သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, May 25, 2017

မြေဝယ်မကျ


¿¿¿¿¿¿¿¿¿¿

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လူကြီးသူမ လေးစားရတဲ့ ဆရာ ဆရာမ မိဘဘိုးဘွားတွေရဲ့ ဆုံးမစကားကို ကိုယ့်ရဲ့ အသိဉာဏ်မှာ အမြဲတည်နေအောင် စွဲမြဲနေအောင် မှတ်သားလိုက်နာရမယ်

သူတို့ရဲ့ မေတ္တာနဲ့ယှဉ်တဲ့ ဆုံးမစကားကို  မေ့လျှော့ပေါ့ဆစွာ ကိုယ့်ရဲ့ အသိဉာဏ်နဲ့မယှဉ်ပဲ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန်တန် ကြားခါမတ္တသာရှိပြီး မလိုက်နာတာမျိုးကို မြေမှာကျပြီး ပြောက်ပျက်သွားရင် အကျိုးမဲ့လိမ့်မယ်လို့
ဆုံးမတဲ့ သဘောပါ

ဒါပေမယ့် ကျွန်တော်က ကြောင်တောင်တောင်ရယ် ရှင်းနေတာတွေကို တဖန်ပြန်ရှုပ်ပြီး တွေးရတာ ဝါသနာပါတယ်ဗျ

ဒီစကားကို စီးပွား​ရေးဖက်မှာ သွားတွေးမိတယ်

ဘာ​ကြောင့်​လဲဆိုတော့ ဒီနေ့ခေတ်မှာ မြေသာဝယ်ထားဗျာ ဈေးကျသွားတယ်ဆိုတာ ရှာမှရှားရယ် အချိန်ကြာလေ တန်ဖိုးမြင့်လေ ဘဝနောင်ရေး စိတ်အေးရလေပဲ မဟုတ်လား


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)

  မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)  ________ . ဗုဒ္ဓဒေသနာတွေကို သရုပ်ခွဲကြည့်ရင် သုတ္တန် ဝိန...