ဝတ္ထုနာမည်လေးက မင်္ဂလာမရှိတဲ့လူ တဲ့
(D-3 C-220)
အဲ့ဒီဝတ္ထုမှာ ဆရာက ယေဘုယသဘောထုတ်ထားတာ သိပ်ထိမိတယ်
မကောင်းတဲ့သူတွေဟာလည်း အချင်းချင်းညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်တဲ့
ဝတ္ထုဇာတ်ကြောင်းလေးကတော့
အရပ်ထဲမှာ ဘယ်သူမှဆေးဖော်ကျောဖက်မလုပ်ဘဲ မူးရူးသောက်စားလို့ ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေသူတစ်ယောက်
အဲ့ဒီလူဆိုးကြီးကို ကရုဏာသက်လို့ နေ့စဥ်နေ့တိုင်း သူအလာစောင့်လို့ ဆုံးမပြုပြင်ပေးနေတဲ့ အမေအိုတစ်ယောက်
နေ့စဥ်နေ့တိုင်းပြောဆိုဆုံးမဖန်များလာတော့ လူဆိုးကြီးလည်း လိမ္မာစဟန်ပြလာတယ်
ဒီလိုနဲ့ လုပ်ငန်းတစ်ခုအရင်းတည်ဖို့ အမေအိုထံအရင်းအနှီးတောင်းတော့ ငါသုံးတဲ့လက်ကတုံးတောင်ဝှေ့အတက်ပေါက်ပဟဲ့ ပီတိဝေဖြာရင်း ထုတ်ပေးလိုက်တယ်
နောက်တစ်နေ့မှာပဲ လူဆိုးကြီးပန်းလာရောင်းတယ်
အရပ်ထဲက ကလေးသငယ်ယောက်ျားမိန်းမမရွေး လမ်းမှန်ပေါ်ရောက်လာတဲ့ လူဆိုးကြီးကို ဖေးလို့မလို့ ကြိုလို့ဆိုလို့ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားဆိုလို့ ဝယ်ကြတယ် အားပေးကြတယ်
ဒီအချိန်မှာ သူသောက်နေကြ အရက်ဆိုင်က အမျိုးသမီးကလည်း ပန်းလာဝယ်တယ်
သူ့ရဲ့တုံ့ပြန်မှု့က ပြတ်သားတယ် ခင်ဗျားက ကျုပ်ဘဝကိုပျက်စီးစေတာမို့ လုံးဝမရောင်းနိုင်ဘူးတဲ့လေ
ဒီလိုနဲ့ တစ်နေ့မှာသူပေါ်မလာတာကြာလို့ အရပ်ကလူတွေ ဝိုင်းဝန်းရှာကြတော့မှ
လားလား သုဿာန်က လွမ်းသူပန်းခွေတွေကိုဖြုတ်လို့ သူလာလာရောင်းနေတာသိရတော့တယ်
ဒီတော့ အရပ်လူတွေရဲ့ ဆဲသံရေးသံတွေ ခြိမ့်ခြိမ့်ညံသွားတော့တယ်တဲ့
ဒီမှာအမေအိုနေရာကနေ စာရေးဆရာကသုံးသပ်ထားတယ်
ဒါကြောင့်ဒင်းက အရက်ဆိုင်ကမိန်းမကို မရောင်းတာကို
သူ့ဘဝကိုကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင်ပေးတဲ့ ပတ်ဝန်းကျင်ကိုတော့ ဒုက္ခပေးပေမယ့် မကောင်းသူအချင်းချင်းတော့ တတ်နိုင်သမျှကာကွယ်တတ်ကြသေးတာပဲတဲ့
ကျွန်တော်တို့ရဲ့
ပြည့်သူ့အခွန်အခနဲ့ ရပ်တည်စားသောက်နေပေမယ့် ပြည်သူကိုပြန်ဒုက္ခပေးနေတဲ့ ခွေးတောင်မှကြွေးသောလက်ပြန်မကိုက်ပေမယ့် ကျေးဇူးရှင်ပြည်သူကို ရန်သူအမှတ် ထိုးထိုးဟောင်နေတဲ့ အနှိုင်းမဲ့ (နှိုင်းစရာ တိရိစ္ဆာန်ကိုမရှိလို့ပါ) လူယုတ်မာဖွဲ့အစည်းကြီးကိုမြင်တိုင်း ဒီဝတ္ထုလေးကို သတိရမိတယ်
မကောင်းသူတွေဟာလည်း အချင်ချင်းးညီညွတ်ကြတယ်
တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်
(ဒေဝဒတ်ကိုလည်း ဘုရားလို့ထင်မှတ်ယုံကြည်သူတွေ ရှိခဲ့ဖူးတယ်မဟုတ်လား)
ဒါကြောင့်
ယခုအချိန်မှာ ပိုပိုပြီး သတိပြုမိစေဖို့ရည်ရွယ်ရင်း
No comments:
Post a Comment