သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, December 31, 2023

လမ်းလျှောက်


 လမ်းလျှောက် 

။။။။၊၊၊၊၊၊။။။။

အမှန်တော့ လမ်းလျှောက်ရမှာထက် မနက်စောစောထရမှာ 

အတော်ပျင်းတဲ့အတွက် မိတ်‌ဆွေသူငယ်ချင်း‌တွေက 

လမ်းလျှောက်ဖို့ခေါ်တိုင်း အ‌ကြောင်းပေါင်းစုံပြပြီး ငြင်းနေခဲ့တာကြာပါပြီ


အလုပ်တခု စတင်ဖို့အတော်ခက်ပြီး 

အစဉ်ပြုဖြစ်နေဖို့ စွဲစွဲမြဲမြဲလုပ်ဖြစ်ဖို့က ပိုခက်ပါတယ်


ခုရက်ပိုင်းက တရက်ထက်တရက် အအေးဓာတ်က ပိုပိုလာတော့ 

အိပ်ရာထရမှာ ပိုပိုပျင်းလာတယ် 

ဆောင်ကလေးခြုံ နွေးနွေးထွေးထွေးကွေးပြီး 

အတွေးနယ်ချဲ့ရတာကိုမှ အရသာတွေ့ ခုံမင်မိတာကိုး


အဲဒီတော့မှ ရွှေတိုင်ညွန့်ရဲ့ သီချင်းလေးသတိရအားတင်းပြီး မဖြစ်မနေထလိုက်တယ် 

သီချင်းလေးနာမည်က အကျင့်ဆိုးတဲ့


တကယ်လမ်းလျှောက်ဖြစ်လာတော့လည်း 

အိပ်စုံမှုံဝါးခြေလှမ်းတွေက လေးလေးကန်ကန် 


မြို့ပြရဲ့ ပလက်ဖောင်းဆိုတာ သိကြတဲ့အတိုင်း 

ခင်းတဲ့နေရာခင်း ပြတ်တဲ့နေရာပြတ် 

ဒီကြားထဲ ကျင်းတွေချိုင့်တွေစုံလို့နဲ့မဟုတ်လား 

နေ့ခင်းကြောင်တောင်လမ်းလျှောက်တာတောင်မှ အတော်သတိထားရတာမျိုး


အိပ်စုံမှုံဝါးဖြစ်နေတဲ့ကျွန်တော်အတွက်စဥ်းစားသာ ကြည့်ပေတော့


လျှောက်နေရင်းက  မှန်မှန်လေး ခြေထောက်ကို ကြွလိုက် 

မြှောက်လိုက် ချလိုက်နဲ့ တလှည့်စီသွားနေရာက 


ကြွရင်း မြှောက်ရင်းမှာ ချဖို့အတွက် မြေပြင်နဲ့ ထိသင့်ချိန်မှာမထိသေး 

နောက်တလက်မလောက်နိမ့်သွားသည်အထိ ခြေနဲ့မြေက ဝေးနေသေးတယ် 

သိလိုက်ပြီ မြောင်းထဲခြေလှမ်းကျွံပြီပေါ့ 


ကြောက်လန့်တကြား မျက်စိဖွင့်ကြည့်ရင်း နှစ်ပေခွဲလောက် နိမ့်အသွားမှာ 

မြေပြင်ထိမိတဲ့အတွက်  ရင်မမိတော့တယ် 


တော်သေးရဲ့ ဆိုင်တစ်ခုရဲ့ မျက်နှာစာဖြစ်တဲ့အတွက် လမ်းခင်းတဲ့ ပညာရှင်က 

အဆင်းအတက် မခက်စေဖို့ ကွက်လပ်ချန်ခင်းပေးထားတာကို 


ဒိအမြင့်ဟာ ကျန်းမာတဲ့ လူငယ်တွေအတွက် ဘာမှမဟုတ်ပေမဲ့ လူကြီးတွေအတွက် 

ဒီလိုအတက်အဆင်းမျိုး လေးငါးဆယ်ခုဆိုရင် အတော်မောဟိုက်သွားနိုင်တယ် 


သို့တည်းမဟုတ် အမှတ်တမဲ့ဆင်းရင်းက 

ခြေခေါက်သွားတာမျိုးဆိုရင်လည်း မလွယ်ကြောပဲ


ဘဝလမ်းမှာလည်း သတိတော့ထားကြဗျ 

အလိုက်သင့်လျှောက်လှမ်းနေရင်းက ရုတ်တရက်ဆိုသလို 

အပြောင်းအလဲတွေ ကြုံကောင်းကြုံနိုင်တာကိုး.....


.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

==============================

ကြာနီကန်ဆရာတော် ဦးဇဋိ

https://www.facebook.com/profile.php?id=6155389125140


ကဗျာ ဆောင်းပ

https://www.facebook.com/thanhtunlay.inde.0979987122


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9

_______

သန်းထွန်းလေး ☆ အင်းတဲရွာ

G-mail      - Koloneypoe@gmail.com

Blog         -Http://koloneypoe.blogspot.co

Youtube    -https://youtube.com/@thantunlayind

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227

================================ em  _pXO7ါး3လ==

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး

  ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး . ခုဘောလုံးပရိတ်သတ်တွေ ဆင်ပျံကြီးရယ်လို့ ခေါ်ဝေါ်ကြတဲ့ အာဆင်နယ်က ကိုယ်တွေဘောပွဲအရူးအမူး ခ...