သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, May 25, 2017

အပ္ပမာဒေထ သမ္မာဒေထ



••••••••••••••••••••••••••••

သာမန်လူသားတွေဟာ အစဉ်သဖြင့် မေ့လျော့ပေါ့ဆနေတတ်တယ်တဲ့

မထင်ခဲ့ဘူးဗျ မမေ့ပါဘူး စားဖို့ သွားဖို့ ဘယ်နေ့မှာ ဘယ်သူနဲ့ ချိန်းထားတာ မနက်က ဘာစားတာ ညနေ ဘယ်သွားမှာ ဘာလုပ်မှာ အားလုံးသိနေတာပဲ
ကိုယ့်ကိုယ်ကို မေ့နေတယ်လို့ မထင်ဘူးလေ

ဓမ္မသဘောအရ ဒါတွေကိုက မေ့နေတာတဲ့

ဥပမာပေါ့
ထမင်းစားနေမယ် အဲ့ဒီအချိန်မှာ ထမင်းစားခြင်းအပေါ် စိတ်ရောက်မူက တဒင်္ဂ​လေးတွေ လောက်သာပဲဗျ စိတ်အစဉ်က အတိတ်နဲ့ အနာဂါတ်ဆီကို လူးလားခေါက်ပြန် သွားနေတာ မနေ့ကဘယ်သွားတာ ဘာလုပ်တာ ခု ထမင်းစားပြီး ဘယ်သွားရမှာ စသည်ဖြင့်ပေါ့ အဲ့ဒီအချိန်မှာ ငရုပ််သီးကိုက်မိပြန်တော့ ပါးစပ်​ပူသွားတော့ အဲ့ဒီကို စိတ်ကရောက်သွားပြန်ရော့

တကယ်တော့ ထမင်းစားနဲ့အချိန်မှာ ထမင်းစားခြင်းအပေါ်မှာပဲ စိတ်ကရှိနေခဲ့ရင် စောစောက ဒုက္ခမျိုးက လွတ်မှာပါ

လမ်းလျှောက်တဲ့အချိန်မှာ လမ်းလျှောက်တဲ့အပေါ် သတိမထားတာကြောင့် ရံခါမှာ ဘေးအန္တရာယ်တွေ ဖြစ်ကြတာ တွေဖူးမှာပါ
လမ်းလျှောက်ခြင်းလုပ်မယ်ဆိုရင် ဘာတွေလိုအပ်မလဲ မျက်စိက အတားအဆီး ကျင်းချိုင့်တွေကို ကြည့်ရမယ် နားက အသံကိုနားစွင့်ထားရမယ် ဒါဆိုရင် အန္တရာယ်ကင်းပါတယ် ခုတော့မဟုတ်ဘူးလေ
မျက်​စိက ဟိုငေးဒီငေး စိတ်ကဟိုတွေးဒီတွေဆိုတော့ ဖြစ်ပြီပေါ့

တယ်လီဗေးရှင်းကြည့်ရင်တောင် ဇာတ်လမ်းအစဉ်ကို ခံစားနေတာမှမဟုတ်တာ စိတ်ထဲမှာတင် ဇာတ်လမ်းကို ရှေ့ပြန်ရစ်လိုက် နောက်ဘာဖြစ်မလဲ တွေးကြည့်လိုက်မဟုတ်လား တစ်​ခါတစ်​​လေကြည့်သာကြည့်နေတာ ဘာပြောလိုက်မှန်း ဘာလုပ်လိုက်မှန်းမသိလိုက်လို့ ပြန်ရစ်ကြည့်ရတာမျိုးရှိမှာပါ

ဘာ့ကြောင့်လည်းဆိုတော့ မျက်စိက မြင်တတ်တဲ့သဘာဝပဲရှိတာ မြင်သိစိတ်မရှိဘူး နားကကြားတတ်တဲ့ သဘာဝပဲရှိတာ ကြားသိစိတ်မရှိဘူး

တခြား အကြောင်းအရာတွေကိုလည်း ဒီအတိုင်းလေး စဉ်းစားကြည့်ပေါ့
ထိုင်တဲ့အချိန်မှာ ထတဲ့အချိန်မှာ စိတ်ကလေးညွှတ်ကြည့်မယ်ဆိုရင်

သိပ္ပံပညာရှင်​တွေရဲ့ စကားတစ်ခု ကြားဖူးတယ်ဗျ မြစ်တစ်ခုမှာ နှစ်ခါရေမချိုးနိုင်ဘူးတဲ့ သာမန်လူသားတွေရဲ့ အသိမှာ ရေကရှိနေတယ်ထင်တော့ ပြောင်းလည်းသွားတာ မမြင်ဘူးလေ မြစ်ရေဆိုတာ စီးဆင်းနေတာမဟုတ်လား

မြတ်​ဗုဒ္ဓကတော့ လူတစ်ယောက်ဟာ နှစ်ခါမလုပ်နိုင်ဘူးတဲ့ ဘာကြောင့်လည်းဆိုတော့ လူ့ခန္ဓာဟာလည်းအစဉ်ဖြစ်ပျက်နေတာကိုး
စောစောက လူနဲ့ အခုလူ တူမှမတူပဲ copy အရမ်းကောင်းနေတော့ တူတူပဲထင်တာ လူတွေရဲ့ သာမန်မျက်စိမှာ ပျက်တဲ့သဘာဝကို နှစ်အပိုင်းအခြားလောက် ကြာမှသာ သိကြတာဗျ ဒါကြောင့် ငယ်ငယ်က သူငယ်ချင်းမျိုး ပြန်တွေ့လိုက်ရချိန်မှာ အိုသွားလိုက်တာ ငယ်ရုပ်ဖမ်းပြီး မနည်းစဉ်းစားယူရတယ် စသည်ဖြင့် ဖြစ်ကြတာပေါ့

ဒါတွေက ရုပ်ဝတၳုပိုင်းသာပါ

စိတ်က ထိုထက်ကို လျှင်မြန်စွာပြောင်းလည်းနေတယ်တဲ့ ဒါကို လက်တွေ့သိချင်ရင် စိတ်ကို ဝင်သက်ထွက်သက်ရဲ့ ဂိတ်တံခါး နှာသီးဖျားမှာ ထားကြည့်ပါ အလေ့အကျင့်မရှိရင် တစ်မိနစ်ပြည့်ဖို့မလွယ်ဘူးဗျ
ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်

ဓမ္မရဲ့ဂုဏ်တော်ကိုက လာပါ စမ်းကြည့်ပါ ချမ်းသာမှုလက်ငင်းရမယ်
ဘယ်သူကမှ ပေးတာမျိုးမဟုတ်ဘူး ဘယ်သူကမှ မ တာမျိုး မဟုတ်ဘူး ကိုယ်လုပ်လို့ ကိုယ်ရတာ လူငှါးမရဘူး ဝယ်လို့မရဘူး ဖြတ်လမ်းမရှိပေါ့

သန်းထွန်းလေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...