သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 25, 2018

ဝမ်းရေးခက်


🔼🔼🔼🔼

ရှေးစကားပုံတစ်ခုရှိတယ်မဟုတ််လား ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူးဆိုတာလေ လူ့ခန္ဓာမှာ ကိုယ်တွင်းက အညစ်အကြေးတွေကို ဒွာရပေါက်တွေကနေ အပြင်ကိုတွန်းထုတ်ပြစ်တတ်တာ သဘာဝမဟုတ်လား ထွက်သင့်ရာကမတွက်ပဲ မထွက်သင့်ရာကထွက်နေရင်တော့ ဒါကမကျန်းမာခြင်း​သဘောပါပဲ

ဥပမာ စားပြီးသားအစားအစာတွေဟာ အောက်မှာမထွက်ပဲ ဝင်လာတဲ့အပေါက်ကိုပဲ ပြန်စန်တက်ပြီး ထွက်တာမျိုး လေဟာ ရှူသွင်းရှူထုတ်နှာခေါင်း ပါးစပ်တို့ကမဟုတ်ဘဲ နားကထွက်သလိုမျိုးပေါ့

ကျွန်တော်အလုပ်က အညောင်းထိုင်ဆိုတော့ ဆီးနဲ့ဝမ်းမှာ အရမ်းသတိထားရတယ်ဗျ
ဒါမမှန်ရင် သိပ်ဒုက္ခပေးတယ်

အရွယ်မတိုင်ခင် ဆံဖြူသွားကျိုးတာမျိုး တင်းတိတ်ဝက်ခြံထွက်တာမျိုး ခံတွင်းရနံ့မကောင်းတာမျိုး အမြင်အာရုံဝေဝါးတာမျိုး ဇက်ကျောတက်တာမျိုးတွေဟာ အများအားဖြင့်ဝမ်းနည်းသက်ဆိုင်တတ်တယ် အောက်မဆင်းရတော့ ပြန်စန်တက်ပြီး ဒုက္ခပေးတာပါ အူမကြီးမှာ အညစ်အကြေးတွေစုမိပြီး ဗိုက်အောင့်ဗိုက်နာမျိုးလည်း ဖြစ်တတ်သေးတယ်

ဝမ်းနဲ့ပတ်သက်ပြီး အတွင်းပိုင်းဖောက်ပြန်မှု လက္ခဏာကို ကျွမ်းကျင်ပ​ညာရှင်တို့သာ သိနိုင်ပေမယ့် ထွက်ကျလာမယ့် အညစ်အကြေးကိုကြည့်ပြီး ကျွန်တော်တို့ သာမန်လူတွေလည်း ခန့်မှန်းကြည့်နိုင်ပါတယ်

ပုံမှန်အားဖြင့် ကျန်းမာသူရဲ့ဝမ်းဟာ အရောင်အသွေးအားဖြင့် ရွှေရောင်အဆင်းရှိရပါမယ် နနွင်းကဲ့သို့ အရမ်းဝါနေတာမျိုးမဟုတ်သလို အခြားအညို နဲ့ မဲညစ်ညစ်အရောင်မျိုးကလည်း ခန္ဓာအတွင်း ချို့ယွင်းမှုကိုပြတာပါ

အနံ့အသက်ဟာ သာမန်လောက်ပဲ ဖြစ်သင့်ပြီး အရမ်းပြင်းတာမျိုးလည်း မဖြစ်ရပါဘူး

အရည်အသွေးကတော့ အရှည်အနည်းဆုံး နှစ်လက်မခွဲရှိသင့်ပါတယ် ထိုထက်နည်းပြီး အပိုင်းအပိုင်းလိုက် ဖြစ်နေတာတွေ အရည်သက်သက်သာ သွားနေတာတွေ အကျိအချွဲသာသွားနေတာတွေဟာလည်း မကောင်းပါဘူး

အချိန်ငါးမိနစ်ခန့်အတွင်းမှာ အ​ပျတ်ရှင်းနိုင်တာမျိုးလည်း ဖြစ်သင့်ပါတယ် အရမ်းကြာနေတာဟာလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး

တစ်နေ့နှစ်ကြိမ်ဟာ သင့်တင့်တဲ့နှုံးထားပါ ပိုနေရင်လည်း ပြဿနာရှိသလို နည်းရင်လည်း ပြဿနာရှိနိုင်ပါတယ်

ဒါကြောင့် ရေအိမ်ဝင်​ရင်အောက်ကိုငုံကြည့်ပါ
ဒါသင့်အတွက်မုချအကျိုးရှိပါလိမ့်မယ်လို့ အကြံပြုပါရစေ....

သန်းထွန်းလေး (အင်းတဲရွာ)

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...