သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, May 25, 2017

နိုင်​ငံ​ရေး



€€€€€€

ကျွန်တော့်အစ်ကို ပြောဖူးတယ်ဗျ
နိုင်​ငံ​ရေးလုပ်တယ်ဆိုတာ ထ္မင်းစားတတ်ရင်ရပြီတဲ့

ဘာ့ကြောင့်လဲလို့ မေးတော့ ထ္မင်းစားတဲ့အချိန်မှာ ကိုယ့်ရဲ့ ကိုယ်နေဟန်ထားတွေကို ဂရုစိုက်ပြီး သုံးသပ်ကြည့်ပေါ့တဲ့

လက်
((((((
မွေးကတည်းက မညီတဲ့ လက်ငါးချောင်းဟာ စားတဲ့အချိန်မှာ တစ်ညီတည်းဖြစ်သွားတယ်လေ

ဒါက ဘာကိုပြသလဲဆိုရင် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ပြည်သူ့အတွက်ရယ်လို့ ရှေးရှုရင် ပြည်သူကောင်းကြိုးလိုလားတယ် ဆိုရင် ပုဂ္ဂိုလ်ဂိုဏ်းဂဏ မခွဲခြားပဲ နာမည်ရဖို့အတွက် ထင်ပေါ်ကျော်ကြားဖို့အတွက်မဟုတ်ဘဲ အားလုံးတက်ညီလက်ညီ ကိုယ်နိုင်တဲ့ဖက်က ဝိုင်းဝန်းထမ်းပိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်​ပဲ

ဒီလိုမှမဟုတ်ဘဲ ပြည်သူ့အတွက်ဆို အမြဲမညီတဲဲ့ လက်ငါးချောင်းက အိပ်ကပ်ထဲတည့်ဖို့ကျ တစ်ညီတည်းဖြစ်သွားရင်တော့ ......

ပါးစပ်
*****
ပါးစပ်ကလည်း အမြဲဟနေဖို့ မသင့်တော်ဘူးလေ အစာမဟုတ်ဘဲ လေပဲဝင်လာနိုင်တယ် ဒါကပြဿနာ သိပ်မရှိဘူး ရောဂါပိုးမွှားတွေ ဝင်လာမှဖြင့်

မီဒီယာမှာ ပေါ်ပြူလာဖြစ်ဖို့လောက်သာ လုပ်နေပြီး တကယ့်တကယ် ပြည်သူ့အတွက်ကြတော့ အကျိုးမရှိပဲ ဖြစ်တတ်တာကိုး

သွား
%%
ဒေသအမျိုးမျိုးက ဝင်လာတဲ့ အခွန်ကို စနစ်တကျ ခွဲခြမ်းတတ်ဖို့လိုတယ်လေ ဒီလိုမှမဟုတ်ဘဲ သူ့တာဝန်မကျေရင် ဗိုက်အောင့်ဗိုက်နာ ရင်ပြည့်ရင်ကယ် ဖြစ်တတ်တာပေါ့

ဒါကတော့ မပြောတတ်ဖူးဗျ

လျှာ
<>
အပေါ်နဲ့အောက်ကို ပေါင်းကူးပေးတဲ့ သယ်ယူပို့ဆောင်သူရဲ့ ကန္တက သိပ်အရေးပါတယ်ဗျ

ကိုယ်နိုင်ငံရဲ့ အလေအလွင့်အများဆုံးနေရာပါပဲ

လူသုံးယောက်ဆင့်ပြီးရပ်နေတယ်ဆိုပါတော့ အောက်ဆုံးလူက အပေါ်မော့ကြည့်ရင် အပေါ်ဆုံးလူ မမြင်ရဘဲ ကြားလူရဲ့ ငယ်ပါပဲမြင်ရတယ် ဒါပေမယ့် မမဲ့ရဲဘူး ပြုံးပြုံးကြီးကြည့်နေရတာမျိုး

အစာအိမ်
®®®®®

အပေါ်က ဘာတွေပဲပေးပေး ငြင်းပယ်ခွင့်မရှိဘူး အသာတကြည်​လက်ခံကြရတာ အားဖြစ်တဲ့ အစာဖြစ်စေ ဘေးဖြစ်မယ့် အဆိပ်ဖြစ်စေ

ဒါပေမယ့် သူ့ကိုလျော့မတွက်နဲ့နော် အားလုံးကို ပြန်လည်တွန်းလှန်နိုင်တဲ့ စွမ်းအားအပြည့်ရှိတယ်တဲ့

[]]]]]][[[[[[[

သန်းထွန်းလေး
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ထားထက်ထက် 17 April 2025 ၊ 17 April 2

  သင်္ကြန်ဆိုတာ ဘာမှန်းမသိရတော့လောက်အောင် ခံစားချက်တွေ ထုံနေတဲ့ အချိန်မှာ မြန်မာနှစ်သစ် အတွက် ဆုတောင်းကတော့ တလရကြီး အမြန် အောင်၊ ကိုယ့်အိမ်က...