ကမ္ဘာမှာ အတော်အတန်ကြီးစိုးခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုနဲ့ ဆက်စပ်တဲ့ ပုံလေးတစ်ခုကြားဖူးတယ်
အဖေက သားဖြစ်သူအရွယ်ရောက်လာချိန်မှာ ပညာအစုံသင်ပေးပြီးနောက်မှာ အိမ်ရဲ့အနောက်ဖက်က အတော်အတန်မြင့်တဲ့ သစ်ပင်တစ်ခုကို ခေါ်သွားပြီး သစ်ပင်ရဲ့ထိပ်ဖျားအထိ တက်ခိုင်းတယ် ပြီးတော့ခုန်ချခိုင်းတယ်
သူအရပ် လေးငါးဆယ်ပြန်မက မြင့်တဲ့နေရာကဆိုတော့ ဘယ်ခုန်ချရဲပမလဲ ဒီတော့ အဖေဖြစ်သူကပြောတယ် ရဲရဲသာခုန်ချလိုက်ပါကွာ အောက်မှာ အဖေရှိသားပဲ အဖေဖမ်းထားမှာပိုဆိုပြီး လက်ကိုဆန့်တန်းထားတယ်
ဒီတော့ သားဖြစ်သူက ခုန်ချတာပေါ့ တကယ်ခုန်ချလိုက်ချိန်မှာ ဆန့်တန်းထားတဲ့ လက်ကို အဖေဖြစ်သူက ရုတ်ပစ်လိုက်တယ် သားဖြစ်သူက မြေပြင်မှာ အလူးလူးအလိမ့်လိမ့်ပေါ့
ဒီတော့မှ အဖေဖြစ်သူကပြောတယ် ငါ့သားလောကမှာ အဖေအရင်းတောင်မယုံနဲ့တဲ့
ပညာရှင်အချို့က အင်မတန်အားကောင်းခဲ့တဲ့ ဒီဂိုဏ်းကြီး ပျက်စီးသွားတာ ဒီလို အဖေနဲ့သားတောင် မယုံနဲ့ဆိုတဲ့ ယုံကြည်မှုမျဉ်းသိပ်တိုတာကြောင့်လို့ဆိုတယ်
တကယ်တော့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းသာမက နိုင်ငံရေး စီးပွားရေး အသင်းအဖွဲ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယာက် အထိုက်အလျောက်တော့ ယုံကြည်မှုထားပေးဖို့ လိုအပ်တယ်လေ
သူ့ကိုယ်မယုံ ကိုယ့်သူမယုံဆိုရင် လက်တွဲလို့မှ မဖြစ်နိုင်တာ
တစ်ချို့လည်း ရှိတတ်ပါတယ် ကိုယ်ကယုံကြည်မှုဘယ်လောက်ထားထား အကြိမ်ကြိမ်ဖောက်ဖျက်ပြီး ဘယ်လိုမှကို နေရာပေးလို့မရယူသူတွေ တွေ့ဖူးကြမှာပါ နည်းနည်းလေးအခွင့်အရေးပေးလိုက်တာနဲ့ ဗွေဖောက်လာကြတာမျိုးပေါ့
ဒါ့ကြောင့်ထင်ပါရဲ့ ရှေးဗမာ့စကားပုံမှာ
ကိုယ်ကကျူးကိုယ့်ဒူတောင်မယုံနဲ့ လို့ ဆိုခဲ့ကြတာ
တစ်ကိုယ်ထဲမှာတောင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းခွဲထားသေးတယ်
တကယ်တော့ အဖေနဲ့သားတောင် မယုံနဲ့ဆိုရလောက်အောင်အထိ ယုံကြည်မှုမျဉ်း အရမ်းတိုနေတာလည်း မကောင်းသလို လူတိုင်းကို ယုံကြည်တယ်ဆိုတဲ့အထိ ယုံကြည်မှုမျဉ်း အရမ်းရှည်နေတာလည်း မကောင်းပါဘူး
လောကသဘာဝအရ ကောင်းသူဆိုးသူ ဒွန်တွဲနေတာမို့ သင့်တင့်တဲ့ ယုံကြည်မှုမျဉ်းထားရှိနိုင်စေဖို့ ရည်ရွယ်ရင်း.....
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
No comments:
Post a Comment