သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 18, 2019

ဘဝအရသာများ

................

လူတိုင်းအကောင်းကြိုက်တာ အကောင်းဆုံးဖြစ်ချင်တာ ကောင်းတာကိုခံစားချင်တာ ဒါသဘာဝမဟုတ်လား ဘယ်သူမှတော့ ဆိုးဝါးတဲ့အတွေ့အသိမျိုး ခံစားလိုကြမှာမဟုတ်ဘူးလို့ ယေဘုယျအားဖြင့် မှတ်ယူလို့ရပါတယ်

ဒါကသဘာဝပါ အမှန်တရားမဟုတ်ပါဘူး
စိတ်ကိုက မည်မျှအတွေ့အထိကောင်းတယ်ဆိုအုံးတော့ ကြာလာရင်ရိုးသွားတတ်တာ ရှိနိုင်တာကိုး

ကြက်သားနေ့တိုင်းစားနေသူက ရံခါမှာချဥ်ပေါင်ကြော်တမ်းတသလိုပေါ့

အကောင်းမှာအရသာရှိသလို့ အဆိုးမှာလည်း ရင်ခုန်ဖွယ်ရာအရသာတွေနဲ့ ဆွဲဆောင်မှုရှိနေပြန်ရော

ကိုယ့်အတွက် ဘာကောင်းကျိုးမှမပြုဘဲ​ မကောင်းမှန်းသိပေမယ့် ရံခါမှာရူးရူးမိုက်မိုက် စွဲလမ်းသွားတတ်တာတွေလည်း ရှိတတ်တယ်မဟုတ်လား

ဒညင်းသီးဟာအနံဆိုးပေမယ့်
နှစ်နှစ်ခြိုက်ခြိုက်ကြိုက်ကြသူတွေလည်း ရှိတာကိုး

ငရုတ်သီးဟာ ပူလောင်စပ်ပေမယ့်
ခုံခုံမင်မင်နှစ်သက်သူတွေရှိနေတာကိုး

ဆားဟာငန်သောအရာသာရှိပေမယ့် သူမပါရင် ဟင်းလျာတွေက ပေါ့ပျက်ပျက်မဟုတ်လား

ဘဝအရသာမှာလည်း ထိုးနည်း၄င်းပေါ့ အရာရာအဆင်ပြေနေတဲ့ လူတွေရဲ့သမိုင်းစာမျက်နှာကိုလှန်ကြည့် ပြောစရာပြစရာမယ်မယ်ရရ မရှိဘဲ ဖြစ်နေတတ်တယ်မဟုတ်လား ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ရုန်းကန်ရသူတွေမှာတော့ ပြောစရာမကုန်နိုင်အောင်ပါပဲ

ဒါကြောင့်ထင်တယ် ရုပ်ရှင်တွေမှာ အခက်အခဲကို ပိုပိုပြီးတင်ပြနိုင်လေလေ ပိုပိုပြီးအောင်မြင်လာလေလေလို့ အဆိုရှိတယ် အနောက်ကမ္ဘာက ရှပ်ရှင်တွေကြည့်လိုက်ရင် ကမ္ဘာနဲ့ချီတဲ့ အခက်အခဲပြဿနာတွေနဲ့ ဇာတ်လမ်းအခြေတည်ကြတာများတယ် အာရှနဲ့ မြန်မာရှပ်ရှင်အချို့ကတော့ တင်ပြမှုအနည်းငယ်သေးငယ်တယ် တစ်သီးပုဂ္ဂလနှလုံးသားပြဿနာတွေသာ အများစုဖြစ်တယ် ဒါကြောင့် ပျံ့နှံ့မှုနည်းတာဖြစ်ကောင်းဖြစ်နိုင်တယ်

ဒါကြောင့် အခက်အခဲတွေ့ကြုံလာရင် စိတ်ပျက်အားငယ်မနေပါနဲ့ ဘဝအရသာလို့ မှတ်ယူပြီး ရဲရဲရင့်ရင့်ရင်ဆိုင်လိုက်ပါ တစ်ချိန်မှာ ပြန်တွေးမိတိုင်း ပီတိဖြစ်နေပါလိမ့်မယ်

သန်းထွန်းလေး (အင်းတဲရွာ)



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီအချိန်ဆိုရင် ..... ရွှေချို

  မူရင်း အင်တာနက်ပေါ်မှာ ရွာက ကလေးတွေ ကြာပန်းတွေနဲ့ပုံရိုက်တင်ကြတာမြင်ရင် ရွာလွမ်းစိတ် အိမ်လွမ်းစိတ်ဟာ နင့်နင့်သည်းသည်းပါပဲ။ ဒီချိန်ဆို အင်း...