သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, November 2, 2020

ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်




       ကျွန်တော်တို့လူတိုင်းနီးပါ ရင်းနှီးနေတဲ့ စကားလုံးပါ 

        ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင် အဲ့ဒီစကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ လေးလေးနက်နက် မခံစား မသိဘဲ သုံးခဲ့ကြမိတာ များမယ်ထင်တယိ

         တစ်ချို့ဆို ဟုတ်ဟန်မတူပါဘူး ငါတို့ဖြင့် တစ်ရက်လုံး ရေမသောက်ပဲ နေနိုင်တယ် တစ်ချို့ လူနာဖြင့် တစ်လကြာ ထမင်းမစားရဘူး သေမှ မသေပဲ 
        ရှေးလူကြီးတွေရဲ့ မှားယွင်း ခေတ်မမှီတဲ့ အယူအဆကြီးပါပေါ့တဲ့ 
        စသည်ဖြင့် ဝေဖန်ကဲ့ရဲ့ စကားတင်းဆိုကြတယ်

      အမှန်က ......

ရေအသက် တစ်မနက်
******************

 ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ တစ်မနက်လုံး ရေမသောက်မိတဲ့ အခါမျိုးပေါ့ အနည်းဆုံး နှုတ်ခမ်းသားတွေ ခမ်းခြောက်လာတယ် ဒီထက်ဆိုးတဲ့သူဆိုရင် နှုတ်ခမ်းသားမှာ အ​ရေလန်လာတာမျိုး ဒါဟာ ရေဓာတ် ခမ်းခြောက်လာတဲ့သဘော ရေရဲ့ အဟာရ ပြတ်တောက် သွားတဲ့ သဘောပါ

အဲ့ဒါကို ရေအသက် တစ်မနက်လို့ ခေါ်တယ်
ရေတစ်မနက် မသောက်ရင် လူသေလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ရေရဲ့ အဟာရဓါတ်က တစ်မနက်စာဘဲခံတယ် ခန္ဓာကိုယ်မှာ ရေဓါတ် ခမ်းခြောက်သွားတယ်လို့ ဆိုလိုတာပါ
       
  ဒါကြောင့် ခုခေတ်မှာ ဆရာဝန်တွေက ရေကို မကြာခဏ သောက်သင့်တယ် တစ်နေ့ကို ဘယ်၍ဘယ်မျှ သောက်သင့်တယ်လို့ ဆိုကြတာပါ

ထမင်းအသက် ခုနှစ်ရက်
*********************
         ထမင်းရဲ့ အဟာရဟာ လူ့ခန္ဓာကိုယ် အတွက် ခုနှစ်ရက်တာ အတွက်သာ အဟာရ ထောက်ပံ့ပေးနိုင်တယ် ခုနှစ်ရက်လွန်သွားရင် သေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ထမင်းရဲ့ အဟာရ ကုန်ခမ်းသွားတယ်လို့ ဆိုလိုတာပါ

ဒါ့ကြောင့် 

***************************************
ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်
***************************************

ဆိုတာ သာမန် စကားလုံးမဟုတ်ပါဘူး မြန်မာ့ရှေးလူကြီးတွေရဲ့ အင်မတန်မှ ခေတ်မှီပြီး ဆေးပညာသဘောအရ အဆင့်အတန်းမြင့်မားတဲ့ ဆိုရိုး စကားစု တစ်ခုဖြစ်ပါကြောင်း 
      လျှောက်လှဲ ထုချေပါတယ်

♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ 

သန်းထွန်းလေး 
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...