သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, May 1, 2017

အကျင့် စရိုက် ဝါသနာ




★ ★ ★ ★ ★ ★ ★

အကျင့်ဆိုတာတော့ ရှင်းပါတယ် မြန်မာစကားမှာ အလေ့အကျင့်ဆိုတာ ရှိတယ်လေ တစ်ရှိုက်မတ်မတ် စွဲမြဲ လုပ်ဆောင်လာခဲ့တဲ့ အမူအကျင့်လေးတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်သန္တန်မှာ ကပ်ငြိပြီး မိမိနဲ့ တစ်သားတည်းပုံစံမျိုး စွဲမြဲသွားတတ်တယ်ဗျ

အကျင့်ကနေ နှစ်ရှည်လများ ဆွဲမြဲသွားရင် သင့်ရဲ့ စရိုက်အဖြစ် ပြောင်းလဲသွားမှာပါ ဘဝနဲ့ချီပြီး ဆွဲမြဲခဲ့မယ်ဆိုရင်တော့ ဝါသနာ လို့ဖြစ်သွားလိမ့်မယ်

ဝါသနာရယ်လို့ ဖြစ်လာရင် သုံးလောကထွဋ်ထား မြတ်ဘုရားသာ အလုံးစုံ ပယ်စွန့်နိုင်မယ့် အနေအထား ဖြစ်သွားပါပြီ

ဇာတ်နိပါတ်တော်မှာ တွေဖူးတယ် ရဟန္တာကြီးတစ်ပါးဟာ တွေ့တဲ့သူတိုင်းကို သူယုတ်မာ လို့နှုတ်ဆက်တတ်သတဲ့ သူရဲ့ စရိုက်ကို ရဟန္တာကြီး ဖြစ်ချိန်မှာတောင် မပယ်စွန့်နိုင်ခဲ့ဘူး

ကျမ်းဂမ်အလာ မဟုတ်ပေမယ့် မြန်​မာနိုင်​ငံမှာ အသိများတဲ့ ဇာတ်​လမ်​းလေး တစ်ပုဒ်လည်း ရှိတယ်ဗျ

လက်ယာတော်ရံ ရှင်သာရိပုတ္တရာ နဲ့ ပတ်က်ပြီးတော့ပါ တစ်နေ့ တကာတစ်ယောက်က ဆွမ်း သင်္ကန်​း ကပ်ဖို့လာပင့်ရာမှာ ဆရာတော်ဟာ လမ်းမှာ တွေ့တဲ့ ရေအိုင်လေးတွေကို တွေ့ချိန်မှာ ဆင်းမလျှောက်ဘဲ ခုန်ကျော်သတဲ့ ရှေးဘဝက မျောက်ဖြစ်ဖူးတဲ့အတွက် ဝါသနာ မပယ်နိုင်တာကြောင့်လို့ ဆိုပါတယ်
ဒါ့ကြောင့် ကိုယ့်ရဲ့ လူသားတစ်ယောက်အနေနဲ့ မလျှော်ကန် မသင့်မြတ်တဲ့ အမူအကျင့်လေးတွေကို ပြင်နိုင် ဆင်နိုင်တဲ့ လူ့ဘဝ ရတုန်း အခိုက်အတန့်မှာ ပြောင်းလည်းဖြောက်ဖျက်နိုင်ဖို့ သတိပြုစေချင်ပါတယ်

အလွယ်ဆုံး ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုဟာ ဆန်ထမင်းကို အဓိကအနေနဲ့ ငယ်ငယ်ကတည်း စားသုံးလာတဲ့အတွက် ထမင်းမှ မစားရရင် မတင်းတိန်သလိုမျိုး ဝမ်းမဝသလိုမျိုး ကြုံတွေ့ခံစားဖူးကြမှာပါ

အကောင်အထည် မရှိတဲ့ မနောစိတ်မှာလည်း တစ်ချို့ အမူအကျင့်လေးတွေဟာလည်း အမှတ်မထင် စွဲမြဲသွားတတ်တယ်ဗျ

ဥပမာပေါ့ .......

ဒေါသကြီးသူ
သူတို့ရဲ့ လားရာဘဝနဲ့ အတိတ်ဘဝကို အကြမ်းဖျင်းအားဖြင့် စိတ်ကူနဲ့ တွက်ဆကြည့်နိုင်ပါတယ် ဒေါသကြီးတယ်ဆိုမှတော့ဗျာ အစဉ်အမြဲ ဒုက္ခခံနေရတဲ့ ငရဲလိုမျိုး သူတစ်ပါးအသက်ကို သတ်ဖြတ်စားသောက်နေတဲ့ တိရိစာၦန်ဘဝတွေ ဖြစ်မှာပေါ့

ဝေဖန်ပိုင်းခြားပြီး မဆုံးဖြတ်နိုင်သူ
သူကတော့ ပြိတ္တာဘုံသားတွေဖြစ်နိုင်တယ် ဝေဖန်ပိုင်းခြားချိန်မရှိဘူးလေး ခံလိုက်စံလိုက်နဲ့ ဆင်းရဲတလှည့် ချမ်းသာတခါ ဘဝကို ပျော်လိုက် ဝမ်းနည်းလိုက်နဲ့ အလိုက်သင့် ဖြတ်သန်းသူ ဆိုပါတော့

တွေဝေလေးလံသူ
သူကတော့ သာမန် တိရစၧာန်​ဘဝတွေနဲ့ အစပ်အပ်ဆုံးပဲ ခိုင်းမှလုပ် စေမှသွားမယ်ထင်တယ်

ဒါက ကျွန်တော့်အယူအဆပါ မှားယွင်းဖို့ များပါတယ်

ငါ့လာမထိနဲ့ မီးပွင့်သွားမယ်
ဒါက ဒေါသသမားရဲ့ သူ့ဒေါသကို ဂုဏ်တင်ပြီးပြောတဲ့စကားပါ

ငါကစေတနာနဲ့ လုပ်တာကွ
ဒီစကားက ဝေဖန်ပိုင်းခြားပြီး မဆုံးဖြတ်နိုင်သူရဲ့ လက်သုံးစကားပါ

ငါတို့က စိတ်မပါရင် ဘာမှမလုပ်ဘူးကွ
ဒီစကားက တွေဝေသူရဲ့ လက်သုံးစကားပါ

စသည်ဖြင့် အမူအကျင့်ရှိသူတွေဟာ ကိုယ်​့ကိုယ်​ကို သတိနဲ့ ပြန်မကြည့်ပဲ အဲ့ဒီအပေါ်မှာပဲ သာယာသွားတတ်တာတွေ ရှိတယ်ဗျ


✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

ဒီလိုတွေ ဘာ့ကြောင့် လူလူချင်း ကွဲပြားနေရတာလဲ တစ်ဦးတစ်ယောက်က ဖန်ဆင်းခဲ့တယ်ဆိုရင် တစ်ညီတည်းမဟုတ်တောင် သိပ်ကွာခြားနေဖို့ မသင့်ဘူးနော်
ဗုဒ္ဓဘာသာက အဲ့ဒီပြဿနာ ဘဝပြဿာနာကို အဖြေရှာတဲ့ ဘာသာပါ သင်ချမ်းသာဖို့ ဖြစ်စေ ဆင်းရဲဖို့ဖြစ်စေ ဒေါသကြီးသည်ဖြစ်စေ လောဘကြီးသည်ဖြစ်စေ မောဟကြီးသည်ဖြစ်စေ သင်သာ သင့်ရဲ့ ဖန်​ဆင်​းရှင်​ပါ ဘယ်သူမှ သင့်ဘဝကို ချယ်လှယ်နိုင်မှာမဟုတ်ပါဘူး ထို့အတူ သင့်ရဲ့ ငြိမ်းချမ်းရာကို သင်သာ ရှာဖွေရမှာပါ

ဗုဒ္ဓ ဆိုတာ လမ်းပြသူသာ ဖြစ်ပါတယ်
ကယ်တင်မယ့်သူ မဟုတ်ပါဘူး

**************************************************************************

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...