သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, June 13, 2019

လက္ခဏာ

.........

ပါဠိစာပေကနေ တိုက်ရိုက်မွေးစားထားတဲ့ စကားလုံးဖြစ်ပါတယ်
မြန်မာလိုတော့ အမှတ်အသားလို့ ဆိုရလိမ့်မယ်ထင်တယ်

လက်မှာဖြစ်ပေါ်နေတဲ့ အရေးအကြောင်းတွေသာမက တစ်ကိုယ်လုံးက မည်သည့်နေရာမှာမဆို ဖြစ်ပေါ်နေတဲ့အရာအားလုံးဟာ လက္ခဏာပါပဲ

ထားပါတော့ ဒါကအမှတ်အသားသွင်ပြင် လက္ခဏာတွေဆိုတော့ တွေ့နိုင်သိနိုင်ကြပါတယ်

ကျွန်တော်ပြောလိုတာက စရိုက်လက္ခဏာဖြစ်ပါတယ်
လူတစ်ယောက် လှမ်းလျှောက်တဲ့ ခြေရာကိုကြည့်ပြီး သူ့ရဲစရိုက် အကျင့်ကို ​လားရာ လာခဲ့ရာအရပ်ကို ပြောချင်လို့ပါ

ကျွန်တော်တို့သိခဲ့မှတ်ခဲ့ဖူးကြတယ် မာဂဏ္ဍီ ပုဏ္ဏားဟာ မြတ်ဗုဒ္ဓရဲ့ မြေပြင်မှာထင်ကျန်ခဲ့တဲ့ ခြေရာကိုကြည့်ပြီး ထူးမြတ်သည့်ပုဂ္ဂိုလ်ဆိုတာ မုချထင်မှတ်မိတာမျိုးပေါ့ အခွင်အခွက်မရှိ မြေပြင်မှာ ခြေဖဝါးတစ်ပြင်လုံး ထင်ပေါ်နေတာကြောင့်ပါ

ခြေဖျားရာသာ ထင်ရှားတဲ့ ခြေရာပိုင်ရှင်တွေကို လောဘစရိုက်ရှိသူလို့ ဆိုတယ် ဘာ့ကြောင့်လည်းဆိုတော့ လိုချင်ရမက်ရှိသူတွေ သူခိုးတွေဟာ သူတစ်ပါးဥစ္စာရယူရန် ခြေဖျားလေးထောက် ဖွဖွလေးလျှောက်တတ်တာကြောင့်တဲ့

ခြေဖျားနဲ့​ဖနောင့်သာ ထင်ရှားပြီး အလယ်မထင်ရှားတဲ့ ခြေရာမျိုးကိုတော့ မောဟစရိုက်ရှိသူလို့ဆိုတယ် ပြီးပြီးပြောက်ပြောက် မေ့မေ့လျော့လျော့နဲ့ အဆင်ပြေသလိုပဲ ဘဝကို လျှောက်​လှမ်းနေသူတွေလို့ဆိုတယ် သူများဟေ့ဆို လိုက်ဟေ့လိုက်တယ်ဆိုတာမျိုးပေါ့

ခြေဖနောင့်ရာသာ ထင်ရှားသူတွေကိုတော့ ဒေါသစရိုက်ရှိသူတွေလို့ ဆိုတယ်
ဒေါသကြီးသူဟာ စိတ်တွင်းမကြေနပ်မှုကြုံတိုင်း ဆောင့်ဆောင့်အောင့်အောင့် နင်းလျှောက်ပြီး သွားတတ်တာကြောင့်လို့​ဆိုတယ်

ဘုရားဟောမဟုတ်လို့ မုချလို့ မဆိုနိုင်ပေမယ့် ဖြစ်နိုင်ခြေတော့ အတော်ရှိနိုင်တာမို့ သိရှိစေဖို့ ဝေမျှရင်း...

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...