သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 26, 2021

ဆရာ​အောင်သင်း၏ကဗျာ



သင်္ကြန်ခါ ရေကစားလျှင်ဖြင့်
ငြင်းဆန်ကာ မေတစ်ပါးရယ်က
ရွှေအားကို သပ်သပ်​ပြေး​လေမှ
မြတ်မြတ်က​လေး လိုက်ပက်ချင်

ဆုတ်စမ်း​နော်လို့ နှုတ်ခမ်း​တော် တကယ်စူ​တော့ 
စံပယ်ဖြူစကားဝါ သ​ပြေပန်း​တွေနဲ့
ရွယ်တူကို အသာအယာ​ရေမဖြန်းချင်ဘူး
မှန်းမလွဲ နှုတ်ခမ်းကွဲ​လောက်​အောင်
ဗွမ်းကနဲ့ပက်လိုက်ရင်

ဟဲ့....ပလုတ်တုတ်​သေနာ​ကောင်လို့
တကယ်မဟုတ်တရုတ်​ဖြေကာ​ယောင်မှ
ကြောင်​တောင်​တောင်စပ်ဖြီးဖြီးနဲ့ 
အဟီး...လို့ရယ်ကာပင်
ပျော်ရွင်မိစိတ်ဝမ်း..

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာနန္ဒသိန်းဇံ-ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း

  ဆရာနန္ဒသိန်းဇံ-ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း (နိဒါန်း) အခန်း(၁) ဝိုးတဝါးလမ်းနှင့်အတွေးအမြင်အလင်းရောင်  အခန်း (၂) တွေဝေခြင်းကိုကျောခိုင်းခြင...