အတွေး
°°°°°°°°°
ပထမကမ္ဘာစစ်အပြီးမှာ အနောက်ဥရောပနဲ့ အမေရိကမှာ ဒီမိုကရေစီစနစ် စတင်ထွန်းကားလာတယ်လို့ဆိုတယ် ပဒေသရာဇ် စနစ်မှာပဲရှိသေးတဲ့ ကျွန်တော်တို့နဲ့ ဝေလာဝေးပေါ့
ဒုတိယကမ္ဘာစစ်အပြီးမှာ ကိုလိုနီစနစ်လက်အောက်ခံကနေ လွတ်မြောက်လာတဲ့ နိုင်ငံအချို့မှာလည်း ဒီစနစ်ထွန်းကားလာပြန်တယ် ဒီကအသီးအပွင့်ကို မြန်မာနိုင်ငံကလည်း စံစားခဲ့ရတယ်လို ဆိုနိုင်မယ်ထင်တယ် နိုင်ငံရေးဆရာတွေ ပြောနေကျစကားလုံးလိုပေါ့
အဲဒီအချိန်က မင်္ဂလာဒုံလေဆိပ်က အာရှမှာ တတိယ အရှေ့တောင်အာရှမှာ ပထမအကြီးဆုံး ရန်ကုန်ဆေးရုံကြီးဟာလည်း အဲ့ဒီတုန်းက အာရှမှာ အကောင်းဆုံးစားရင်းဝင် မြန်မာငွေတစ်ကျပ်က တစ်ဒေါ်လာနဲ့ညီတယ် ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့ဘွဲကလည်း ဟားဘတ်ကအသိအမှတ်ပြု ရန်ကုန်မြို့ဟာလည်း သန့်ရှင်းသာယာလှပ
ကိုလိုနီစနစ်အလွန် သူ့ကျွန်ဘဝကနေ ကိုယ့်ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ဖိနှိုပ်ခံပြည်သူတို့ တွန်းလှန်ခဲ့တဲ့ နောက်ထပ် ဒီမိုကရေစီလှုပ်ရှားမှုကတော့ ကျွန်တော်လူမဖြစ်သေးခင်လေးမှာ ထပ်မံပေါ်ပေါက်လာတယ် နိုင်ငံအချို့မှာ အောင်မြင်ခဲ့ပေမယ့် မိခင်နိုင်ငံကတော့ အကြောက်လွန်လူသားတွေကြား လူးလွန့်လှုပ်ရှာခွင့်မရ
လတ်တလောမှာ နောက်ထပ် ဒီမိုကရေစီလှိုင်းတစ်ခု ကမ္ဘာအဝှမ်းမှာ ထပ်မံလှုပ်ရှားလာပြန်တယ် ဂုတ်ပေါ်ဓားမိုး အုပ်စိုးနေတဲ့ အာဏာရှင်တွေကိုယ်တိုင်က ဦးဆောင်လှုပ်ရှားလာတာပါ သူတို့ကိုယ်တိုင် လမ်းဖွင့်ပြီးပေါ့ မဖွင့်လို့ကလည်း မရတော့ဘူးလေ
လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ကိုယ့်နိုင်ငံကိုယ့်ဥပဒေနဲ့ ကိုယ်လုပ်ချင်ရာလုပ်နေနိုင်ပေမယ့် ဒီကနေ့ခေတ်အခါက အရာရာပြောင်းလည်းသွားပြီမဟုတ်လား
ဒီတော့ ကျွန်တော်တို့လို အသွင်ကူးနိုင်ငံတိုင်းပါပဲ လက်ဝယ်အာဏာပိုင်ဆိုင်သူတွေက ပြည်သူကဖြုတ်မချခင်မှာ အရင်ဆုတ်တဲ့သဘောပေါ့ သူ့ရဲ့လုပ်ရပ်တွေကို ဖိဖို့ကွယ်ဖို့ နောက်ကြောင်းပြန်လှည့် အရေးမယူဖို့ ကိုယ်တိုင်ရေးဆွဲတဲ့ မတရားဥပဒေကို အကာအကွယ်ယူပြီးပေါ့
ဒါကိုသိပေမယ့် လူထုခေါင်းဆောင်က ဘာလို့ရွေးကောက်ပွဲဝင်ပြိုင်တာလဲ စိတ်ဝင်စားစရာကောင်းတယ် မတရားမှန်းသိပေမယ့် သူ့အနေနဲ့ မျိုးစေ့ချလိုက်တာလို့ပဲမြင်တယ် ဝင်မပြိုင်ပဲ သဘိတ်မှောက်ခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်က ခန့်မှန်းရမှ မခက်ဘဲ သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးတာမဟုတ်လား ဒီတော့ခေါင်းဝင်ရင် ကိုယ်ဆံ့ဆိုသလို တဖြေးဖြေးတိုးဝင်ရင်နဲ့ ခိုင်မာအောင်တည်ဆောက်ဖို့ ကျိုးစားလိုဟန်တူတယ်
နှစ်ဖက်စလုံးမှာတော့ အယူအဆမတူတွေရှိနေနိုင်တာတော့ သတိထားဖို့လိုတယ် ကိုယ့်အကျိုးစီးပွားမထိခိုက်သ၍ လွှတ်ထားပေမယ် ထိပါးလာရင် ကြမ်းဖို့ရမ်းဖို့ အဆင်သင့်ဖြစ်နေသူတွေပေါ့ တစ်နည်း ချောက်ထဲကျရင် ကယ်ဖို့စောင့်နေတဲ့ သူရဲကောင်းတွေရှိနေတယ်မဟုတ်လား
လှပညက်ညောတဲ့ ကစားဟန်နဲ့ လက်ခုပ်သံတွေတညံညံကြား တရစပ်တိုက်စစ်ဆင်ကစားရင်း အကွက်ချောင်းနေတဲ့ တန်ပြန်တိုက်စစ်သမားတွေရဲ့ ထိုးနှက်မှုတွေကို သတိပြုစေလိုရင်း....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
အေတြး
°°°°°°°°°
ပထမကမာၻစစ္အၿပီးမွာ အေနာက္ဥေရာပနဲ႔ အေမရိကမွာ ဒီမိုကေရစီစနစ္ စတင္ထြန္းကားလာတယ္လို႔ဆိုတယ္ ပေဒသရာဇ္ စနစ္မွာပဲ႐ွိေသးတဲ့ ကြၽန္ေတာ္တို႔နဲ႔ ေဝလာေဝးေပါ့
ဒုတိယကမာၻစစ္အၿပီးမွာ ကိုလိုနီစနစ္လက္ေအာက္ခံကေန လြတ္ေျမာက္လာတဲ့ ႏိုင္ငံအခ်ိဳ႕မွာလည္း ဒီစနစ္ထြန္းကားလာျပန္တယ္ ဒီကအသီးအပြင့္ကို ျမန္မာႏိုင္ငံကလည္း စံစားခဲ့ရတယ္လို ဆိုႏိုင္မယ္ထင္တယ္ ႏိုင္ငံေရးဆရာေတြ ေျပာေနက်စကားလံုးလိုေပါ့
အဲဒီအခ်ိန္က မဂၤလာဒံုေလဆိပ္က အာ႐ွမွာ တတိယ အေ႐ွ႕ေတာင္အာ႐ွမွာ ပထမအႀကီးဆံုး ရန္ကုန္ေဆးရံုႀကီးဟာလည္း အဲ့ဒီတုန္းက အာ႐ွမွာ အေကာင္းဆံုးစားရင္းဝင္ ျမန္မာေငြတစ္က်ပ္က တစ္ေဒၚလာနဲ႔ညီတယ္ ရန္ကုန္တကၠသိုလ္က ေပးအပ္တဲ့ဘြဲကလည္း ဟားဘတ္ကအသိအမွတ္ျပဳ ရန္ကုန္ၿမိဳ႕ဟာလည္း သန္႔႐ွင္းသာယာလွပ
ကိုလိုနီစနစ္အလြန္ သူ႔ကြၽန္ဘဝကေန ကိုယ့္ကြၽန္ဘဝ ေရာက္ခဲ့ရတဲ့ ဖိႏိႈပ္ခံျပည္သူတို႔ တြန္းလွန္ခဲ့တဲ့ ေနာက္ထပ္ ဒီမိုကေရစီလႈပ္႐ွားမႈကေတာ့ ကြၽန္ေတာ္လူမျဖစ္ေသးခင္ေလးမွာ ထပ္မံေပၚေပါက္လာတယ္ ႏိုင္ငံအခ်ိဳ႕မွာ ေအာင္ျမင္ခဲ့ေပမယ့္ မိခင္ႏိုင္ငံကေတာ့ အေၾကာက္လြန္လူသားေတြၾကား လူးလြန္႔လႈပ္႐ွာခြင့္မရ
လတ္တေလာမွာ ေနာက္ထပ္ ဒီမိုကေရစီလိႈင္းတစ္ခု ကမာၻအဝွမ္းမွာ ထပ္မံလႈပ္႐ွားလာျပန္တယ္ ဂုတ္ေပၚဓားမိုး အုပ္စိုးေနတဲ့ အာဏာ႐ွင္ေတြကိုယ္တိုင္က ဦးေဆာင္လႈပ္႐ွားလာတာပါ သူတို႔ကိုယ္တိုင္ လမ္းဖြင့္ၿပီးေပါ့ မဖြင့္လို႔ကလည္း မရေတာ့ဘူးေလ
လြန္ခဲ့တဲ့ ႏွစ္သံုးဆယ္ေလာက္က ကိုယ့္ႏိုင္ငံကိုယ့္ဥပေဒနဲ႔ ကိုယ္လုပ္ခ်င္ရာလုပ္ေနႏိုင္ေပမယ့္ ဒီကေန႔ေခတ္အခါက အရာရာေျပာင္းလည္းသြားၿပီမဟုတ္လား
ဒီေတာ့ ကြၽန္ေတာ္တို႔လို အသြင္ကူးႏိုင္ငံတိုင္းပါပဲ လက္ဝယ္အာဏာပိုင္ဆိုင္သူေတြက ျပည္သူကျဖဳတ္မခ်ခင္မွာ အရင္ဆုတ္တဲ့သေဘာေပါ့ သူ႔ရဲ႕လုပ္ရပ္ေတြကို ဖိဖို႔ကြယ္ဖို႔ ေနာက္ေၾကာင္းျပန္လွည့္ အေရးမယူဖို႔ ကိုယ္တိုင္ေရးဆြဲတဲ့ မတရားဥပေဒကို အကာအကြယ္ယူၿပီးေပါ့
ဒါကိုသိေပမယ့္ လူထုေခါင္းေဆာင္က ဘာလို႔ေရြးေကာက္ပြဲဝင္ၿပိဳင္တာလဲ စိတ္ဝင္စားစရာေကာင္းတယ္ မတရားမွန္းသိေပမယ့္ သူ႔အေနနဲ႔ မ်ိဳးေစ့ခ်လိုက္တာလို႔ပဲျမင္တယ္ ဝင္မၿပိဳင္ပဲ သဘိတ္ေမွာက္ခဲ့ရင္ ျဖစ္လာမယ့္အက်ိဳးဆက္က ခန္႔မွန္းရမွ မခက္ဘဲ သူကိုယ္တိုင္ ၾကံဳေတြ႔ခဲ့ဖူးတာမဟုတ္လား ဒီေတာ့ေခါင္းဝင္ရင္ ကိုယ္ဆံ့ဆိုသလို တေျဖးေျဖးတိုးဝင္ရင္နဲ႔ ခိုင္မာေအာင္တည္ေဆာက္ဖို႔ က်ိဳးစားလိုဟန္တူတယ္
ႏွစ္ဖက္စလံုးမွာေတာ့ အယူအဆမတူေတြ႐ွိေနႏိုင္တာေတာ့ သတိထားဖို႔လိုတယ္ ကိုယ့္အက်ိဳးစီးပြားမထိခိုက္သ၍ လႊတ္ထားေပမယ္ ထိပါးလာရင္ ၾကမ္းဖို႔ရမ္းဖို႔ အဆင္သင့္ျဖစ္ေနသူေတြေပါ့ တစ္နည္း ေခ်ာက္ထဲက်ရင္ ကယ္ဖို႔ေစာင့္ေနတဲ့ သူရဲေကာင္းေတြ႐ွိေနတယ္မဟုတ္လား
လွပညက္ေညာတဲ့ ကစားဟန္နဲ႔ လက္ခုပ္သံေတြတညံညံၾကား တရစပ္တိုက္စစ္ဆင္ကစားရင္း အကြက္ေခ်ာင္းေနတဲ့ တန္ျပန္တိုက္စစ္သမားေတြရဲ႕ ထိုးႏွက္မႈေတြကို သတိျပဳေစလိုရင္း....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သန္းထြန္းေလး အင္းတဲရြာ
ေအာင္ညီကိုေရႊထည္စက္ျဖတ္လုပ္ငန္း
Koloneypoe@gmail.comkoloneypoe@gmail.com
No comments:
Post a Comment