သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, November 18, 2018

လူဆိုးလူမိုက်


~~~~~~~~
လူဆိုတဲ့စကားလုံးကို ဘုံထုတ်လိုက်ရင် ဆိုးတာနဲ့ မိုက်တာ ကျန်ခဲ့တယ်

ဆို်းတယ်ဆိုတာက အမူအကျင့်ကို ရည်ညွှန်းတာဖြစ်မယ်
သတ်နေဖြတ်နေ ခိုးနေလုနေ မှောက်မှောက်မှားမှား ကာမဂုဏ်ခံစားနေ လော်လော်လီလီ ပြောနေဆိုနေ မူးရစ်ဝေဝါးနေတ့ဲသူတွေရဲ့ သဏ္႑ာန်ကို ဆိုးတယ်လို့ မှတ်ယူကြတယ်

မိုက်တယ်ဆိုတာကတော့ မှောင်နေမိုက်နေတဲ့နေရာ ဘာမှမမြင်ရသလိုပေါ့ ယောင်ယောင်ကန်းကန်း လျှောက်မိရာလမ်းမှာ စမ်​းတ​ဝါးဝါး

ဒါကိုပါဠိစာပေမှာတော့ ဗာလလို့ ရေးတယ်
ဗာဆိုတာကတော့ နှစ်လို့ အဓိပ္ပါယ်​ဖွင့်ပြီး
လဆိုတာကိုတော့ ပျက်စီးစေတယ်လို ဖွင့်ဆိုကြတယ်

ကိုယ်ရော တစ်ပါးသူ နှစ်ဖက်စလုံးမှာ ပျက်စီးဆုံးရှုံးစေအောင် ကြံဆောင်သူလို့ ဆိုလိုတယ်

တစ်နည်း ဒီဘဝမှာကော နောက်ဘဝ နှစ်မျိုးစလုံးမှာ ပျက်စီဆုံးရှုံးစေအောင် ကြံစည်တတ်သူလို့ ဖွင့်ကြတယ်

ရှေးဆိုရိုးစကားလေးရှိတယ် မမြင်မကန်းတဲ့

မမြင်လို့ တိုက်မိတာမှန်ပေမယ့် ပကတိမျက်စိက ကန်းနေတာတော့မဟုတ်ပါဘူး
အမှတ်​တမဲ့မို့ လုံလောက်တဲ့ အလင်းမရှိလို့ တိုက်မိတာမျိုးပါ်

ရက်ပါအဆိုတော် ကြက်ဖရဲ့ သီချင်းကလေးကလည်း အတော်စဉ်းစားဖို့ကောင်းတယ်

ကန်းနေတဲ့မျက်လုံးကတော့ လမ်းမမြင်
လန်းနေတဲ့မနက်တုံးကပေါ့ ကမ်းမမြင်တဲ့

မမြင်ခြင်းမှာ အ​ကြောင်​းအရာနှစ်မျိုးရှိနေနိုင်တယ်လေ အသိပညာကင်းကွာနေရင်လည်း အမှန်ကိုမမြင်နိုင်လို
ကိုယ့်ရဲ့ တစ်ကိုယ်ရည်အတ္တမာနတွေနဲ့ လန်းနေချိန်မှာလည်း လမ်းမှန်ကိုမြင်ဖို့ခက်ခဲနိုင်တာမျိုးလည်း ရှိနိုင်တာကို



သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရေသံသရာ