96 (2018)
https://t.me/koloneypoei/98
...
အချစ်ဆိုတာဘာလဲ..?
စွန့်လွှတ်ချင်းတွေ ရယူချင်းတွေ အသံတွေ ရုပ်ရည်သွင်ပြင်တွေ
ထွေကာလီကာ အမျိုးမျိုးညွှန်းဆိုဖွဲ့နွဲ့ကြပေမယ့်
ဒီကားကို ကိုယ်တိုင်ရေးသားရိုက်ကူးသူဒါရိုက်တာကြီး
ပရင်ကူမာ ချမ်ဒရမ် (Premkumar Chandran)ကတော့
ချစ်နေတာကိုက အချစ်ပဲ
အချစ်ကိုက ချစ်ခြင်းရဲ့အလှပဲ
ချစ်ခြင်းအတွက်ပြီးပြည့်စုံတဲ့ စကားလုံးဆိုတာမရှိ
မည်မျှချစ်ကြောင်း စကားလုံးတွေကိုပယ်လို့
မျက်ဝန်းတွေ ..
အမူအရာတွေ..
အဖြစ်အပျက်ကလေးတွေကို စံပါယ်ပန်းကလေး သီကုံးသလို
လှလှပပ ချိတ်ဆက်ပြထားတာ သိပ်ကြည်နူးဖို့ကောင်းတယ်
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းအတွက်ဖော်ပြစရာ
မျက်ရည်နဲ့စကားလုံးလောက်သာရှိတာမှမဟုတ်တာ
စစ်မှန်တဲ့အချစ်တခုရဲ့ရသကို ဖော်ကျူးထားတာမို့
အသက်အရွယ်အပိုင်းအခြားမရွေး ကြည့်ရှုခံစားရင်း နှစ်သက်နိုင်ပေမယ့်
စိတ်ခံနဲ့ပတ်ဝန်းကျင်အနေအထား ပြသချက်တွေက
80-90 born တွေအတွက် ပိုပြီးစီးဝင်နစ်မျောသွားစေမှာပါ
ရွေ့လျှားသွားတဲ့ ကာလပရိစ္ဆေဒကို
ကောင်မလေးရဲ့ ဆံနွယ်ထက်က ပန်းလေးတွေကို ငေမောရင်း
ကုန်လွန်သွားစေတာ သိပ်လှ
(ဟိုကားတွေလို ဘယ်လောက်ကြာသော်ဆိုပြီးအလွယ်မလုပ် 😄)
မြတ်မြတ်နိုးနိုးနဲ့ နေ့စဥ်ဘဝမှာကို တခုတ်တရ
ပန်းပန်တဲ့ဓလေ့ကလည်း အိန္ဒိယနဲ့ကိုယ်တွေဆီမှာပဲ
ထွန်းထွန်းကားကားရှိဟန်တူတယ်
အခြားနိုင်ငံကကားတွေ ကြည့်ဖူးသလောက်သိပ်မတွေ့ဖူးဘူး
မင်္ဂလာဆောင်ဘာညာက လွဲလို့ပေါ့
အာဒိရှ ဘရှ်က (Adithya Bhaskar)
..
သူ့အတွက် ဒိုင်ယာလော့မလိုဘူး
မျက်ဝန်းတွေကတဆင့် ချစ်ခြင်းတွေကိုပုံဖော်နိုင်စွမ်းအံ့မခန်းဘဲ
ယောက်ျားလေးတို့ရဲ့ အချစ်ကို တွေ့ဆုံချိန်နဲ့
အချစ်အတွက် ခံစားမှုကို သူ့အကြည့်နဲ့အမူအရာတွေက
လှိုက်လှိုက်လှဲလှဲ ကိုယ်စားပြုနိုင်ခဲ့တယ်
သူက မင်းသားငယ်ဘဝပေါ့
ဂေါရီ ဂ ကစ်လျှံ (Gouri G. Kishan)
..
ငယ်ဘဝဖြစ်တဲ့ ဂေါရီ ကိုတော့ သိပ်ထူးထွေညွှန်းစရာမရှိပါဘူး
မျက်နှာလေယူဟန်မူကအစ ပြည့်စုံတာမို့ပါ
ထရီရှ ကရစ်ရှနန် (Trisha Krishnan)
..
သူမကို မကြာမကြာမြင်တွေ့ဖူးပေမယ့် မှတ်မှတ်ထင်ထင်မရှိခဲ့ရိုးအမှန်
ဒီကားမှာတော့စပေါ်လာကတည်းက
ကြည့်ရင်းကြည့်ရင်း မျက်စိမခွာနိုင်အောင်
စီးဝင်နစ်မျောနေအောင် ဆွဲဆောင်သွားတာ
ဒါကိုက သူမအလှပဲ
ညှို့ချက်ပြင်းပြင်းစူဝေစေတာမျိုးမဟုတ်ပဲ
ကြည့်ရင်းနဲ့လှလာတာ
ကြည့်နေရင်းကို ပိုလှလှတာ
တသိမ့်သိမ့်ကြည်နူးနှစ်သက်စေတဲ့ အေးချမ်းတဲ့အလှမျိူးပေါ့
ယဥ်စစအမူအယာနဲ့ ငယ်ပေါင်းကြီးမို့ မထိတထိစတာ
ခွဲခွာရတော့ ရင်းနှီးခဲ့ဖူးသူမို့ သူ့ဘဝအရေးတွေးလို့
သူမကိုချစ်နေစဲဆိုတာကိုဝမ်းသာပေမယ့် အတိတ်ထဲမှာမနစ်မွန်းလို
ပစ္စုပ္ပန်မှာ အနာဂါတ်အတွက် ရှေ့မဆက်နိုင်သူကို
ကရုဏာပိုလို့ ဘဝနဲ့ဆန္ဒကြား ဗျာများရတာတွေ
သောကရတက်ပွေရတာတွေ
ပရိတ်သတ်ကို ဝါရင့်တယောက်ပီပီ ရသစုံခံစားစေတာ
ဗီဂျေး စည်သူပသီ (Vijay Sethupathi)
..
ပိုစတာမှာ သူ့ပုံကြီးရုတ်တရက်စတွေ့တော့ တမျိုးကြီး
ဘယ်လိုပါလိမ့် ဘယ်လိုကားပါလိမ့်ပေါ့
ဒါပေမယ့် အံ့ဩစရာ ကြည့်ရင်းကြည့်ရင်း
ချစ်တတ်လွန်းသူကြီး
ချစ်နိုင်လွန်းသူကြီး
ချစ်စရာကောင်းသူကြီးအဖြစ် သဘောကျရင်းကျရင်းက
သူ့အဆင်း မဲမဲဝဝ ပုံသဏ္ဍန်ကြီးပြောက်သွားတယ်
လူဆိုးခေါင်းဆောင်ကြီးက ဆေးဆက်ကျရာ အရုပ်ထင်နိုင်တာအံ့မခန်း
ကောင်မလေးကို တည်းခိုရာလိုက်ပို့လိုအပြန် ဖုန်းလှမ်းဆက်လို့
ဘယ်ရောက်နေပြီလဲလို့ မေးရာမှာ
ငူတူတူရပ်လို့ လေးဖင့်တဲ့အမူအရာနဲ့ပြောလိုက်တာ
**မင်းထားခဲ့တဲ့နေရာမှာ ရပ်နေတုန်းပဲတဲ့**
လှလိုက်တာဗျာ
ပကတိအခြေအနေကော လက်တွေ့ဘဝကိုပါ ခြုံငုံမိတဲ့စကား အမူအရာ
..
အပိုဆုအနေနဲ့
ဓါတ်ပုံဆရာလူပျိုကြီးကို ကျိတ်ကြွေနေတဲ့ တပည့်မလေးအဖြစ်
ဘာရှ ဘိုလားမား ကိုလည်း မြင်တွေရမှာပါ
.
ဒီကားကို ကျွန်တော်တို့ရဲ့ 3 idiots ထဲက
ဖာဟန်ကြီး (R မတ်ဒီဗန် - R. Madhavan)
ပြန်ရိုက်ဖို့ မျှော်လင့်မိပေမယ့် တကယ်ထွက်လာတော့ တခြားတယောက်ပါ
ငယ်ဘဝမင်းသမီးလေး ပြန်ပါပေမယ့်
မင်းသားလေးချိန်းလိုက်တော့ အတော်ပေါ့သွားတယ်
မမှီဘူးလို့လည်း ခံစားရတယ်
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
================================
ကြာနီကန်ဆရာတော် ဦးဇဋိလ
https://www.facebook.com/profile.php?id=61553891251403
ကဗျာ ဆောင်းပါး
https://www.facebook.com/thanhtunlay.inde.09799871227
ဂီတစာဆိုမောင်ကြေးမုံ
https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO
________
သန်းထွန်းလေး ☆ အင်းတဲရွာ
G-mail - Koloneypoe@gmail.com
Blog -Http://koloneypoe.blogspot.com
Youtube -https://youtube.com/@thantunlayinde
Facebook -https://www.facebook.com/ThanTunLayANKGold09799871227
================================
No comments:
Post a Comment