာရာမှန်းရင်

ဂုဏ်နဲ့ဒြပ်နဲ့အရပ်ကလေးစားရသူ


နောက်တယောက်က ကုမ္ပဏီဝန်ထမ်း လူရည်မွန်ပါပဲ

ပုံမှန်အားဖြင့်တော့ ဘာမှပြဿနာမှဖြစ်လာစရာမရှိဘူး


ဒါပေမယ့် လူဆိုတာကလည်းအခက်သား 

ဦးပေါ်ဦးနဲ့မင်းတုန်းမင်းရဲ့ကြောင်လိုပေါ့


မင်းကြီးမှာကြောင်တကောင်ရှိတယ်

သူပွဲတော်တည်တိုင်း အနီးအပါးမှာ ငြိမ်သက်စွာနေနေတတ်တဲ့ကြောင်ကြီးကို

အမြဲချီးချီးပပကြွားဝါတတ်တာကိုး..


ပေါ်ဦးငါ့ကြောင်က အတိတ်ဘဝစဥ်းငယ်တဲ့ အကုသိုလ်လေးတခုကြောင့်သာ

အဟိတ်တိရိစ္ဆာန်ဖြစ်ရာတာနေမှာ အနေအထိုင်သိုသိပ်လိုက်ပုံများ ရှေ့မှာစားဖွယ်အစုံရှိတာတောင်

အိန္ဒြေမပျက်ပုံထောက် အတိတ်ဘဝကသေချာပေါက် အကျင့်ကောင်းခဲ့သူပေပဲ


^^အကြိုက်မတွေ့သေးလို့ပါဘုရားလို့^^

ဦးပေါ်ဦးက ဘယ်လိုပင်ပြန်လျှောက်ပါစေ

ဒီစကားအမြဲပြောနေတော့ နားကလောလာတဲ့ ဦးပေါ်ဦးက


တနေ့တော့ ကြွက်တကောင်ဖွက်ယူသွားပြီး မင်းကြီးစားပွဲပေါ်အလွှတ်မှာ 

ကြောင်ကြီးကဝုန်းဆိုထလိုက်လို့ ဝရုန်းသုန်းကားနဲ့ 

ဟင်းခွက်ထမင်းပွဲအားလုံး ပြန့်ကြဲသွားတော့တယ်တဲ့


ဒီပုံလိုပါပဲ ပင်ကိုအားဖြင့် 

အမြဲပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းဖော်ရွေသူတွေကိုတွေ့စုံဖူးတိုင်း

အင်း.. သူကတော့ တည်ငြိမ်ပါလား ဒေါသမကြီးပါလား လောဘမကြီးပါလား

စသည်ဖြင့် သမုတ်မိကြတယ်


ပြီးတော့ သူ့ကတော့ ဘာပြောပြောဘာလုပ်လုပ်စိတ်မဆိုးတတ်ဘူးစသည်ဖြင့်အတွေးနဲ့

မရည်ရွယ်စေသည့်တိုင် နိုင့်ထက်စီးနင်းပြုသလိုလုပ်မိတတ်တယ်


အကုသိုလ်စိတ်မကင်းသေးတဲ့ ပုထုဇဥ်အားလျော်စွာ 

သူရဲ့သည်းခံနိုင်စွမ်း စောင့်ထိမ်းနိုင်စွမ်းက

စောစောကကြောင်လို အတိုင်းအတာရှိတာမေ့လို့ပေါ့


ဆိုရိုးတခုရှိတယ် တကျပ်နဲ့လာဘ်မစားရင် တထောင်ပေးကြည့်တဲ့


တချို့တည်ကြည်မှုက အကန့်အသတ်ရှိပါတယ်

ငွေအတွက်စိတ်ချရသူကို ကာမဂုဏ်နဲ့စွယ်ရင်ကော

အမှောင်ညမှာ နှစ်ကိုယ်တည်းဆိုရင်ကော


ဒီလိုပါပဲ ကိုယ်ဝန်ဆောင်ဇနီးသည်အတွက်

သွားရေးလာရေးလွယ်စေဖို့ ကားဝယ်ရာက

ထားစရာနေရာအတွက် ကတောက်ကစလေးကစလို့

အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို


တယောက်နဲ့တယောက် ဘဝါဘဝကရန်သူတော်တွေလို

အမျိုးမျိုးသောအငြိုးတွေနဲ့ ပစ္စည်းဥစ္စာ အလုပ်အကိုင် ဂုဏ်သရေသာမက

အသက်ကိုနှုတ်ယူလိုကြသည်အထိ အမုန်းကြီးမုန်း


တဖက်မှာကမ်းပြိုရင် တဖက်မှာသောင်ထွန်းဆိုပေမယ့်


သူတို့ကတော့ ကိုယ့်အတွက်ထွန်းမယ့်သောင်မရှိလင့်ကစား

သူ့ကမ်းပြိုဖို့သာတွေးကြံရင်း ဒေါသလျှံမီးတငြီးငြီးနဲ့ 

သူတပါးလောင်ကျွမ်းဖို့ မောဟမီးခိုးတွေကြား ကန်းလို့မမြင်မိ 


ကိုယ့်ကိုအရင်ရှို့မိကြသည်အထိ ...


ထားပါတော့..

ပင်ကိုယ်အားဖြင့် တည်ကြည်စွာနေထိုင်တတ်တဲ့

ပင်စင်စားခါနီး အဖိုးကြီးတယောက်နဲ့ ရည်မွန်တဲ့လူငယ်လေးတို့ကြားက ပြဿနာက


Parking ကွင်းလေးတခုကစတာပါ

တယောက်ကိုတယောက် ပျက်စီးသွားစေလိုတဲ့အထိပေါ့...


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

ကြာနီကန်ဆရာတော် ဦးဇဋိလ

https://www.facebook.com/profile.php?id=61553891251403


ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ 

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...