ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Sunday, November 18, 2018
စကားပြောဆိုရာဝယ်
********************
ဒေသနာတော်တွေမှာ စကားပြောဆိုခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသမှုလေးတွေရှိတယ်
စကားခြောက်ခွန်း လူ၌ထွန်း
လေးခွန်းကိုပယ် နှစ်ခွန်းတယ်
ကျွန်တော်တို့နှုတ်ထက်မှာ မစိမ်းတဲ့လင်္ကာလေးဆိုပေမယ့် အဓိပ္ပါယ်ကောက်လွဲမှားနေတာမျိုးလည်း ရှိနိုင်တယ်လေ
အရင်က စကားပြောချင်တိုင်း မပြောရဘူး ခြောက်ခါလောက်ပြောချင်မှ နှစ်ခါလောက်သာ ပြောရတယ် စကားနည်းရန်စဲသဘောလို့ ထင်ခဲ့တာ
စကားမပြောပဲ ဝစီပိတ်ဘာညာ ကျင့်တာတွေကို မြတ်စွာဘုရားက သူအကျင့်စဉ်လို့ ပြစ်တင်တော်မူတယ်
တကယ့်ဆိုလိုရင်းအဓိပ္ပါယ် စကားခြောက်ခွန်းဆိုတာက
၁ မှန်သည် အကျိုးရှိ နှစ်သက်သည်
၂ မှန်သည် အကျိုးရှိ မနှစ်သက်
၃ မှန်သည် အကျိုးမရှိ မနှစ်သက်
၄ မှားသည် အကျိုးရှိ နှစ်သက်သည်
၅ မှားသည် အကျိုးမရှိ နှစ်သက်သည်
၆ မှားသည် အကျိုးမရှိ မနှှစ်သက်
မှန်ပြီးအကျိုးရှိတဲ့စကားဆိုရင် နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ပြောသင့်သည့်အချိန်မှာ ပြောသင့်တယ်လို့ဆိုတယ်
ဒီနေရာမှာ ပြောသင့်သည့်အချိန်ဆိုတဲ့ ကာလလေးသတ်မှတ်ထားတာကိုတော့ သတိချပ်ဖို့လိုတယ်
တစ်ချို့မှာ ငါကသူ့အတွက်ကောင်းစေချင်လို့ ပြောတာကို နားမလည်ဘူး စသည်ဖြင့်ဖြစ်နေတာတွေက အချိန်ဆိုတဲ့ ကာလလေးလိုအပ်နေလို့ ဖြစ်တာပါ
လူမှုဝန်းကျင်မှာ စကားပြောဆိုမှုကနေ ရှုပ်နေတဲ့ပြဿနာလေးတွေကနေ ကင်းဝေးပါစေကြောင်း ဆုတောင်းရင်း...........
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
စကားေျပာဆိုရာဝယ္
********************
ေဒသနာေတာ္ေတြမွာ စကားေျပာဆိုျခင္းနဲ႔ ပတ္သက္ၿပီး လမ္းၫႊန္ျပသမႈေလးေတြ႐ွိတယ္
စကားေျခာက္ခြန္း လူ၌ထြန္း
ေလးခြန္းကိုပယ္ ႏွစ္ခြန္းတယ္
ကြၽန္ေတာ္တို႔ႏႈတ္ထက္မွာ မစိမ္းတဲ့လကၤာေလးဆိုေပမယ့္ အဓိပၸါယ္ေကာက္လြဲမွားေနတာမ်ိဳးလည္း ႐ွိႏိုင္တယ္ေလ
အရင္က စကားေျပာခ်င္တိုင္း မေျပာရဘူး ေျခာက္ခါေလာက္ေျပာခ်င္မွ ႏွစ္ခါေလာက္သာ ေျပာရတယ္ စကားနည္းရန္စဲသေဘာလို႔ ထင္ခဲ့တာ
စကားမေျပာပဲ ဝစီပိတ္ဘာညာ က်င့္တာေတြကို ျမတ္စြာဘုရားက သူအက်င့္စဥ္လို႔ ျပစ္တင္ေတာ္မူတယ္
တကယ့္ဆိုလိုရင္းအဓိပၸါယ္ စကားေျခာက္ခြန္းဆိုတာက
၁ မွန္သည္ အက်ိဳးရွိ ႏွစ္သက္သည္
၂ မွန္သည္ အက်ိဳးရွိ မႏွစ္သက္
၃ မွန္သည္ အက်ိဳးမရွိ မႏွစ္သက္
၄ မွားသည္ အက်ိဳးရွိ ႏွစ္သက္သည္
၅ မွားသည္ အက်ိဳးမရွိ ႏွစ္သက္သည္
၆ မွားသည္ အက်ိဳးမရွိ မႏွွစ္သက္
မွန္ၿပီးအက်ဳိး႐ွိတဲ့စကားဆိုရင္ ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ ေျပာသင့္သည့္အခ်ိန္မွာ ေျပာသင့္တယ္လို႔ဆိုတယ္
ဒီေနရာမွာ ေျပာသင့္သည့္အခ်ိန္ဆိုတဲ့ ကာလေလးသတ္မွတ္ထားတာကိုေတာ့ သတိခ်ပ္ဖို႔လိုတယ္
တစ္ခ်ိဳ႕မွာ ငါကသူ႔အတြက္ေကာင္းေစခ်င္လို႔ ေျပာတာကို နားမလည္ဘူး စသည္ျဖင့္ျဖစ္ေနတာေတြက အခ်ိန္ဆိုတဲ့ ကာလေလးလိုအပ္ေနလို႔ ျဖစ္တာပါ
လူမႈဝန္းက်င္မွာ စကားေျပာဆိုမႈကေန ႐ႈပ္ေနတဲ့ျပႆနာေလးေတြကေန ကင္းေဝးပါေစေၾကာင္း ဆုေတာင္းရင္း...........
သန္းထြန္းေလး အင္းတဲရြာ
ေအာင္ညီကိုေရႊထည္စက္ျဖတ္လုပ္ငန္း
သန်းထွန်းလေး (အင်းတဲရွာ)
-
#ႀတိစကၠစာအုပ္မ်ား (၄၁) အုပ္ပါခဗ်ာ (၁)ႀတိစကၠ ဆယ့္ႏွစ္ႀကိဳးေမွာ္ရံု http:// www.mediafire.com /download/p1bc9b3kera4yth/ႀတိစကၠ_ဆယ့္ႏွစ္ႀကိဳး...
No comments:
Post a Comment