ဒီစကားရဲ့ အဓိပ္ပါယ်လေးကို စဥ်းစားကြည့်မိတယ်
ပထမဆုံးဒီစကားရပ်ကိုနားလည်ဖို့အတွက် ပုဒ်ခွဲကြည့်မိတယ်
သင်ပုန်း + ချေ ပေါ့
ကိုယ်က ကျောက်သင်ပုန်းနှောင်းခေတ်မှာ လူဖြစ်တာဆိုတော့ သင်ပုန်းဆိုတာနဲ့က ခေတ်တစ်ခုစာကွာခြားနေတော့ သိဖို့ခက်ပြန်တယ်
ကျောက်သင်ပုန်းမှာတော့ ဘာမှသိပ်ပြီးကရိကထများလှတာမဟုတ်ဘူးရယ် ရေးချင်တာရေး ဖျက်ချင်သလိုဖျက် လက်နဲ့ဖျက်မလား အဝတ်နဲ့ပွတ်မလား ပိုပြီးရှင်းလင်းချင်ရင် ရေစွတ် တံတွေးစွတ်ပြီး ပွတ်လိုက်ရုံပဲ အင်မတန်မှလွယ်တယ်
သင်ပုန်းဆိုတာကတော့ ညီညွတ်တဲ့ ပျဥ်ပြားရဲ့မျက်နှာပြင်ကိုခေါ်တာပါ ချေတယ်ဆိုတာကတော့ မီးသွေးမှုန့်ညက်အောင်ထောင်းပြီး ထမင်းရည်နဲ့ရောနယ် အဲ့ဒီပျဥ်ပြားပေါ်မှာ မဲနက်သွားအောင် သုပ်လိမ်းရတာကို ဆိုလိုတာပါ အဲ့ဒီအပေါ်မှာမှ ကံ့ကူစံနဲ့စာရေးရတာ
ဒီတော့ သင်ပုန်းချေတယ်ဆိုတာ ရှေးရှေ့က ရေးခဲ့တဲ့စာတွေနဲ့ ပြည့်နေတာကြောင့် နောက်ထပ်ထပ်ရေးဖို့အတွက် အဲ့ဒီသင်ပုန်းပေါ်မှာရှိတဲ့ စာတွေကို ပြောက်သွားအောင် အဲ့ဒီထမင်းရည်နဲ့ဖျော်စပ်ထားတဲ့ မီးသွေးမှုန့်နဲ့ ဖုံးအုပ်ပစ်တာကိုခေါ်တာပါ ဖျက်တာမဟုတ်ဘူးနော်
ဒါကြောင့်ဖျက်တယ်လို့မခေါ်ပဲ ချေတယ်လို့ ခေါ်သလား စဥ်းစားစရာပဲဗျ
ဘာသာရေးအဆုံးအမတွေမှာဆိုရင် မေတ္တာ ကရုဏာ အားလျော်စွာ သည်းခံတယ် ခွင့်လွှတ်တယ်ဆိုတာ ထိုသူပြုခဲ့ဖူးတဲ့ အကြောင်းကိစ္စအတွက် မတုံ့ပြန်ယုံတင်မကဘူး ရင်တွင်းခံစားချက်ပါရှင်လင်းပါတယ်
ဒါကြောင့်ဘဲ ဒီစကားဟာ ပကတိလူသားတွေကြားမှာသာ အသုံးများတာမျိုးဖြစ်နိုင်တယ်ဗျ
ခွင့်လွှတ်ပါတယ် ဒါပေမယ့် မမေ့ဘူးဆိုတာမျိုးပေါ့
သဘောကတော့ အတိတ်ကပြုမူပြောဆိုလုပ်ဆောင်ခဲ့တာတွေအတွက် အတေးအမှတ်မထားဘူးပေါ့ ဒါပေမယ့် အရင်ကလုပ်ရပ်တွေကို ဘဝထဲက အပြီးဖျက်လိုက်တာမျိုးတော့မဟုတ်ဘူး နောက်ထပ်လက်တွဲလုပ်ဆောင်စရာတွေအတွက် ဖုံးအုပ်ပစ်လိုက်တာမျိုးပါ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
No comments:
Post a Comment