မြန်မာ လ ကတော့ *လဗဟိုပြုစနစ်* ကို အသုံးပြု သတ်မှတ်ထားပါတယ်
လဟာ ကမ္ဘာကို ပတ်မိဖို့ သာမန်အားဖြင့် ရက် ၃၀ ကြာတယ်လို့ ထင်ရပေမယ့် မဟုတ်ပါဘူး ၂၉ ရက်နဲ့ ၁၂ နာရီ (ဝါ) ၅၉ ရက်မှာ လဟာ ကမ္ဘာကို နှစ်ပတ် ပတ်ပါတယ်
တန်ခူးဟာရက်မစုံ ၂၉ ကဆုန်ဟာ ရက်စုံ ၃၀ နယုန်ဟာ ရက်မစုံ ၂၉ ဒီလို ရက်စုံ ရက်မစုံ တလှည့်စီကြာပါတယ်
ဒါကြောင့် သာမန်အားဖြင့် မြန်မာလတွေဟာ ရက်စုံ ၃၀ ရက် ၆ လရှိပြီး ရက်မဆုံ ၂၉ ရက်က ၆ လရှိပါတယ်
အဲ့ဒီရက်စုံ ၆ လနဲ့ ရက်မစုံ ၆ လကို ပေါင်းလိုက်တော့ ၃၀×၆=၁၈၀
၂၉×၆=၁၇၄
၁၈၀+၁၇၄ = ၃၅၄ ရက်ပဲရပါတယ်
မြန်မာသက္ကရာဇ် ရဲ့ ၃၆၅ ရက် ၆ နာရီ တစ်နှစ်တာစံနှုမ်းကို မှီဖို့ ၁၁ ရက်ကျော်လိုသေးတာပေါ့ ဒီတော့ အဲ့ဒီရက်တွေကို စုပေါင်းပြီး ဝါထပ်ပေးရတာပါ ။
ဝါထပ်တယ်ဆိုရာမှာလည်း ဝါကြီးထပ် ဝါငယ်ထပ်ဆိုပြီးရှိပါတယ် ။
ဝါကြီးထပ်တယ်ဆိုတာကတော့ ကဆုန် ရက်စုံ နယုန် ရက်မစုံမှ ရက်စုံ ပထမဝါဆို ရက်စုံ ဒုတိယဝါဆို ရက်စုံ ဒီလိုရက်စုံ လေးလ ထပ်တဲ့ နှစ်ကို ဝါကြီးထပ်လို့ခေါ်ပါတယ် ။
ဝါငယ်ထပ်ဆိုတာကတော့ နယုန်လ ကိုပုံမှန်အတိုင်း ရက်မစုံ အဖြစ်သတ်မှတ်ပြီး ကျန်သုံးလကိုပဲ ရက်စုံ အဖြစ်သတ်မှတ်တဲ့ နှစ်တွေကိုခေါ်တာပါ
မြန်မာ့နှစ်ကူး သတ်မှတ်မှုဟာ *နေဗဟိုပြုစနစ်* ကို အခြေပြု သတ်မှတ်ထားပါတယ် ။
ခရစ်နှစ်သတ်မှတ်မှုဟာ နေကိုအခြေပြု နေကို ကမ္ဘာက တစ်ပတ်ပတ်မိတဲ့အချိန်ကို ယူပါတယ်
* နေဗဟိုပြု * စနစ်ပေါ့
နေကို ပတ်မိဖို့အတွက် ၃၆၅ ရက် နဲ့ ၆ နာရီ ကြာပါတယ် ။
၃၆၅ ရက်ကို တစ်နှစ်လို့သတ်မှတ်တဲ့အတွက် ပိုနေတဲ့ ၆ နာရီကို ပေါင်းလိုက်တော့ လေးနှစ်အပြည့်မှာ ၁ ရက်စာ ပိုထွက်လာပါတယ် ။
အဲ့ဒီလိုနှစ်မှာ ဖေဖော်ဝါရီလရဲ့ ရက်ကို တစ်ရက်တိုးပြီး ဖေဖော်ဝါရီ ၂၉ ရက်ဆိုပြီးဖြစ်လာတာပါ ။
ဖေဖော်ဝါရီလမှာ ရက်တိုးမယ့်နှစ်ကို ကိုယ့်ဖာသာ တွက်ယူနိုင်ပါတယ် ခရစ်နှစ်ကို တည်ပြီး ၄ နဲ့စားလိုက်တာနဲ့ အကြွင်း သုံညနှစ်တွေဟာ ရက်တိုးမယ့်နှစ်တွေပါ လေးနှစ်ပြည့်ပြီးတိုင်း တစ်ရက်တိုးတယ်လို့လည်း မှတ်ယူနိုင်ပါတယ်
ဒီလိုဒီလိုကြောင်းကြောင်းတွေကြောင့် မြန်မာ့နှစ်ကူ အတာသင်္ကြန်အချိန်တွေဟာ ပုံမှန် ခရစ်နှစ်ရဲ့ ဧပြီ လထဲမှာ အမြဲကျရောက်ပြီး မြန်မာလတွေထဲမှာတော့ တစ်ခါတစ်ရံ တန်ခူးလမှာ မကျပဲ ကဆုန်လ မှာ ကျတာပါ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
No comments:
Post a Comment