သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 29, 2018

မေးခွန်းများ


သန်းထွန်းလေး (အင်းတဲရွာ) ???????

အချို့ဆိုကြတယ် အမေးနွားကျောင်း အဖြေဘုရားလောင်းတဲ့
မေးခွန်းမေးဖို့ကလွယ်ပြီး မေးသူရဲ့စိတ်နှလုံးမှာ ဘဝင်ကျအောင်ဖြေဖို့ခက်တယ်တဲ့

လူသားတွေဟာ မေးခွန်းတွေကနေပြီး အဖြေရင်း အသိဉာဏ်ပညာတွေ ​တိုးတက်လာတယ်လို့ အချို့ကဆိုကြတယ်

သိဒ္ဓတ္ထမင်းသားတောင်မှ အိုခြင်းနာခြင်းသေခြင်းရှိရင် အဲ့ဒီအရာတွေကနေကင်းလွတ်ရာ ရှိရမယ်ဆိုတဲ့ မေခွန်းကိုအဖြေရှာရှင် ဘုရားဖြစ်လာတယ်လို့ ဆိုကြတယ်

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေမှာ မေးခွန်း၅မျိုးနဲ့ပတ်သက်ပြီး ရှင်းလင်းပြထားတာတွေ့ရတယ်

၁ အမှန်သိလို၍ မေးခြင်း
၂ မိမိသိပြီးသားအဖြေနှင့် တိုက်ဆိုင်ကြည့်လို​၍မေးခြင်း
၃ ကိုယ်သိထားတာကို ပြန်လည်မျှဝေလို၍ မေးခြင်း
၄ တစ်ဖက်သားသူ မဖြေနိုင်စေရန် ချောင်ပိတ်မေးခြင်း
၅ မိမိသိပြီးသားအဖြေကို ကြွားဝါလို၍ မေးခြင်း

၁ ကတော့ သာမန်သဘောရိုး မေးခြင်းမျိုးဖြစ်တဲ့အတွက် သိပ်ရှင်းပြနေ​ဖို့ လိုအပ်မယ်မတင်ပါဘူး

၂ ကတော့ စာမေးပွဲတွေမှာ ကျောင်းသင်ခန်းစားတွေမှာ ဆရာတွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေပါ သူတို့ကိုယ်တိုင်မသိလို့မဟုတ်ဘဲ တပည့်၏အသိအဖြေဟာ မှန်ကန်သလားဆိုတာ စမ်းသပ်လို​၍မေးတာမျိုးပေါ့

၃ ကတော့ မြတ်စွာဘုရားရှင် တရားဟောကြားတော်မူတဲ့ နည်းပေါင်းများစွာထဲက တစ်နည်းဖြစ်ပါတယ် တပည့်ရဟန်းတွေဖြေတဲ့ အဖြေပေါ်မှာမူတည်ပြီး ထပ်ဆင့်ရှင်းလင်းပြသတာမျိုးပေါ့

၄ ကတော့ မေးသူရဲ့စိတ်ထားအခြေအနေပေါ်မူတည်ပြီး ကောင်း၏ယုတ်ညံ့၏ ခွဲခြားရမယ်ထင်တယ် သစ္ဇကလို ဝါဒအစွဲအလွန်သန်တဲ့သူမျိုးကို ဟိုလှည့်ဒီလှည့်မေးရင်းနဲ့ မြတ်စွာဘုရားရှင်က ချောင်ပိတ်လိုက်တာမျိုး​ပါ

၅ ကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတယ် အနည်းငယ်သော လူတစ်ချို့က မိမိဖတ်ဖူးမှတ်ဖူးတဲ့ အကြောင်းအရာတစ်ချို့ကို လူစုစုရှိတိုင်း ကြွားဝါ​ပြောဆိုကြ်ကြတယ် ဥပမာ အချို့ကဆိုတယ် ကြိုက်တာမေးပါ  ဖြေပါ့မယ်

မြတ်စွာဘုရားရှင်ကလွပြီး ပညာအရာ ဧတဒဂ်ရလက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်မြတကြီးတောင်မှ မေးခွန်းတွေနဲ့ ပတ်သက်လာရင် မေးကြည့်ပါ မေးခွန်းကို ကြားရပါမှ ဖြေနိုင်မဖြေနိုင်ဆုံးဖြတ်ပါ့မယ်လို့ မိန့်တော်မူပါတယ်

တစ်ချိန်ကြ တရားပွဲတွေမှာ အလွန်ထင်ရှားကျော်ကြားတဲ့ ဓမ္မကထိကဆရာတော် အရှင်ဇဋိလ (ကြာနီကန်ဆရာတော်) နဲ့ ဝါရင့်တဲ့ စာရေးဆရာကြီးတွေကလည်း သူတို့ရဲ့ ဟောပြေမှုတွေမှာ  အမေးခွန်းတွေနဲ့ပတ်သက်ပြီး ထိုနည်း၄င်းပဲ ပြောကြတယ် မေး​ကြပါ ဖြေနိုင်တာရှိရင် ဖြေပါ့မယ် ကျွန်တော်တို့လည်း သာမန်ပုဂ္ဂိုလ်သာဖြစ်တဲ့အတွက် အရာရာသိနိုင်မှာမဟုတ်တဲ့အတွက် မဖြေနိုင်သည့်မေးခွန်းများပါလာခဲ့ရင် မဖြေနိုင်ကြောင်း ဝန်ခံပါ့မယ်လို့ ဆိုကြတယ်

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

ဒါကြောင့်မေးပါ မေးခွန်းဟာ အသိပညာအတွက် အထောက်အပံ့ဖြစ်တတ်ပါတယ် ကိုယ့်ကိုယ်အမေးရှိလာလျှင်လည်း ဖြေပါ ဖြေနိုင်ဖို့ကြိုးစားကြည့်ပါ မဖြေနိုင်ရင်လည်း ဝန်ခံဖို့ စိုးရွံ့မနေပါနဲ့လို့ တိုက်တွန်းရင်း...


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...