သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 29, 2018

အနေခက်အောင်လွမ်းတတ်ကြသူများ

သန်းထွန်းလေး (အင်းတဲရွာ) ~~~~~~~~~~~~~~~~~~~~

သိပ်နှစ်သက်တဲ့ ဆရာနန္ဒသိန်းဇံရဲ့ အနေခက်အောင်ကူညီကျသူများကို မှီငြမ်းပြုပြီး ဘာရယ်ညာရယ်မဟုတ်ပါဘူး နာမည်ပေးဖြစ်တာ

အလွမ်းဆိုတာကို ဉာဏ်မီသလောက် သရုပ်ခွဲကြည့်ခြင်လို့ပါ

ပစ္စုပ္ပန်မှာ နေထိုင်ရင်း အတိတ်ရဲ့ စေတသိတ်တွေမှာ စိတ်ကူးစေစားတာကို ယေဘုယျအားဖြင့် အလွမ်းလို့ခေါ်မယ်ထင်တယ်

အနာဂတ်ကိုစေစားတာ​ကိုတော့ အလွမ်းလို့မှမခေါ်ထိုက်တာ ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက်ပေါ့

အချို့သောအလွမ်းတွေဟာ သောကပရိဒေဝနဲ့ယှဥ်တယ် ပြုခဲ့ပြောခဲ့လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ပြန်လည်သတိရပြီး နောင်တဖန်ပူပန်နေတာမျိုးပေါ့

အချို့ကတော့ တဏှာကိလေသာနဲ့ယှဥ်ပြီး လွမ်းဆွတ်တတ်ကြတယ် မျက်စိထဲက ထွက်ကိုမထွက်ဘူး အိပ်လည်းဒီစိတ် စားလည်းဒီစိတ် သွားလည်းဒီစိတ်ဆိုတဲ့ စတာတွေပေါ့

ထိမြင်ကြားသိမှုတွေနဲ့ မနောဒွါရရဲ့ အသိတွေမှာ တိုက်ဆိုင်မှုတွေကြုံလာခိုက် သတိတရဖြစ်သွားတာကိုလည်း အလွမ်းလို့ဆိုကြတယ်
ဒါကြောင့်ထင်ပါရဲ့ အစားကောင်းစားနေရင် ချစ်တဲ့သူတွေ သတိရတတ်တယ်ဆိုတာ

အချို့ကလည်း အတူရှိနေစဥ်က အကောင်းဆုံးမဆက်ဆံခဲ့သူတွေသာ ခွဲရတော့ ​ဒီလိုလွမ်းဆွေး​နေရတာပါတဲ့ မလွမ်းချင်ရင် ဆုံတွေခိုက်မှာ ကိုယ့်ဖက်ကပြုလုပ်ပေးနိုင်သမျှ အကောင်းဆုံးတွေသာ ပေးလိုက်ပါလို့ဆိုတယ်

ဒါကြောင့်ထင်ပါရဲ့ ဝေးတသက်သက် နီးတကျက်ကျက်လို့ ဆိုကြတာ
ဆုံမိခိုက်မှာတုံးက သူ့သဘော သူ့မနောကို နားမလည်မိပဲ အပြစ်သာဆိုခဲ့ကြပေမယ့် ဝေးနေချိန်မှ သူ့ရဲ့အရေးပါမှုကို ခံစားသိမိပြီး လွမ်းနေကြတာမျိုးပေါ့

အလွမ်းဆိုတာ လူတိုင်းခံစားဖူးရနိုင်ပေမယ့် လူတိုင်းခံစားနေတာမျိုးတော့ မဟုတ်ပါဘူး

အချို့ကအလွမ်းကင်းမဲ့ဇုံမှာဖြစ်တည်နေတယ် လက်ရှိအချိန်အခိုက်အတန့်မှာ အကောင်းဆုံးဖြတ်သန်းနေသူတွေမှာ လွမ်းခြင်းကင်းလွတ်ပါတယ်

သဘောက မြတ်စွာဘုရားလို ကိလေသာကင်းကွာတဲ့ ရဟန္တာတွေလို ပုဂ္ဂိုလ်တွေမှာ ပြုခဲ့ဖူးတဲ့ အတိတ်ကိုလည်း တမ်းတနေမျိုးမလုပ်သလို မဖြစ်လာသေးတဲ့အနာဂါတ်ကိုလည်း မျှော်လင့်နေတာမျိုးမရှိပါဘူး

နောင်မှတဖန်လွမ်းတမ်းတခြင်းကင်းဝေးပါစေကြောင်း....




No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...