သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, May 25, 2017

ရွှေလောက အခွံသာ ကျန်ပါသည်




%%%%%%%%%%%%%%%%%%

ရွှေလောကရဲ့ အခွန်ပြဿနာက အစိုးရမင်းများ တွေးမှတ်ထားသလောက် လွယ်​လွယ်​ကူကူနဲ့ ကျော်ဖြတ်နိုင်မယ့်အရာမဟုတ်ဘူးလို့ ယူဆတယ်ဗျ

အရာရာ နောက်ကျကျန်နေခဲ့တဲ့ နိုင်ငံကို ဆွဲတင်ရာမှာ အစိုးရအနေနဲ့ အခွန်ဖက် ခေါင်းတည်နေတာ ဆိုးကျိုးတွေ ရှိလာနိုင်တယ်ဗျ

ဈေးကွက်ပြိုင်ဆိုင်မှု ရွှေဈေးအဆမတန် မြင့်တက်လာမှု နိုင်ငံရေးလှုပ်ခတ်မှု သဘာဝဘေးဒဏ်တွေကြောင့် ယဲ့ယဲ့သာ ကျန်တော့တဲ့ ရွှေလုပ်သားလောကအတွက် လားရာမကောင်းနိုင်ဘူးဗျ

အခွန်ကိစ္စရှိလာတော့ ရွှေဆိုင်တွေနဲ့ နယ်ကုန်သည်တွေက ယခင်ထက် လက်ခလျော့ပေးတော့မှာပါ ဒါလည်းသူတို့အပြစ်မဟုတ်ပါဘူး တစ်ယောက်ကို သ်ိန်းနှစ်ဝန်းကျင်လောက် အလုပ်ပေးထားပြီးတော့ ဒီလောက်တော့ မြတ်ချင်မှာပါ

စီးပွား​ရေးဆိုတာ အကျိုးအမြတ်ကို ရှေးရှုရတာပဲ

ဒီတော့ လုပ်ခ နညး်လာတဲ့အတွက် ပန်းထိမ်သမားကလည်း ဂဟေပိုပြီး ဆော်လာမယ်ဆိုရင်

ဒီဆိုးကျိုးကို အဓိကခံရမှာက ရွှေဝယ်တဲ့ သာမန်ပြည်သူတွေပါ

တစ်ချို့ကတော့ ခပ်ပေ့ါပေါ့ပြောကြတာရှိတယ်ဗျ အခွန်ကောက်ရင် မဝယ်ဘူးပေါ့ ဒါက မြို့နေလူတန်းစားတစ်ချို့ရယ်သာပါ

မြန်မာနိုင်ငံရဲ့ ၇၅ ရာခိုင်​နှုန်​းဟာ ကျေလက်နေ တောင်သူလယ်သမားတွေပါ သီးနှံရိပ်သိမ်းပြီးချိန် လက်ထဲမှာ ငွေပိုငွေလျံလေး ရှိလာခဲ့ရင် ရွှေထည်ပစ္စည်းလေးတွေဝယ်စုတတ်ပြတယ်ဗျ
ဘဝနောင်ရေးအတွက် ဒါမှမဟုတ် မရှိဝမ်းစာဖြည့်ဖို့အတွက် ဒါမှမဟုတ် သားသမီးကို ရှင်ပြုနားသပြုလုပ်ပေးလိုတဲ့အတွက် စသည်ဖြင့် ရည်ရွယ်ချက်တွေနဲ့ပါ

ရွှေဆိုတာ အသုံးလိုရင် ငွေပေါ်ဖို့လွယ်တယ် သိမ်​းဆည်​းရ လွယ်ကူတယ်လေ

ဒီနေ့ခေတ်
••••••••••••

လူတစ်ချို့က ပန်းထိမ်သမားဆိုတာနဲ့ နည်းနည်းအထင်ရှိတတ်တယ် အဆင်ပြေတယ်ပေါ့ အရိပ်ထဲမှာနေပြီး လုပ်ရတာဆိုတော့ မပင်ပန်းဘူး ဘာညာပေါ့လေ

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတော့ ဟုတ်ပါတယ် ပန်ထိမ်သမားတစ်ယောက်ရဲ့ ဝင်ငွေက မိသားစုအတွက် စားသောက်ရုံသာမက ပိုလျှံပါလိမ့်မယ်

ဒီနေ့ခေတ်မှာတော့ ပန်းထိမ်သမားတွေ တဖြည်းဖြည်း ကျပ်တည်းလာတယ် ဒီနောက်ဆုံး သုံးနှစ်မှာ ပြီးခဲ့တဲ့နှစ်က အဆိုးဆုံးပဲ တစ်နှစ်လုံးမှ အလုပ်ကောင်းတာ နှစ်လဝန်းကျင်ပဲ ရှိတယ် ကျန်တဲ့အချိန်က ရရစားစားပဲ

ဒီတော့မိသားစု စားဝတ်နေရေးအတွက် ကြံဖန်ရတဲ့အချိန်မှာ သုံးရင်းနဲ့ လက်ထဲက စုထားတာအပြင် အလုပ်ကရွှေပါ ထိမိလာတယ် ဒီတော့ ပန်းထိမ်ဆရာရဲ့ ငြိုငြင်မှုခံရတယ် မိသားစု ငြိုငြင်မှုခံရတယ်

အဆုံးအစွန်အနေနဲ့ စာရိတ္တပိုင်းမှာပါ ထိခိုက်လာတာမျိုးတွေ တွေ့မိတယ်ဗျ

မြန်မာနိုင်ငံမှာ ဘယ်ဝန်ထမ်း လုပ်ခ လစာတိုးတိုး မတိုးပဲ တဖြည်​းဖြည်​းလျော့လာတာ ပန်းထိမ်သမားပဲရှိပါတယ် ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့အမျှ ခေတ်ကာလပြောင်းလည်းလာမှုအရ သာမန်လက်ခစား ပန်းထိမ်သမားတွေနဲ့ ကိုယ်ပိုင်ပန်းထိမ်ဖိုငယ်လေးတွေက နစ်ပြီးရင်း နစ်လာတယ်ဗျ

တစ်ချို့ ဒီလုပ်ငန်းမလုပ်ကိုင်ကြတော့ပဲ လုပ်ငန်းပြောင်းကြရတဲ့အထိပဲ

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

နိုင်ငံတစ်နိုင်ငံမှာ အခွန်ဆိုတာတော့ ရှိမှာပါပဲ ရှိရမှာပါပဲ

ဒါပေမယ့်............ အခွန်ထမ်းဖို့ ပြည်သူတွေ အဆင်သင့်ဖြစ်ပြီလား ကျွန်တော်မသိဘူး

သန်းထွန်းလေး
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း



Than Htun Lay . INDE

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...