သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 1, 2019

အင်းတဲဘုတလင်လမ်းမှ ယာဥ်တော်မြတ်ကြီး၏ သမိုင်ဒဏ္ဍာရီများ


---------------------------------

အင်းတဲဘုတလင်လမ်း သပြေပင်ရွာရဲ့ အ​ရှေ့ဖက် ညောင်ပင်ကြီးအနီးမှာ တွေ့မြင်ရတဲ့ ယာဥ်တော်မြတ်ကြီးရဲ့ သမိုင်းဒဏ္ဍာရီနဲ့ ဒေသခံတို့၏ပါးစပ်ရာဇဝင်တို့ကို စုစည်းတင်ပြအပ်ပါသည်

မြတ်စွာဘုရားရှင် မြန်မာပြည်ဖက် ကြွတော်မူလာခိုက် ဘဝရှင်မင်းတြားကြီးအလောင်းလျာ ဘီလူမကမြင်တော့ သူစီးလားတဲ့ ကောင်းကင်ပျံပန်းရထားကို ထိုနေရာတွင်ရပ်နားခဲ့ပြီး မန္တလေးတောင်တော်ပေါ်မှ ဖူးမျှော်ကာ သူ့ရဲ့သားမြတ်ကို ဖြတ်လှူပူဇော်ပါသတဲ့

အတိတ်က ဒီယာဥ်တော်မြတ်ကြီးဟာ ကောင်းကင်အထိ ပျံသန်းကျက်စားခဲ့တာပါ
အခုမှရပ်နားနေတာ

ကောသလမင်းကြီးလက်ထက် ကိုးတိုင်းကိုးဌာန သာသနာပြုလွှတ်ရာမှာ သုဝဏ္ဏဘူမိအရပ်ကို အရှင်သောနနဲ့ ဥတ္တရမထေရ်မြတ်နှစ်ပါး ဦးစီးပြီး သာသနာပြုလွှတ်ရာမှာ အဲ့ဒီအချိန်က မြန်မာပြည်ဟာ ရေပြင်ဧရိယာအောက် အတော်ရောက်နေတဲ့အတွက် လှေ​သဘော်နဲ့ လာရောက်ရာမှာ အဆိုပါအရပ်မှာ ဆိုက်ကပ်ပြီး သဘော်ကြီးကို ကျောက်ချရပ်နားခဲ့ပါတယ်

အတိတ်က ဒီယာဥ်တော်မြတ်ကြီးဟာ ရေပြင်မှာတောင် လှည့်လည်ကျက်စားခဲ့တာပါ
အခုမှရ​ပ်နားနေတာ

ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ရေးသားပြုစုခဲ့တဲ့ မှန်နန်းရာဇဝင်မှာ အတိအလင်းမပါပေမယ် နရသူမင်း စစ်ထွက်စဥ် ကျွန်ယုံတော်ငပြည့်ကို နန်းတော်မှာ အစောင့်ထားစေခဲ့တယ် နန်းတော်မှာ အခြေမလှတော့ သတင်းစကားပါးဖို့ရာ ငပြည့်ဟာ မင်းသားနောက်ကို လိုက်လာစဥ် အချိန်အခါနှောင်းလို့ မြစ်ကို ဖြတ်မကူးဘဲ (ယခုအခါမူးဖြစ်နေသည်) ကမ်းပါးမှာ ညအိပ်ခဲ့ပါတယ် မနက်မိုးသောက်မှ သွားတော့ သတင်းစကားအပါးနောက်ကျတဲ့အတွက် ကျွန်ယုံငပြည့်ကို ထိုနေရာမှာပဲ ကွက်မျက်ခဲ့ပါတယ် စီးတော်ယာဥ်ကိုလည်း ထိုနေရာမှာပဲ ထားရှိစေခဲ့ပါတယ် အချို့ကတော့ မြင်းလို့ဆိုကြပေမယ့် မဟုတ်ပါဘူး

အတိတ်က ဒီယာဥ်တော်မြတ်ကြီးဟာ မြေပြင်မှာ မိုင်ပေါင်းများစွာ ပြေးလွှားပြီး တိုင်းပြည်တာဝန် ထမ်းပိုးခဲ့တာပါ
အခုမှရပ်နားနေတာ

ထားပါတော့ ဒါတွေက ဒဏ္ဍာရီတွေပါ

ယာမာတို့ရဲ့ပြက္ခဒိန်ဟာ ၂၀၁၂ခုနှစ်မှာကုန်ဆုံးသွားခဲ့ပါတယ် ဒါကို ကမ္ဘာ့ညာရှင်တွေက အဲ့ဒီနှစ်မှာ ကမ္ဘာပျက်လိမ့်မယ်လို့ ရေလိုက်လွဲခဲ့ကြပါတယ် အမှန်က ဒီယာဥ်တော်မြတ်ကြီး ရပ်တန့်အနားယူမယ့် အချိန်ကို ခန့်မှန်းတွက်ချက်ထားတယ်လို့ ဆိုပါတယ်

သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကတော့ ဒီယာဥ်တော်မြတ်ကြီးဟာ ပုဂံခေတ်နှောင်းအပိုင်းကတည်းက ဒီနေရာမှာ ရှိနေတာဖြစ်လိမ့်မယ်လို့ ရေးသားခဲ့ပါတယ်

ဗုဒ္ဓဝင်နဲ့ သမိုင်းနောက်ခံဝတ္ထုတွေ ရေးသားတတ်တဲ့ ဆရာချစ်ဦးညိုကတော့ ဒီယာဥ်တော်မြတ်ကြီးဟာ ရာဝဏ က သီတာဒေဝီမင်းသမီးလေးကို ခိုးယူခဲ့စဥ်က စီးခဲ့တဲ့ နတ်မြင်း၁၀ကောင်ကတဲ့ ရထားသာဖြစ်လိမ့်မယ်လို့ မှတ်ချက်ချခဲ့ပါတယ်

ရှေ့မီနောက်မီလူကြီးတွေပြောတာကတော့ ဂျပန်ခေတ်က ဂျပန်တွေစစ်ရှုံးလို့ ထွက်ခွာစဥ် ကျန်ခဲ့တာလို့ဆိုပါတယ်

အချို့နိုင်ငံရေးစိတ်ဝင်စားသူတွေကတော့ ဒီပဲယင်းအရေးအခင်းမှာ စွန့်ပြစ်ခဲ့တဲ့ တင့်ကားသာဖြစ်လိမ့်မယ်ဆိုပြီး အစောပိုင်းနှစ်များက လွှတ်တော်အမတ်မင်းများကိုယ်တိုင် လာရောက်လေ့လာကြည့်ရှုခဲ့ပါတယ်

ယခုအခါမှာတော့ အင်္ဂလန်နိုင်ငံမှ ကမ္ဘာဂင်းနစ်အဖွ​ဲ့ကြီးက အချိန်ကြာမြင့်စွာ တည်ရှိတော်မူခဲ့တဲ့ ထိုယာဥ်တော်မြတ်ကြီးကို မှတ်တမ်းဝင်ဖို့ လာရောက်လေ့လာနေကြပါပြီ

ပုဂံ​​ေဒသနှင့်အတူ ထိုယာဥ်တော်မြတ်ကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းထားဖို့ကိုလည်း ကုလသမဂ္ဂမှ လာရောက်လေ့လာနေပါတယ်

ထိုကဲ့သို့ အတိတ်ကပုံပန်းသဏ္ဍာန်အမျိုးမျိုးဖြင့် လှုပ်ရှားသက်ဝင်ခဲ့သော အဆိုပါ ယာဥ်တော်ကြီးသည် ကာလအတော်ရွေ့လျားပြီး မိုးဒါဏ်လေဒါဏ်များကြောင့် တဖြည်းဖြည်းယို့ယွင်းလာရာ ယခုအခါ လမ်းကြိတ်စက်အဟောင်း၏ ပုံသဏ္ဍာန်ဖြင့် သံဝေဂယူဖွယ်ရာ အဆိုပါလမ်းမကြီး၏နံဘေး၌ ရှိနေချေတော့သည်

သမိုင်းဏ္ဍာရီများစွာရဲ့ မိခင်ဖြစ်တဲ့ ဒီယာဥ်တော်မြတ်ကြီးကို ထိုနေရာမှာ အစဥ်သဖြင့် တည်တံ့နေပြီး နောင်လာနောက်သာ လူငယ်များတို့ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ထိန်းသိမ်းထားနိုင်ပါစေကြောင်း...

ကျီစယ်ခြင်းသာဖြစ်ပါတယ် 😁 အပြစ်တော်မယူကြပါနဲ့
ရွာပြန်တုံးကတွေ့ခဲ့တာ အခုရှိသေးလားတော့မသိဘူးဗျ

သန်းထွန်းလေး (အင်းတဲရွာ)

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...