သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, July 23, 2020

အိ​​​န္ဒြေရှင်


..........
အသုံးပြုမှုများပေမယ့် ဒီစကားလုံးက မြန်မာစာလုံးစစ်စစ်မဟုတ်ဘူးဗျ ပါဠိကနေ တိုက်ရိုက်မွေးစားထားတာပါ အဓိပ္ပာယ်ကတော့ အစိုးရတယ် လို့ဆိုတယ်
ကျွန်တော်တို့မှာ အာရုံခံစားမှုတွေဝင်လာစရာ တံခါးခြောက်ေေပါက်ရှိပါတယ်
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုပြီးတော့ပါ အဲဒီဝင်လာတဲ့ အာရုံတွေအပေါ်မှာ နှစ်သက်မှု မနှစ်သက်မှုအားလျော်စွာ ပြုမှုတုံ့ပြန်မှုတွေက အပြစ်မဖြစ်အောင် မိမိကိုယ် နှုတ် စိတ်တို့ကို အစိုးရမှသာ အိန္ဒြေရှင်လို့ ခေါ်ထိုက်တာမျိုးပါ
မျက်စိက အမြင်အရုံအပေါ်မှာ အလွန်အမင်း နှစ်သက်စွဲလန်းမှုမျိုးဆိုတာကတော့ ဒါကိုမှ မမြင်ရရင် မနေနိုင်ဘူး ဒီဂိမ်းကို မဆော့ရမနေနိုင်ဘူး ဒီရုပ်သံဇာတ်လမ်းကို မကြည့်ရမနေနိုင်ဘူး စတာမျိုးပေါ့ မျက်စိမွဲကာမှ မွဲရော မှုံကာမှမှုံရော့ ကြည့်မှာပဲ ဆိုတာမျိုးပေါ့
လျှာမှာဆိုလည်း ဒီအစားအစာကိုမှ မစားရရင်မနေနိုင်ဘူး ဥပမာ ကိုယ်က သွေးတိုး ဆီးချိုရှိပေမယ့် ဝက်သားပါမှ စားဝင်တာ ဖြစ်လာလည်း ဆေးသောက်မယ် ဒါမှမဟုတ် ဝဝစားပြီးသေမယ် မစားရရင်ကို မနေနိုင်တာ စသည်ဖြစ် အချို့ရှိတတ်တယ်မဟုတ်လား
ကိုယ်နဲ့မသင့်ဘူး မလျှော်ဘူးသိပင်သိငြားသော်လည်း မျက်စိကို လျှာကို အစိုးမရဘူး မပိုင်နိုင်ဘူးပေါ့ မျက်စိရဲ့ လျှာရဲ့အလိုလိုက် အကြိုက်ကို လိုက်လုပ်နေတာမျိုးမဟုတ်လား
လူမှုဝန်းကျင်မှာတော့ ကိုယ် နှုတ် ဆိုတဲ့ အနေအထိုင် အပြောအဆိုသိမ်မွေ့နူးညံ့ရင်ပဲ အိန္ဒြေရှင်လို့ သမုတ်ကြတယ် စောတကတက်စရာတော့ မရှိပါဘူး ဒီနှစ်ခုသိမ်မွေ့ဖို့တောင် ပကတိလူသားအဖို့မှာ အတော်ခက်တာမဟုတ်လား....
သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း
koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...