သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, November 17, 2018

တောင်ကြီးမြို့

🌴
~~~~~~~~
ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေ အမြင့်တွင်တည်ရှိပြီး အေးချမ်းသာယာ သန့်ရှင်းသည့် ဂုဏ်သတင်းကျော်သောမြို့ဖြစ်သည်

ရှမ်းပြည်တောင်ပိုင်း ရိုးတောင်တန်းပေါ်တွင်တည်ရှိပြီး ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည်

သမိုင်း
~~~~
အင်္ဂလိပ် အစိုးရလက်ထက် မြန်မာသက္ကရာဇ် ၁၂၅၃ ခု ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ကြောင်း မှတ်သားရပါသည်
၁၈၉၃ ခုနှစ်တွင် မြို့တော်အဖြစ်သမုှတ်သည်

ယခင် တောင်ကြီးမြို့ဟူ၍ ဖြစ်တည်မလာမီက ဒုံတောင်တီရွာ ဝါ ဒုံတောင်ကျည်းရွာ ဟု အမည် ရသည်

တောင်တီကို ရှမ်းအမည်ဖြင့် တွမ်တီး ဟုခေါ်သည်
တည်ပင်ပေါက်ရာအရပ်ဟု ဆိုလိုသည်

ပအိုဝ့်ရွာလေးက စတင်ခဲ့တဲ့ ဒီမြို့ကြီးဟာ ဒီနေ့ဒီအချိန်မှာတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ မှီတည်ရာအဖြစ် ခန့်ခန့်ထည်ထည်ရှိနေပါတယ်

မီးပုံးပျံပွဲ
•••••••••
မြန်မာ သက္ကရာဇ် ၁၃၀၃ တန်ဆောင်မုန်းလပြည့်ညတွင် မြို့မရပ်ကွက်ရှိ ကုန်းသာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ပိတ်သားဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံတစ်ခုစတင် တင်လွှတ်ပူဇော်ရာမှ အစပြုတယ်လို့ မှတ်သားရပါတယ်

စဝ်စံထွန်းဆေးရုံ
•••••••••••••••••••

ရုရှားမှ ချစ်ကြည်ရေးအဖြစ် တည်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်

၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် အုတ်မြစ်ချခဲ့ကာ ၁၉၆ဝ ခုနှစ်၊ ဒီဇင် ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်

၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကုတင် ၂ဝဝ ဖြင့် လူနာများကို စတင်ကုသပေး ခဲ့ကြောင်း သိရသည်

ယခင်က ရုရှားဆေးရုံဟုလည်း ခေါ်ဝေါ် ကြပြီး လွတ်လပ်ရေးမရမီ ကာလ ကြားဖြတ်အစိုးရ လက်ထက် တောင် တန်းဒေသဆိုင်ရာ ဝန်ကြီးဖြစ်သည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို ဂုဏ်ပြုသောအားဖြင့် စဝ်စံထွန်း ဆေးရုံကြီးဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုး fb
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...