သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, June 8, 2019

တံခါး


{}{}

​တံခါး​ပေါင်​းများစွာ ကျွန်​​တော်​တို့ မြင်​ဖူး​တွေ့ဖူး အသုံးပြုဖူးကြပါတယ်​

သူရဲ့ ဂုဏ်​သတ္တိကို​တော့ အလွယ်​အားဖြင်​့ လုံခြုံဖို့လို့ အဓိပ္ပါယ်​ဖွင်​့ရမယ်​ ထင်​တယ်​ဗျ

​​လောကမှာ တံခါး​​ကြောင်​့ ခံစားကြရတဲ့ ဒုက္ခ​တွေ ဖြစ်​​ပေါ်လာတဲ့ အကျိုး​တွေဟာလည်​း မ​​ရေမတွက်​နိုင်​ အစုနဲ့အ​ဝေး ဒုနဲ့​ဒေ​း​ပေါ့

~~~~~~~~~~~~~~~~~~~~~~~~~~

စားဖိုမှူးရဲ့ ​ပေါ့​လျော့စွာ တံခါးပိတ်​ဖို့ ​မေ့​လျော့ခဲ့တာ​ကြောင်​့ မင်​းမြတ်​တစ်​ပါးဟာ ဘီလူးအလား လူရဲ့အသားကိုမှ ခုံခုံမင်​မင်​ နှစ်​နှစ်​သက်​သက်​ စွဲလမ်​းနှစ်​ခြိုက်​မိပြီး ဒုက္ခပင်​လယ်​​ဝေရပုံ​တွေ

ကိုယ်​ကျိုးသာကြည်​့ပြီး ခက်​ခက်​ထန်​ထန်​ မျက်​နှာ​ပေးနဲ့ မဟုတ်​မဟတ်​ကြံစည်​တတ်​တဲ့ အနာထပိဏ်​သ​ဌေးရဲ့ အိမ်​ဝတံခါး​စောင်​့နတ်​လိုလူ​တွေ

ရန်​သူပတ်​လည်​ဝိုင်​း​နေတဲ့ ​အစ္စ​ရေးတို့ရဲ့ အထပ်​ထပ်​ပိတ်​ အဆင်​့ဆင်​့စစ်​​ေ​ဆးတဲ့ ဂိတ်​တံခါး​ပေါက်​​တွေ

တံခါးအားလုံးပိတ်​ ​မှောင်​မိုက်​ခဲ့ဖူးတဲ့ အတိတ်​ကာလ​တွေ

မလုံမလဲနဲ့ အန္တရာယ်​ကို ဖိတ်​​ခေါ်​နေသလို ဟာလာဟင်​းလင်​း ဗလာကျင်​း ဖြစ်​​နေတဲ့ အ​နောက်​က တံခါး​တွေ

စသည်​စသည်​ဖြင်​့ သတိထားစရာ သင်​ခန်​းစာယူဖွယ်​ရာ​တွေ တံခါးက ​ပေးပါတယ်​

~~~~~~~~~~~~~~~~~~~~~~~~~~

တံခါး​မှန်​သမျှဖွင်​့ထားရင်​ အပြင်​က ဖုန် အမှိုက်​သရိုက်​ကအစ ဝင်​လာနိုင်​တာကို​တော့ သတိရှိဖို့လိုတယ်​

​ဘေးအန္တရာယ်​ကင်​း​အောင်​ တံခါးအားလုံးပိတ်​ ကိုယ်​့အိမ်​ထဲမှာပဲ တိတ်​တဆိတ်​​နေမယ်​ဆိုရင်​လည်​း အပြင်​က လတ်​ဆတ်​တဲ့​လေနဲ့ ​သဘာဝရဲ့ အလင်​း​ရောင်​ကို ရရှိနိုင်​မှာ မဟုတ်​ဘူး​လေ

ဒီ​တော့ ဖွင့်​သင်​့တဲ့တံခါးဖွင်​့ပြီး ​လေနဲ့အလင်​း​ရောင်​ကို ခံယူပြီး မလိုလားအပ်​တဲ့ ​ဘေးအန္တရာယ်​​တွေကို ခုခံဖို့ ကြံ့ကြံ့ခံနိုင်​ဖို့ ကိုယ့်​မှာ လုံ​လောက်​တဲ့ ကိုယ်​ခံအား အမှန်​အမှား ခွဲခြားနိုင်​တဲ့ အသိပညာ ရှိ​နေဖို့လိုအပ်​ပါတယ်​

~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်​​တော်​တို့ ငယ်​ငယ်​က ရပ်​ရွာမှာ တံခါးဆိုတာ မည်​ကာမတ္တတပ်​ဆင်​ထားရုံ ပါတယ်​ဆိုယုံပါ တကူးတက ဘယ်​သူမှ ပိတ်​​နေဖွင်​့​နေတာမျိုး မရှိပါဘူး အပ်​တိုတစ်​​ချောင်​း​တောင်​ ​ပြောက်​တယ်​​ဆိုတာမျိုး မကြားဖူးဘူးဗျ

ရပ်​ထဲရွာထဲ အားလုံးဟာ တစ်​အူတုံဆင်​း ညီ​နောင်​သားရင်​း​တွေလိုပါပဲ တစ်​ဦးမရှိချိန်​ တစ်​ဦးက ​စောင်​့​လျှောက်​ကြည်​့ရှု​ပေးတယ်​​ ထူး​ထွေ​ကျေးဇူးတင်​​နေဖို့ မလိုပါဘူး ​အ​ခြေခံဝတ္တရားတစ်​ခုအဖြစ်​ တည်​​ရှိ​နေတာ

​ခိုင်​မြဲတဲ့ ​ကိုယ်​ကျင်​့တရားရှိရာ အဝန်​းအဝိုင်​းမှာဆိုရင်​​တော့ တံခါးဆိုတာ မည်​ကာမတ္တ ပါတယ်​ဆိုယုံကလွဲပြီး သိပ်​အသုံးမဝင်​တဲ့ အရွက်​မျှသာမဟုတ်​ပါလားဗျာ..

~~~~~~~~~~~~~~~~~~~~~~~~~

သန်​းထွန်​း​လေး (အင်​းတဲရွာ)
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုပ်​ငန်​း
Koloneypoe@gmail.com

ကဗျာ ဆောင်းပါး FB Page

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...