သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, July 18, 2020

ဥပဒေ တရားစီရင်မှုနှင့်အမှန်တရား


..........................

ပထမဆုံး သရုပ်ခွဲကြည့်ရရင် ဥပဒေဆိုတာ ကာလဒေသ အားလျော်စွာ သက်ဆိုင်ရာ အာဏာရ အဖွဲ့အစည်းတွေက သတ်မှတ်ထားတာမျိုးပေါ့ ဒါကြောင့် ဒီဒေသမှာ ပြုလုပ်လို့မရနိုင်တာမျိုးဟာ အခြားဒေသတစ်ခု အလွယ်တကူပြုလုပ်နိုင်တယ်

ဥပမာ အမေရိကန်နိုင်ငံမှာ လိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရပေမယ့် အင်္ဂလန်မှာ မရနိုင်တာမျိုးပေါ့

တနည်းအားဖြင့် လူကသတ်မှတ်ထားတာပေါ့

တရားစီရင်မှုမှာတော့ နှစ်ဖက်တရားပြိုင်တွေရဲ့ တင်သွင်းတဲ့ အချက်အလက်တွေပေါ်မှာမှုတည်ပြီးဆုံးဖြတ်တာမျိုးပါ

ဒါကြောင့်ပဲ တရားစီရင်မှုတိုင်းမှာ မှန်ကန်တဲ့ဖက်က မုချအနိုင်ရပါမယ် ရာနှုန်းပြည့်မှန်ကန်ပါတယ်ဆိုတာမျိုး ​မျှော်လင့်လို့မရနိုင်တာပါ

အမှန်တရားဆိုတာကတော့ ဒီလိုမဟုတ်ဘူး လူမျိုး ဘာသာ နေရာဒေသမရွေး အားလုံးအပေါ်မှာ တပြေးညီတည်း သတ်မှတ်ချက်ရှိတဲ့ စံသဘောမျိုးပေါ့

တနည်းအားဖြင့် သဘာဝကသတ်မှတ်ထားတာမျိုးပေါ့

ဒီနေရာမှာ လူကသတ်မှတ်ထားတာဖြစ်တဲ့အတွက် ဥပဒေမှာ အားနည်းချက်တွေကတော့ ရှိနေမှာပါပဲ ဒီအားနည်းချက်ကို အသုံးချပြီး လှည့်စားအနိုင်ယူမှုတွေကတော့ရှိနေမှာပါပဲ ဥပဒေအရ အပြစ်မယူနိုင်ပဲ လက်လျော့လိုက်ရတဲ့ အမှန်တရားတွေကတော့ ရှိနေမှာပါပဲ စိတ်မကောင်းဖြစ်ရုံမှတပါး ဘာမှတော့ လုပ်လိုက်နိုင်မှာမဟုတ်ဘူး သင်အပါအဝင်ပေါ့

ခုတလော ဥပဒေနဲ့ပတ်သက်ပြီး စိတ်ညစ်ညူခဲ့ရတာတွေက အများသားဗျ ​မြန်မာကော ကမ္ဘာကောဆိုပါတော့ ကိုယ်နှစ်သက်တဲ့ ဘောလုံးအားကစားအသိုင်းအဝိုင်းပါ ပါလာတော့ ပိုစိတ်ပျက်မိတယ်

မြစ်ကြီးနားရဲ့ ဘူတာရုံနလေးက ပန်းချီကားတစ်ခုရဲ့ ပြစ်မှုလို
မရိုးဖြောင့်တဲ့ လုပ်ရပ်တွေရှိနိုင်တယ်လို့ သူ့အသင်းအားပေးသူပရိတ်သတ်တွေတောင် သံသယရှိတဲ့ မန်စီးတီးအသင်းလို စတဲ့ အပြစ်တွေအတွက် ဥပဒေအရ အရေးမယူနိုင်ပဲ အမှန်တရားက လက်ပိုက်ကြည့်နေရတာမျိုးက အခြား မရှိးဖြောင့်မှုတွေအတွက် လမ်းစဖြစ်လာမလား

ဥပဒေဆိုတာ လူကလုပ်တာပါ ပြီးတော့ လူကပဲဆုံးဖြတ်တာပါ အမှန်တရားရယ်လို့တော့ မုချမဆိုလိုနိုင်ပါဘူး ဒါပါပဲ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...