သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, December 29, 2022

Rustom (မြန်မာစာတန်းထိုး)


ရပ်စတန်

အက်ရှေကူးမားရ် ရဲ့ အကောင်းဆုံးတွေထဲက တကားဆိုပါတော့

ရေတပ်အရာရှိတယောက်အဖြစ် မြင်တွေ့ရမှာပါ

journey to the center of the earth (2008)ကမ္ဘာကြီး၏အလယ်ဗဟိုသို့ ခရီးတစ်ခေါက် (မြန်မာစာတန်းထိုး)


journey to the center of the earth (2008)
ကမ္ဘာကြီး၏အလယ်ဗဟိုသို့ ခရီးတစ်ခေါက်

ကမ္ဘာကြီးရဲ့ အတွင်းပိုင်းက ဘယ်လိုများလဲ
ကမ္ဘာ့အလယ်ဗဟိုကကော ဘယ်လိုရှိမလဲ
စိတ်ကူးယဥ်ဇာတ်လမ်းဆိုပေမယ့်
အတော်ကို အတွေးကောင်းကောင်း
စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့
ဖန်တီးထားတာဖို့ ကြည့်ဖူးသင့်တဲ့ကားပါ

စစ်ခွေးနိဂုံး၂၃

စစ်ခွေးနိဂုံး၂၃
တွေးဆရည်မျှော် တပေါင်းမကျော်
ကလစ်ကျည်ဆန် ဘယ်ရင်မှန်
ကပ်ပြီးတေ့ပစ် ၂၁

နှစ်စမြန်မာရွှင်လန်းစွာနဲ့
အားမာန်ပြည့်အင် ခရီးနှင်လိမ့်

Sunday, December 25, 2022

Kamali nadukkaveri (ကမလီ)


Kamali nadukkaveri

တနိုင်ငံလုံးရဲ့ ပထမဆုရှင်ကို သဘောကျလို့
နီးစပ်ဖို့ကျိုးစားသူလေး ကမလီ

နှစ်သက်ကြည်နူးဖွယ်ကားလေးပါ
အိန္ဒိယက ကိုယ့်နိုင်ငံနဲ့ ယဥ်ကျေးမှုချင်းနီးစပ်တော့
ဒီကားတွေက ကိုယ့်ဆီကလူတွေရဲ့ အတွေးစိတ်ကူးနဲ့ သိပ်မကွာပါဘူး

အဓိက ကွာသွားတာကတော့ 
ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းတယ်
ယဥ်ယဥ်လေးနဲ့လှတယ်
မဖြစ်နိုင်တဲ့ထိုးကျိတ်ခန်းတွေ
ဇွတ်အတင်း ဟီးရိုးလုပ်နေတဲ့ကားတွေထက် ကိုယ်တွေကတော့ ဒီလိုကားမျိုး ပိုနှစ်သက်တယ်

Saturday, December 24, 2022

Teacher's diary 

ဆရာ့မှတ်စု ☆ Teacher's diary 

ကြည့်လိုက်ပါ ပေးရတဲ့ အချိန်ထက် များစွာသာလွန်တဲ့ ခံစားချက်ရမှာပါ

ဒီဇာတ်ကားက 
သဘာဝလွန်စွမ်းအားတွေ
သည်းထိတ်ရင်ဖို့ ဇာတ်ဝင်ခန်းတွေ
ကမ္ဘာကြီးကို ဖျက်ဆီးမဲ့သူတွေ 
ကာကွယ်မဲ့သူတွေ
ဂြိုလ်သားတွေ
စွမ်းရည်အထူးရှိတဲ့ ပုဂ္ဂိုလ်တွေ
ဆိုးသွမ်းမှုတွေ
ဂလဲ့စားချေမှုတွေ
ရယ်မောပျော်ရွှင်ဖွယ် ပြရုပ်တွေနဲ့ ထုံမွှမ်းထားတာမျိုးမဟုတ်ပါဘူး

ထိုင်းကားဆိုပေမယ့် ပေါက်နေတဲ့ထိုင်းကားတွေနဲ့လည်း အယူအဆခြင်းမတူဘူး
ပေါက်ဖို့ အောင်မြင်ဖို့ဆိုတာထက် ဖန်တီးသူက သူ့စိတ်ကူး သူ့အမြင်ကို စိတ်လွတ်လက်လွတ် ချပြထားတာမျိုး

မြန်မာကားတွေမှာ တွေ့နေကျအတိုင်းလိုပဲ 
ဆရာနဲ့တပည့်ဆက်ဆံရေး ဆရာတစ်ယောက်ရဲ့ ခံယူချက် 
ဆရာတစ်ယောက်ရဲ့ စိတ်ထားကို နူးနူးညံ့ညံ့ဖော်ပြထားတာမျိုးပါ

ရိုက်ကွင်းရိုက်ကွက် ကင်မရာအယူအဆတွေဟာလည်း အတော်နှစ်လိုဖွယ်ကောင်းတယ်
ငြိမ်နေတဲ့ ကင်မရာအယူအဆတစ်ခုက အဲ့ဒီလောက်အထိ နှစ်သက်စရာ ရိုက်ကွက်မျိုး ဖန်တီးနိုင်လိမ့်မယ်လို့ ဘယ်တုံးကမှ မထင်ခဲ့မိဘူး

ဒီကားကြည့်ပြီးမှပဲ သိလိုက်ရတာက ဇာတ်ကားကောင်းတစ်ခုဖြစ်ဖို့ ငွေကြေး နည်းပညာ စက်ပစ္စည်း ရုပ်ဝတ္ထု အထောက်အပံ့တွေထက် တွေးခေါ်နိုင်မှုနဲ့ ထွင်းဖောက်မြင်နိုင်စွမ်းကသာ ပိုပြီးအရေးပါမှန်းကိုပေါ့

Friday, August 12, 2022

ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားထားတဲ့ လှတောသား စကားကြွယ်


 သန်းထွန်းလေး ☆ အင်းတဲရွာ

စွန့်လွှတ်ခြင်းနှင့်အနစ်နာခံခြင်း



ဒီကနေ့ခေတ်အခါ လူမှုအသိုင်းအဝိုင်း နိုင်ငံရေး အချစ်ရေးကိစ္စတွေမှာပါ သိပ်ခေတ်စားတဲ့ သိပ်ပေါ်ပြူလာဖြစ်တဲ့ စကားလုံးက အနစ်နာခံတယ် ကိုယ်ကျိုးစွန့်တယ် ဆိုတာပါ

ဒီတော့ အဲ့ဒီစကားလုံးကို စိတ်ဝင်စားမိတယ်ဗျ သူ့ရဲ့အဓိပ္ပါယ်ကိုလည်း လက်လှမ်းမီသလောက် တွေ့ထိခံစားကြည့်မိတယ်

ဗီဒီယိုဇာတ်ကားတွေမှာတော့ လှိုင်လှိုင်တွေ့နိုင်ပါတယ် တယောက်ကောင်းစားဖို့ တယောက်ဆိုးသွားတာမျိုး နစ်သွားတာမျိုး နာသွားတာမျိုးပေါ့ 

ဒီလိုဆိုရင် 
အ လို့ နစ်တာ နာတာ မျိုးကို ခံစားရတယ်လို့ပဲ ဆိုချင်တယ်
တယောက်ပေါ်ဖို့ တယောက်နစ်နေတာမျိုး
တယောက်သာဖို့ တယောက်နာနေတာမျိုး 
တယောက်စံဖို့ တယောက်ခံနေတာမျိုးက ဖြစ်သင့်တဲကိစ္စ လက်ခံသင့်တဲ့ အတွေးအခေါ်လို့တော့ ကျွန်တော်မယူဆပါဘူး

ဥပမာ
°°°°°°

ဦးကျော်သူ
မင်းသာဘဝကနေ စွန့်ခွာပြီး ပရဟိတသမားတယောက်အဖြစ် ရပ်တည်နေတာ အများအကြိုးအတွက် သူ့ဘဝကို အနစ်နာခံသွားတယ်လို့ မယူဆချင်ဘူး ပိုပြီးကောင်းတဲ့ အခြေအနေတခုအတွက် စွန့်လွှတ်လိုက်တယ်လို့ပဲမြင်တယ် ဘာကြောင့်လည်းဆိုတော့ မင်းသား ကျော်သူထက် ခုကျော်သူက ဘာနိမ့်ကျသွားတာမျိုးမှ မရှိတာ

ကိုအောင်ဆန်း 
သူ့အမိအဖ သူ့မိသားစု သူရဲ့ ပုဂ္ဂလခံစားမှုတွေကိုစွန့်ပြီး ကျိုးပန်းဖြတ်သန်းခဲ့တဲ့ ဘဝအစိတ်အပိုင်းတွေမှာ သားလိမ္မာ ခင်မွန်းကောင်း ဖခင်ကောင်း စတဲ့ တံဆိပ်တွေထက် သာလွန်တဲ့ အရည်အသွေးမျိုးပြည့်စုံစေခဲ့တယ် သူ့မှာနစ်နာသွားတာ ဘာရှိမလဲ ကျွန်တော်ရှာမရဘူး သူ့အသိုင်းအဝိုင်းကလည်း ဒီအခြေအနေအတွက် ငြူဆူငြိုငြင်နေတာမျိုးမရှိ ကျေကျေနပ်နပ် လက်ခံတာကလည်း တကယ်လေးစားစရာ

သုမေဓာ
လက်တကမ်းက အကောင်းမွန်ဆုံး အခွင့်အလမ်းတခုကို ဆိုင်းငံ့စွန့်ပယ်ပြီး ပိုမိုကောင်းမွန်အရာကို ပိုင်ဆိုင်နိုင်ဖို့ ကျိုးစားတာဟာ နစ်နာသွားတာမျိုးမှ မဟုတ်တာ တယောက်တည်းသာမက များစွာသော သတ္တဝါတို့ကိုလည်း သူ့လို့ အခွင့်အလမ်းမျိုး ရစေချင်တယ် ဒီတော့ သူ့ကိုယ်သူဖြည့်စည်းရင်း အမြင့်ဆုံးဆိုတဲ့ အရာတစ်ခုကို ရရှိခဲ့တာမဟုတ်လား သုမေဓာထက် နိမ့်ကျသွားတာမျိုး ဘာမှမရှိတာ 

သူတို့တစ်တွေဟာ သူများကောင်းဖို့ သူတို့ နစ်သွားတာ နာသွားတာမျိုး မရှိသလို သူတို့ရဲ့ အကျိုးရလဒ်ကလည်း ယုတ်လျော့သွားတာမျိုးမှ မရှိတာ

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အနစ်နာခံတယ် ဆိုတဲ့စကားလုံးအစား ပိုမိုကောင်းမွန်တဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဘယ်စကားလုံးမျိုးသုံးသင့်သလဲ မျှဝေပေးပါအုံးဗျာ

ကြာနီကန်ဆရာတော် ဦးဇဋိလ၏ တရားတော်များ




Tuesday, August 9, 2022

လူယုတ်မာတွေဟာလည်း အချင်းချင်းညီညွတ်ကြတယ် တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်

အခုအချိန်မှာ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရမိတယ်
ဝတ္ထုနာမည်လေးက မင်္ဂလာမရှိတဲ့လူ တဲ့
(D-3 C-220)

အဲ့ဒီဝတ္ထုမှာ ဆရာက ယေဘုယသဘောထုတ်ထားတာ သိပ်ထိမိတယ်
မကောင်းတဲ့သူတွေဟာလည်း အချင်းချင်းညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်တဲ့

ဝတ္ထုဇာတ်ကြောင်းလေးကတော့
အရပ်ထဲမှာ ဘယ်သူမှဆေးဖော်ကျောဖက်မလုပ်ဘဲ မူးရူးသောက်စားလို့ ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေသူတစ်ယောက်

အဲ့ဒီလူဆိုးကြီးကို ကရုဏာသက်လို့ နေ့စဥ်နေ့တိုင်း သူအလာစောင့်လို့ ဆုံးမပြုပြင်ပေးနေတဲ့ အမေအိုတစ်ယောက်

နေ့စဥ်နေ့တိုင်းပြောဆိုဆုံးမဖန်များလာတော့ လူဆိုးကြီးလည်း လိမ္မာစဟန်ပြလာတယ် 
ဒီလိုနဲ့ လုပ်ငန်းတစ်ခုအရင်းတည်ဖို့ အမေအိုထံအရင်းအနှီးတောင်းတော့ ငါသုံးတဲ့လက်ကတုံးတောင်ဝှေ့အတက်ပေါက်ပဟဲ့ ပီတိဝေဖြာရင်း ထုတ်ပေးလိုက်တယ်

နောက်တစ်နေ့မှာပဲ လူဆိုးကြီးပန်းလာရောင်းတယ် 
အရပ်ထဲက ကလေးသငယ်ယောက်ျားမိန်းမမရွေး လမ်းမှန်ပေါ်ရောက်လာတဲ့ လူဆိုးကြီးကို ဖေးလို့မလို့ ကြိုလို့ဆိုလို့ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားဆိုလို့ ဝယ်ကြတယ် အားပေးကြတယ်

ဒီအချိန်မှာ သူသောက်နေကြ အရက်ဆိုင်က အမျိုးသမီးကလည်း ပန်းလာဝယ်တယ်
သူ့ရဲ့တုံ့ပြန်မှု့က ပြတ်သားတယ် ခင်ဗျားက ကျုပ်ဘဝကိုပျက်စီးစေတာမို့ လုံးဝမရောင်းနိုင်ဘူးတဲ့လေ

ဒီလိုနဲ့ တစ်နေ့မှာသူပေါ်မလာတာကြာလို့ အရပ်ကလူတွေ ဝိုင်းဝန်းရှာကြတော့မှ
လားလား သုဿာန်က လွမ်းသူပန်းခွေတွေကိုဖြုတ်လို့ သူလာလာရောင်းနေတာသိရတော့တယ်

ဒီတော့ အရပ်​လူတွေရဲ့ ဆဲသံရေးသံတွေ ခြိမ့်ခြိမ့်ညံသွားတော့တယ်တဲ့ 

ဒီမှာအမေအိုနေရာကနေ စာရေးဆရာကသုံးသပ်ထားတယ်
ဒါကြောင့်ဒင်းက အရက်ဆိုင်ကမိန်းမကို မရောင်းတာကို
သူ့ဘဝကိုကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင်ပေးတဲ့ ပတ်ဝန်းကျင်ကိုတော့ ဒုက္ခပေးပေမယ့် မကောင်းသူအချင်းချင်းတော့ တတ်နိုင်သမျှကာကွယ်တတ်ကြသေးတာပဲတဲ့

ကျွန်တော်တို့ရဲ့
ပြည့်သူ့အခွန်အခနဲ့ ရပ်တည်စားသောက်နေပေမယ့် ပြည်သူကိုပြန်ဒုက္ခပေးနေတဲ့ ခွေးတောင်မှကြွေးသောလက်ပြန်မကိုက်ပေမယ့် ကျေးဇူးရှင်ပြည်သူကို ရန်သူအမှတ် ထိုးထိုးဟောင်နေတဲ့ အနှိုင်းမဲ့ (နှိုင်းစရာ တိရိစ္ဆာန်ကိုမရှိလို့ပါ) လူယုတ်မာဖွဲ့အစည်းကြီးကိုမြင်တိုင်း ဒီဝတ္ထုလေးကို သတိရမိတယ်

မကောင်းသူတွေဟာလည်း အချင်ချင်းးညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်

(ဒေဝဒတ်ကိုလည်း ဘုရားလို့ထင်မှတ်ယုံကြည်သူတွေ ရှိခဲ့ဖူးတယ်မဟုတ်လား)

ဒါကြောင့်
ယခုအချိန်မှာ ပိုပိုပြီး သတိပြုမိစေဖို့ရည်ရွယ်ရင်း

Tuesday, August 2, 2022

အညာမှာသူပုန်မရှိ


ဟိုး..အရင်ကတော့ အညာလို့ပြောလိုက်တာနဲ့
ဖုန်လုံးကြီးတွေ တလိမ့်လိမ့်ထနေတာကို
လွမ်းမောဖွယ် မြင်ယောင်မိတဲ့အထိပေါ့

ဒီကနေ့ခေတ်မှာတော့
မီးခိုးလုံးတွေ တလိမ့်လိမ့်နဲ့ရယ်လို့ ပြောင်းပြောရမလို 
ပြိုတော့မယ့်မိုးလို မျက်ရည်စတွေတွဲလဲခိုလို့

မြန်မာခေတ်အဆက်ဆက် ပုဂံကစလို့ပြန်ကြည့်
မြန်မာမှာ ဗမာပြည်တကျော အညာဒေသဟာ
စစ်သည်တွေသာမွေးထုတ်တတ်တာ
ပုန်ကန်ရိုးမရှိ

ဒီနေ့ခေတ်မှာတော့ ကိုယ်မွေးထုတ်တဲ့ ခွေးစုတ်တွေက
အယုတ္တမာနဲ့ပေါင်း မှိုင်းဝလို့ထပျံ မိဘရင်စုံကန်လို့
ကိုယ့်ရပ်ရွာမီးရှို့နေလေတော့

ကျန်ရစ်တဲ့ ငယ်ပေါင်းတို့ ဒို့ရပ်ရွာအတွက် 
ဒုက္ခတွေကာကွယ်ရင် ဘဝတွေပေးရတယ်
အသက်တွေစတေးရတယ် 

အစိုးရကို ပုန်ကန်သူကိုမှ သူပုန်လို့ခေါ်တာ
ဒီကောင်တွေက လက်နက်အားကိုးနဲ့ မတရားလုယူထားတဲ့ ဓါးပြတွေ
ခုက နိုင်ငံကို ဓါးပြလက်က ကာကွယ်တာ

အညာမှာ သူပုန်မရှိပါဘူး
အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်မယ့်သူတွေပဲရှိတယ်
ရပ်ရွာကိုကာကွယ်မယ့် စစ်သည်တော်တွေပဲရှိတယ်

အညာက တော်လှန်ရင်
ပြည်သစ်တည်ထောင်ဖို့အထိ စွမ်းအားရှိတယ်ဆိုတာ
သမိုင်းလည်းရှိ အားလုံးအသိ

ဒို့ပြည်သူတွေညီရဲ့လားဟေ့....ညီတယ်ဟေ့ ညီတယ်ဟေ့
လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြရင်းက ခုတော့အသံတိတ် 
အိပ်စက်နေတဲ့ဒေသတွေအတွက် 
အညာက အညာမိခဲ့လေသလားမသိ

အာဏာရှင်လက်အောက်မှာ
မြို့ကောတောကော ပြည်မကောတောင်တန်းကောအားလုံး
မီးငွေ့ငွေ့မှာ တင်အပြုတ်ခံရတဲ့ဖားတွေလို
တဖြည်းဖြည်းဆူပွက်လာမှ
ကူးရင်းခတ်ရင်း ပျော်ရင်းပါးရင်း
ကားယားကြီးနဲ့ သေရတဲ့အဖြစ်မျိုးအထိ ဖြစ်လာမှာပါ

ဒီနေ့တွေကျော်လွှားဖို့ တော်လှန်နေကြတာ
အညာမှာ ရဲဝံ့တဲ့စစ်သည်တော်တွေသာရှိတယ်
အညာမှာ သူပုန်မရှိ

Monday, July 25, 2022

တော်လှန်ရေးအတွက် ဗိုင်းရပ်စ်ကောင်များ

 



ခေါင်းစဥ်က နည်းနည်းပြင်းထန်နေတယ်ဆိုပေမယ့်
ဒီ့အပြင် ပေးစရာမရှိဘူး

နံပါတ် ၁ အနေနဲ့က ဟော့သတင်းတွေပါ
လူစိတ်က ဟော့သတင်းတွေ ပေါ်ပြူလာတွေရဲ့ ဆုံးရှုံးမှုတွေ ကျဆုံးမှုတွေကြုံလာတိုင်း ပုံမှန်လိုအသားကျနေရာဘဝကနေ ရုတ်တရက်သတိပြန်လည်လို့ မလွတ်လပ်သေးပါလား အာဏာရှင်ရဲ့ စက်ဆုပ်ဖွယ် ရွံရှာဖွယ် အပြုအမှုတွေကို ထိတ်လန့်တုန်လှုပ်ပြီး တော်လှန်ရေးအတွက် ပါမှဖြစ်မယ် ပါချင်တယ်ဆိုပြီး လိုက်လံစုံစမ်းရင်း ငွေမကုန်လူမပမ်း အချိန်အနည်းငယ်ပေးရုံနဲ့ တော်လှန်ရေးမှာ ထိရောက်တဲ့ ပါဝင်မှုမျိုးဖြစ်တဲ့ ကလစ်ခြင်းကို သိလာကြတယ်

ဒီတော့ ထိုအခိုက်အတန့်မှာ ကလစ်ကြတယ်
၃ ရက် နည်းနည်းဇွဲပိုသူက ၅ ရက် ထို့ထက်နည်းနည်းပိုသူက ၇ ရက်
အဲ့ဒီနောက်မှာတော့ ပုံမှန်အတိုင်း နေသားတကျပြန်ဖြစ်သွားလို့ မကလစ်ဖြစ်ကြပြန်ဘူး

နံပါတ် ၂ ကတော့ ဆယ်လီတွေရဲ့ ဆွဲဆောင်မှုပါ
ဆယ်လီတယောက်ရဲ့အားဟာ ပျမ်းမျှ လူ ၁၀၀၀ ဝန်းကျင်ကို စွဲဆောင်နိုင်ပါတယ်
အပေါ်ကလိုကြီးမားတဲ့ သတင်းတွေနောက်မှာ ဆယ်လီတွေ့ရဲ့ ကလစ်ဖို့ တော်လှန်ရေးမှာပါဝင်ကြဖို့ ပို့စ်တွေ ခပ်စိတ်စိတ်ပြန်မြင်လာရမှာဖြစ်ပြီး ဒါကလည်း ၇ ရင်အတွင်း မှာ ပြန်ငြိမ်သက်သွားတတ်ပါတယ်

ကလစ်ဗိုင်းရပ်ကောင်တွေက အဲ့ဒီလို ခံစားလွယ်မေ့ပျောက်လွယ်တဲ့သူတွေပါ
ကလစ်စရာ ဝက်ဆိုဒ်တခု
App တခု ပုံမှန်အခြေအနေနဲ့ ဝင်ငွေရဖို့မလွယ်တာ ကလစ်ကာတိုင်းသိပါတယ်

ပထမဆုံး google မှာဝင်ငွေလျှောက်နိုင်ဖို့ တည်ငြိမ်တဲ့ ဝင်ရောက်သူတွေနဲ့ သတ်မှတ်တဲ့ နာရီ လူအရေအတွက် ပြည့်မီအောင် ဝင်ပေးရပါတယ် 

ချက်ခြင်းအခုလုပ် အခုရတာမျိုးမဟုတ်ပါဘူး

ဒီလိုတဖြည်းဖြည်းပေါင်းသင်ရေလောင်းရင်း အရှိန်ရလာချိန် စောစောကလို ကြီးမားတဲ့ကေ့စ်တွေ ဆယ်လီတွေရဲ့ သွေဆောင်မှုတွေနဲ့ ရုတ်တရက် လူဝင်အားစောင့်တက်ပြီး နဂိုက တရင်ကို လူ ၂သောင်းလောက် ပုံမှန်ဝင်ရောက်နေတဲ့ app က ဝက်ဆိုဒ်က လူ ၈ သောင်း ၁သိန်း ဖြစ်သွားချိန်မှာ ကိန်းဂဏန်းအားဖြင့်တော့ ရုတ်တရက်ဝင်ငွေများသလို ဖြစ်သွားပေမယ့် ၇ ရက်အတွင်းမှာ ချက်ချင်းပြန်ကျသွားတတ်တာဆိုတော့ google က ဒီappက ဒီဝက်ဆိုဒ်က ဘာလဲညာလဲ လုပ်စားလား နည်းပညာတွေနဲ့ကျော်ခွနေတာလားလို့ သံသယနဲ့ ကလစ်များတဲ့နေ့တွေအပါီအဝင် ရှေ့ရက်တွေက ပုံမှန်ရှိနေတဲ့ ရက်တွေကိုပါ စိစစ်ပြီး ငွေပေးဖို့ ရစ်ပါတော့တယ် 

ဘယ်လောက်အထိလည်းဆိုရင်
ရှေ့ရက်တွေက ကြော်ငြာတခုကို ၁၀ ပေးရင်
အဝင်များလိုက်ထိုးကျလိုက်ဖြစ်ပြီးနောက်ပိုင်းမှာ လပြည့်လို့ တကယ်ရှင်းရတော့မယ်ဆိုရင် ၅ လောက်ပဲရပါတော့တယ်

အရမ်းဆိုးရင် အပိတ်ခံရနိုင်တဲ့အထိပေါ့

အာဏာရှင်ရဲ့ လက်အောက်မှာ
မတရားသဖြင့် ညှင်းပန်းနှိပ်စက်ခံရသူတွေ
အိုးအိမ်ဆုံးရှူံးရသူတွေ အသတ်ခံရသူတွေက နေ့စဥ်ဖြစ်နေတာပါ

မင်းမကြည့်လို့ မမြင်သေးတာပါ
မင်းမထိလို့ မနာသေးတာပါ

ဒါကြောင့် ငါတို့ နေ့ရက်များစွာအချိန်ပေးတည်ဆောက်ထားရတဲ့
ကလစ် appတွေ ဝက်ဆိုဒ်တွေကို တဒင်္ဂစိတ်ခံစားမှူတွေနဲ့ လာပြီးပြီးမတိုက်ခိုက်ပါနဲ့တော့ 
ဗိုင်းရပ်စ်တို့ရေ....


Wednesday, July 13, 2022

ဟိုဖက်ကမ်းမှာ မီးထိန်ထိန်





 C ၅၂၈

ဖြူစင်တဲ့ချစ်ချင်းမေတ္တာရဲ့သင်္ကေတလို့ မှတ်ယူထားကြတဲ့ ၅၂၈


ဒီ C ၅၂၈ ကတော့ 

အာဏာရူးတယောက်ရဲ့ လက်ဝေခံအချောင်သမား NON CDM နဲ့ 

ဖွတ်ခွေး​ေ_ာမ ဒလန်တို့ရဲ့ 


 နိုင်ငံကိုဆင်းရဲတွင်းနက်စေဖို့

အတင်းအဓမ္မဖန်တီးခဲ့တဲ့ရက်ပေါင်းပါ...


သန်းထွန်းလေး □ အင်းတဲရွာ

Thursday, June 16, 2022

ပညာဆိုတာ


ကိုယ်တွေအမြင်ကတော့ ရှင်းပါတယ်
ပညာနဲ့အတန်းက တိုက်ရိုက်မှအချိုးမကျတာ

ပညာဆိုတာအရည်အရည်အချင်းပါ အတန်းမဟုတ်ဘူး

စကစကျောင်းမှာက အတန်းတော့ပုံမှန်အောင်မယ်
ဒါပေမယ့် ပညာတကယ်သင်သလားလို့ ကြည့်ရမှာပါ

(ခါတိုင်း ဆယ်တန်းကျသူတွေ ဒီအချိန်ဖြေ အောင်မှာပါ 
ကိုယ့်ကလေးက အရည်အချင်းတကယ်မရှိပဲ အောင်သွားရင် 
ဆယ်တန်းအောင်တယောက်ရဲ့ အရည်အချင်းမျိုးမရှိရင် 
အောင်လည်းအလကားပါပဲ 

ဒီလောက်ကျိုးစားမှ ဖြစ်မယ့်အရာကို ဒီလိုလေးလုပ်လည်းဖြစ်ပါတယ်ကွာဆိုတဲ့ ရေသာခိုစိတ်တောင် ဖြစ်သွားအုံးမယ် ဒါဆိုရင် အဲ့ဒီကလေး မပြင်နိုင်သမျှ တသက်လုံးလူဖြစ်ရှူံးပြီ

ဒီလိုပညာရေးက မွေးထုတ်ပေးလိုက်တဲ့ အရည်အချင်းမပြည့်မီတဲ့ ကလေးတွေလက်ထဲမှာ တိုင်ပြည်က မတွေးရဲစရာ ဆက်ဖြစ်မှာပဲ

မအလလို ကိုယ်နဲ့မထိုက်တန်တဲ့ နေရာယူချင်တာမျိုး 

Non cdm တွေလို မှန်တဲ့ဖက် မရပ်ရဲတာမျိုး နေရာပြောက်မှာစိုးရိမ်တာမျိုးတွေပဲ မွေးထုတ်ပေးနေအုံးမှာပါ ကိုယ့်မှာအရည်အချင်းရှိရင် နေရာအတွက်စိုးရိမ်စရာကိုမလိုတာပါ)

စကစပညာရေးက ဒီလို တင်းပြည့်ကျပ်ပြည့်မဟုတ်တဲ့ အရည်အချင်းမပါတဲ့ လက်မှတ်တွေပဲ ထုတ်ပေးမှာပါ

အရင်လို ဘွဲ့လက်မှတ်ကြီးကိုင်လို့ လေးငါးနှစ်လောက် ယောင်ချာချာနဲ့ဘဝတွေပြန်ရောက်သွားရင် ဘာထူးမှာလည်း ဒီတနှစ် နှစ်နှစ် အောင့်တာကလည်း ကလေးရဲ့အနာဂါတ်အတွက်ပါပဲ

ကျောင်းပြီးတာနဲ့
စစ်သားလောက်သာ ရွေးချယ်ခွင့်ရမယ့်ဘဝတွေ
အလုပ်ရဖို့ ကိုယ့်အရည်အချင်းက ဘယ်လောက်ပြည့်စုံနေပါစေ နီးစပ်ရာစွဲပေးတဲ့ဘဝတွေ 
ငွေလမ်းခင်းမှ ရမယ့်ဌာနတွေ
အရည်အချင်းထက် ဖော်လံဖားတတ်မှ တိုးမယ့်ရာထူးတွေ မြဲမဲ့နေရာတွေ
ပပျောက်စေဖို့ အားတင်းထားကြပါအုံး

ဒါကြောင့် အသက်ကြီးသွားမှာ အတန်းနောက်ကျမှာ ပူမနေပါနဲ့
နိုင်သွားရင် ထိုက်တန်တဲ့နေရာ ထိုက်တန်တဲ့အတန်းရောက်မှာ

Thursday, May 12, 2022

ငတိုလှိုင်ရဲ့အဆုံးသတ်




 သန်းထွန်းလေး □ အင်းတဲရွာ

ကလစ်နည်းအစုံ










 သန်းထွန်းလေး □ အင်းတဲရွာ

မလာပါနဲ့



 အပန်းဖြေခရီးလား

ငွေဆောင် ချောင်းသာ ကြိုက်ရာသွား

အပန်းပြေမှာ မုချ

လန်းစေမှာ စိတ်ချ


ဘုရားဖူးမတဲ့လား

စေတီဘုရား အစုံသွား

ပျော်ချင်လို့လား အဖော်မင်လို့လား 

ဒါမှမဟုတ် ကုသိုလ်လို့ပဲ တံဆိပ်တပ်မလား


ဒီအချိန်မှာ စစ်ကိုင်းဘက် ယောင်လို့တောင် ခြေဦးမလှည့်နဲ့

အိုဇုန်းလွှာအပေါက်အောက် 

တည့်တည့်ရောက်နေတာမို့


တိရစ္ဆာန်တွေလည်း သေရ

လူတွေလည်း အခြေမလှ

ရွာတွေလည်း ပြာကျ


ဗုံးသံကြောင့် မြေတုန်

ကျည်ဆန်ကြောင့် ရင်တုန်

သောကအစုံစုံနဲ့ဒီဘဝ 


ယမ်းနံ့နဲ့မီးခိုးတွေကြား

ပြေးရ လွှားရ 

အော်ရ ဟစ်ရ

သေကြ ကျေကြ

အစာငတ် ရေငတ်ဘဝတွေမို့


ဒီမှာက...

အပန်းဖြေစရာမရှိ

ပျော်စရာနတ္ထိ

သန်းထွန်းလေး □ အင်းတဲရွာ

သင်ဟာ စစ်သည် ၂၅၀၀ အားနဲ့ ညီမျှပါတယ်


ပုဂံခေတ်မှာတော့ သူရဲကောင်းတွေဖြစ်တဲ့ ကျန်စစ်သားတို့ လေးဦးကို

စစ်သည်တသိန်းနဲ့ ညီမျှတယ်လို့ အားလုံး ကြားဖူးမှတ်ဖူးကြတယ်မဟုတ်လား

ဒါဟာ ရာဇဝင်ဖြစ်သလို သမိုင်းထဲကပါ


ယနေ့မျက်မှောက်ခေတ် လက်ရှိဘဝမှာ သင့်ရဲ့ လက်ရုံးအား ဉာဏစွမ်းရည်ဟာ 

လူအယောက်၂၅၀၀စာရဲ့အားနဲ့ ညီမျှတယ်ဆိုရင်ကော 


အလွန်အမင်းမြှောက်ပင့်တာလည်းမဟုတ်သလို

ချဲ့ကားတတ်တဲ့ ပါးစပ်ရာဇဝင်မဟုတ်ကြောင်း လက်တွေ့သာဓက ပြပါရစေ..

 

မြန်မာပြည်ရဲ့လူဦးရေက သန်း ၅၀ ဆိုပါတော့

C2D ရဲ့စစ်တမ်းအရ ဒီထဲကမှ ၂သောင်းကသာ ပုံမှန်ကလစ်နေတာပါ

ဒါက လူဦးရေ ၂၅၀၀ မှာ တယောက်သာ ကလစ်တဲ့သဘောပေါ့

တနည်းအားဖြင့် သင့်ယောက်အားဟာ လူ၂၅၀၀ စာဖြစ်နေတဲ့သဘောပါ


လူ ၂သောင်းရဲ့အားက တရက်ကို ပျမ်းမျှ သိန်း၁၅၀ ရပါတယ်

ဒါဟာသင့်ရဲ့ အချိန်တွေထဲက App တခုကို အနည်းဆုံး ၁၅ မိနစ်လောက်စီဝင်ရောက်ပေးနေရုံနဲ့

ပျမ်းမျှအားဖြင့် တရက်ကို ၇၅၀ကျပ် တလကို ၂၂၅၀၀ ကျပ် 

ပုံမှန်ထောက်ပံ့လှူဒါန်းပေးနေတာဖြစ်ပါတယ်


App 4/5 ခုလောက်ကို သင်က နေ့စဥ်ကလစ်နေသူတယောက်ဆိုရင်တော့

တလမှာ တော်လှန်ရေးအတွက် PDFအတွက်

အနည်းဆုံး တသိန်းလှူပေးနေတဲ့သဘောပဲ


သန်း၅၀မှာ သန်း၃၀က အကြောင်းအမျိုးမျိုးကြောင့် မကလစ်နိုင်တဲ့အခြေအနေနဲ့

အင်တာနက်မရတဲ့နေရာတွေမှာ ရောက်နေတယ်ဆိုပါတော့

သန်း ၂၀ သာ ကလစ်နိုင်တဲ့ အခြေအနေမှာရှိတယ်ထား

သင့်ဟာ လူအယောက် ၁၀၀၀မှာ တရောက်တည်းသောကလစ်နေသူပါ

တနည်းအားဖြင့် သင်ရဲ့အားထုတ်မှုက လူ၁၀၀၀စာ ညီမျှပါတယ်


သင်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လုပ်ဆောင်နေမှုက

စစ်သည်၂၅၀၀ သို့မဟုတ် ၁၀၀၀ အားနဲ့ ညီမျှပါတယ်


တနည်းအားဖြင့်

တော်လှန်ရေးဟာ သင့်ရဲ့ကာယဉာဏအားထောက်ပံ့မှုကြောင့်

ဆက်လက်ရှင်သန်နေတာ ဖြစ်ပါတယ်


ဒီအခွင့်အရေးက အမြဲရနေမှာမဟုတ်သလို

အနာဂါတ် ညီ နှမငယ်တွေကိုလည်း လိပ်ပြာလုံစွာ

တော်လှန်ရေးမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ ပြောပြနိုင်မယ့်

ကြီးမားတဲ့ အခွင့်အရေးပါ


ခေတ်ကအပ်နှင်းလာတဲ့ တာဝန်ကို ကျေပွန်ရင်း 

အနာဂါတ်ရဲ့ သူရဲကောင်းအလောင်းလျာအဖြစ်

သင်ခံယူရဲသလား လက်ခံနိုင်သလား

လက်ခံရဲလောက်တဲ့အထိ စွမ်းအားရှိသလား ဆိုတာ

ဒီအချိန်က အဆုံးအဖြတ်ကာလပါပဲ


အနာဂါတ်မှာ မအလကိုယ်တွင်း သက်ဆင်းမယ့် ကျည်တတောင့်က

ဘယ်သူပစ်ပစ် သင်ပစ်တာပါပဲ သင်ကလစ်တာပါပဲ


သင့်ရဲ့ကလစ်တချက်က လှပတဲ့ အနာဂါတ်ခရီးတွက် ဖောက်လုပ်တဲ့ လမ်းတခု

လှပတဲ့အနာဂါတ်ပန်းချီကားအတွက် ချယ်သမယ့် စုတ်တချက်ပါ 


ဒါကြောင့်နေ့စဥ်ပုံမှန်ကလစ်နေတဲ့ သင့်အတွက်

လေးစားဂုဏ်ယူပါကြောင်းနဲ့


ကလစ်မယ်လို့ ဆုံးဖြတ်ချက်ချလာမယ့် သင့်ကိုလည်း 

မျှော်လင့်နေပါကြောင်း 


သန်းထွန်းလေး □ အင်းတဲရွာ

Tuesday, April 5, 2022

မင်းသိင်္ခ စာပေနှင့်ဂမ္ဘီရခရီး (ဒိုက်ဦး)


 သန်းထွန်းလေး □ အင်းတဲရွာ

ဖိုးတာ / မတာ ဝေါဟာရပေါ်လာခြင်းအကြောင်း


 အညာဒေသမှာတော့ အတော်တွင်တွင်ကျယ်ကျယ်ကို 

အသုံးပြုတဲ့ နာမ်စားလေး ဝေါဟာရလေးပဲဆိုပါတော့


ကျား မ သဘောဖြစ်တဲ့ ဖိုး ရယ် မ ရယ်ကို ပယ်ကြည့်လိုက်ရင်

ဘုံသဘောအားဖြင့် တာ ဆိုတာက တူညီနေတာတွေ့မှာပါ


မြန်မာတွေက ပါဠိကြိုက်ဗျ

ဆင့်ပွား၍သော်၄င်း တိုက်ရိုက်မွေးစား၍သော်၄င်း

ဗမာ့ဝေါဟာရမှာ အများကြီးစီးဝင်နေတာတွေမှာပါ


(ဥပမာ ဒုက္ခလို ပါဠိကိုပဲ တိုက်ရိုက်မွေးစားထားတာရှိသလို

စိတ္တလို့ခေါ်တဲ့ ပါဠိဝေါဟာရကို စိတ်လို့ ဆင့်ပွားထားတာလည်းရှိတယ်)


ပါဠိမှာ ကိုယ့်ရင်သွေးကို သားဖြစ်စေ သမီးဖြစ်စေ ပုတ္တလို့ ခေါ်ပါတယ်

ဒီကမှ ပုတ်ကိုပယ်လို့ တ ကို အဖျားဆွတ်ပြီး တတ လို့ ခေါ်ရင်းက 

(သီဟိုဠ် မှာဆိုရင် ဒီ တတ ဆိုတဲ့အသုံးရှိတယ်လို့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားထားတဲ့ တရားတော်မှာ နာကြားဖူးပါတယ်)


ကျားမအားလျှော်စွာ ဖိုး ရယ် မ ရယ်လို့ ခွဲခြားခေါ်ခဲ့ရင်း 

ဖိုးတာ မတာ ရယ်လို့ အသုံးပေါ်လာတယ်လို့ ထင်မြင်မိပါကြောင်း


သန်းထွန်းလေး □ အင်းတဲရွာ



Wednesday, February 16, 2022

ကိုရင် ၏ အဓိပ္ပါယ်

ထေရဝါဒဗုဒ္ဓဘာသာမှာ ဘာသာရေးရဲ့အတွင်းစည်းထဲက ဆယ်ပါးသောသီလကိုခံယူလို့ စာဝါကျက်မှတ်ရင်း သာသာနာ့အမွေခံ သာသနာ့အမျိုးကို အသက်ဆက်ရုံမက ပြန့်ပွားစည်ပင်ဖို့ သင်အံလေ့ကျက်နေကြတဲ့ အသက်နှစ်ဆယ်အောက် သာသနာ့ဝန်ကို ထမ်းရွက်နေသူတွေကို ပါဠိမှာတော့ သာမဏေလို့ ခေါ်တယ်


ဗမာလိုတော့ ကိုရင်ပေါ့


ရှေးခေတ်အခါက ဗမာအမျိုးသားများဟာ စာဝါလိုက်နိုင်ချိန် သင်္ကန်းတောင်း စသည်တို့ကို ပီပီသသရွတ်ဆိုနိုင်ချိန်မှ အများအားဖြင့် ရှင်ပြုကြတာဆိုတော့ အခုခေတ်လို လက်ပွေ့အရွယ် မတ်တတ်ပြေးစအရွယ်လောက်နဲ့ သာမဏေပြုပေးကြဟန်မတူဘူး


မိန်းကလေးက ကိုယ့်ထက်ကြီးသူကိုခေါ်တော့ ဦးရင်

ရွယ်တူကြတော့ ကိုရင် ငယ်သူကြတော့ မောင်ရင်တဲ့


နောက်က ရင် ဆိုတဲ့ စကားလုံးကလည်း မူရင်းက ရှင် များဖြစ်နေမလားမသိ

ရှင်ပြု မောင်ရှင်လောင်း (မောင်ရင်လောင်း) စသည်တို့ရှိသည့်အပြင်

တိုင်းပြည်ကို ထိမ်းသိမ်းစောင့်ရှောက်သူကို ရှင်ဘုရင်

သီလစောင့်သူမို့ သာသနာ့နွယ်ဝင်အမျိုးသမီးကို သီလရှင်

လို့ ခေါ်ဝေါ်ကြတာကြောင့်ပါ


ဒီလိုနဲ့ ကာလကြာတော့ ဦးရင်နဲ့မောင်ရင်ကပြောက်လို့

ရှင်သာမဏေတွေကို ကိုရင်လို့ပဲ ခေါ်ဝေါ်ကြပါတော့တယ်လို့ 

ထင်မြင်မိပါကြောင်း....


သန်းထွန်းလေး □ အင်းတဲရွာ


Saturday, February 12, 2022

ငတိုလှိုင်ရဲ့ အဆုံးသတ်


 (အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလံုံးတွေပါတာမို့ ကလေးများအတွက် မသင့်လျှော်ပါ)

ငတိုလှိုင်ရဲ့ အဆုံးသတ် ၂


  •   (ကြမ်းတမ်းတဲ့ ဆဲရေးတဲ့ စကားလုံးတွေပါတာမို့ ကလေးများအတွက် မသင့်လျှော်ပါ)

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...