သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, October 30, 2020

ကောဓ


တိုက်ရိုက်ဖွင့်ရင်တော့ အမျက်ပေါ့


ဒေါသလို ရိုက်လိုက်မယ် နှက်လိုက်မယ် အော်လိုက်မယ် ဟစ်လိုက်မ်ဆိုတဲ့ ထင်ရှားတဲ့ အမှတ်အသားမရှိပေမယ့် အားလုံးမှာ မသိမသာစွဲကပ်နေနိုင်တာမျိုးမဟုတ်လား


အကြောင်းတစ်ခုကြောင့် စိတ်မှာမျက်သွားခဲ့ရင် ပြင်ဖို့ဖျက်ဖို့ ခက်တတ်တယ်

လက်သည်းကြားဆူးဝင်သလိုပေါ့ လှုပ်မရနှုတ်မရ မျက်တက်မျက်တက် အောင့်သက်သက်နဲ့ အတော်ခံရခက်တာမျိုးပေါ့ 


သာမန်ဖြစ်ရပ်တွေမှာတောင် ငြိုငြိုငြင်ငြင် အပြစ်တင်မိရက်သားဖြစ်သွားတတ်တယ်  လွယ်လွယ်ကူကူပဲဆိုပါတော့ သူ့ဘဝသူ့အကြောင်း စာနာကိုယ်ချင်းစာပြီး ဝင်ရောက်တွေးကြည့်ပေးဖို့ကို မဖြစ်နိုင်တော့တဲ့အထိပေါ့ 


ပြင်ပြင်းထန်ထန်ပေါက်ကွဲတတ်တဲ့ သဘာဝမရှိပေမယ့် ကာလရှည်ကြာအောင် စွဲဝင်နစ်မြုပ်နေတတ်ပြီး ဆွဲနှုပ်ထုတ်ပြစ်ဖို့ခက်တဲ့ ကောဓကို သတိပြုမိဖို့ ဆန္ဒပြုရင်း....


သန်းထွန်းလေး (အင်းတဲရွာ)

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

The warrior (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း) စစ်သည်တော် . က ချင်လို့ဇာတ်ထောင်ဆိုတဲ့စကားကြားဖူးတယ်ဟုတ်

The warrior (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)  စစ်သည်တော် https://t.me/Orange2001211/13615?single . က ချင်လို့ဇာတ်ထောင်ဆိုတဲ့စကားကြားဖူးတယ်ဟုတ်...