သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, February 2, 2017

ရှင်သီဝလိ

အရှင်သီဝလိ
★ ★ ★ ★

     သီဝလိ ရဲ့ အဓိပ္ပါယ်​ကတော့
သီဝ = အပူငြိမ်းပြီး အအေးဓာတ်တွေကို
လာ = သယ်ဆောင်လာသော
အပူငြိမ်း၍ အအေးဓာတ်ကို သယ်ဆောင်လာသော ကလေးဟု မှတ်ယူရပါတယ်

    အရှင်သီဝလိ ကို ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် မြတ်​ဗုဒ္ဓ၏ ဆွေတော်မျိုးတော်များဖြစ်သော ကောလိယမျိုးနွယ် မဟာလိ မင်းသားကြီး နဲ့ သုပ္ပဝါသာ မင်းသမီးတို့မှ မွေးဖွားပါတယ်

     မွေးဖွားတော်မူစဉ် မီးနေခန်းမှာ သနေ္ဓသား ကန့်လန့်ခံလျှက် မမွေးဖွားနိုင်ပဲ ၇ နှစ် ၇ ရက် (မှတ်ချက် - အချို့နေရာ၌ ၇ နှစ် ၇ လ ၇ ရက်ဟု ရေးသားဖော်ပြကြသည်) တိုင်အောင် ကြာရှည်ပြီး နေခဲ့သည်

    နောင်များအခါ သာသနာမှာ အခြွေအရံ ပေါများရာမှာ လဒ်လာဘ ပေါများရာမှာ ဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ် ပေးတော်မူသော အဂ္ဂသာဝက တစ်ပါးရဲ့ ဘဝအစက အံ့အားသင့်ဖွယ် ဝဋ်ကြွေး တစ်ခုကို သံဝေဂယူဖွယ် တွေ့ရှိရသည်

   အတိတ်ဘဝ ဝဋ်ကြွေး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

    အရှင်သီဝလိ အလောင်းလျာ နဲ့ မိခင် သုပ္ပဝါသာ အလောင်းလျာ တို့ဟာ နှောင်းအတိတ် တစ်ချိန်က ဗာရာဏသီ မိဖုရား နဲ့ သားတော်တို့ ဖြစ်ခဲ့တယ် တစ်နေ့မှာ ကောသလမင်းဟာ သူတို့တိုင်းပြည်ကို လာရောက် သိမ်းပိုက်ပြီး မိဖုရားကို သိမ်းပိုက်လိုက်တယ် ဒီအခါ သားတော် သီဝလိ အလောင်းလျာဟာ နေပြည်တော်ကို စွန့်ခွာြပ်ီး လူသူလက်နက်အင်အား စုဆောင်းပြီး နေပြည်တော်ကို ဝန်းရံပိတ်ဆို့ကာ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့် အဓိက ဝင်ပေါက်ထွက်ပေါက် တွေကိုသာ အလေးထား ပိတ်ဆို့ ထားတဲ့ အတွက် သူ့ရဲ့ ပိတ်ဆို့မှုဟာ မထိရောက်ခဲ့ဘဲ ၇ နှစ် ကြာခဲ့တယ် နေပြည်တော်ထဲက မိခင်က တမန်စေလွှတ်ပြီး ငါ့သား နေပြည်တော်ကို ပိတ်ဆို့နေတာ မထိရောက်ဘူး အဓိကထွက်ပေါက်တွေကို ပိတ်ဆို့ထားနိုင်ပေမယ့် ရေလွှတ်ပေါက် ရေထွက်ပေါက် တွေကနေ စားနပ်​ရိက္ခာတွေ ရနေတယ် အဲ့ဒီအပေါက်တွေပါ ပိတ်ဆို့ထားလို့ အကြောင်းကြားတယ် ဒီတော့ အရှင်သီဝလိ အလောင်းလျာဟာ ရေလွှတ်ပေါက် ရေထွက်ပေါက်ပါအကျန် အားလုံးကို ပိတ်ဆို့ပစ်ပြီး နေပြည်တော်ကို တိုက်ခိုက်တာ ၇ ရက် ကြာပြီး နောက်ဆုံး မှာတော့ နေပြည်တော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်
   ဒါပေမယ့် ဒေါသတကြီး ပြုခဲ့ကြတဲ့ ဒီအကုသိုလ် ကြောင့် နောက်ဆုံးဘဝ ဖြစ်တဲ့ ဒီအချိန်မှာ ဒီဝဋ်ကြွေးကို သားအမိနှစ်ယောက် ပြန်လည် ခံစားရခြင်းဖြစ်တယ်

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

    ဖွားမြင်ပြီးနောက် ၁၈ ရက် နေပြီး ရှင်သာမဏေပြုခဲ့တယ်
သာသနာတော်မှာ သနေ္ဓသား ယူခင်ကတည်းက အချိန်တွေကို လူ့ဘဝ အချိန်အဖြစ် သတ်မှတ်တဲ့အတွက် (ဒါကြောင့် သံဃာတော်တွေ ရဟန်းခံတဲ့ အချိန်မှာ ၁၉ နှစ် ၂ လ ရှိနေရင် ရဟန်းခံခွင့် ပေးပါတယ် အသက် ၂၀ နှစ်အဖြစ် မှတ်ယူပြီးတော့ပါ ) တကယ့် ၁၈ ရက်သား မဟုတ်ဘဲ ၇ နှစ် ၂၅ ရက်သား ဟုလည်း မှတ်ယူနိုင်ပါတယ်
    ရှင်သာမဏေ ပြုစဉ်မှာလည်း ဆံပယ်စဉ်မှာ ကတည်းက ဥပဇ္ဇာယ် ဆရာဖြစ်သူ အရှင်သာရိပုတ္တရာ၏ လမ်းညွှန်ချက်အရ ဇာတိပတိသမ္ဗိဒါဉာဏ်ဖြင့် (မိခင်၏ ဗိုက်ထဲမှာ ပတိသနေ္ဓယူစဉ် ဒုက္ခကို ပြန်လည် သတိရ ဆင်ခြင်နိုင်သောဉာဏ်) ဝင်စားလျက် ရဟန္တာဖြစ်ပြီးနောက်မှ သာမဏေဘဝကို ခံယူခဲ့ပါတယ်

နောင်များအခါ မြတ်​ဗုဒ္ဓ သာသနာမှာ လာဒ်လာဘ ပေါများရာမှာ ဧတဒဂ် အခြွေအရံ ပေါများရာမှာ ဧတဒဂ်
ဘွဲ့နှစ်ခုကို တစ်ပေါင်းတစ်ဆည်းတည်း ရခဲ့သူ အရှင်သီဝလိ အလောင်းလျာ ရဲ့ အတိတ်ဘဝ ကုသိုလ်ကတော့

    လဒ်လာဘ ပေါများရခြင်း၏ အတိတ်ဘဝ ကုသိုလ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

လွန်ခဲ့ ၉၁ ကမ်ဘာ်ဘက ဗဒုမုတ္တရ မြတ်​စွာဘုရား လက်ထက်အချိန်က ဘုရားရှင် ကိုယ်တော်မြတ်ဟာ လဒ်လာဘ နဲ့ အခြွေအရံ ပေါများရာမှာ ဧတရာဇ် ပေးနေတဲ့ တရားပွဲကို နာကြားခဲ့ပြီး ယင်းသံဃာအား အားကျလျက် ဘုရားကို လေးပါးသော ပစ္စည်​းကပ်လှူလျက် ၄င်းဆုကို ပန်ယူခဲ့ပါတယ်

  လွန်ခဲ့သော ၃၁ ကမ္ဘာက ဝိပဿီဘုရားရှင် လက်ထက်မှာ အရှင်သီဝလိ အလောင်းလျာဟာ ကျေးတောသား တစ်ယောက်ပေါ့ တစ်နေ့မှာ သူ့ရဲ့ နွားခြံထဲက ဒိန်ချဉ် (နွားနို့ခဲ) ကိုယူပြီး နေပြည်တော်ကို တက်လာခဲ့တယ် လက်ဆောင်ပေးဖို့ အတွက်ပါ လမ်းတစ်ခုလပ်မှာ ခရီးတစ်ထောက်နားစဉ် ရေကန်မှာ ခြေလက်သုတ်သင်စဉ် အမှတ်မထင် ပျားအုံ တွေ့မိတာနဲ့ ကိုင်းပါချိုးပြီးယူခဲ့တယ်

သူသွားနေတဲ့မြို့မှာ ဘုရင်နဲ့ တိုင်းသူပြည်သားတွေဟာ ဘုရားရှင်ကို တစ်လှည့်စီ အပြိုင်​အဆိုင်​ ဆွမ်းကပ်နေတဲ့ အချိန်ပေါ့ ဒီလိုကပ်ရာမှာ ဘယ်သူ့ဘယ်သူမှ မနိုင်ဘဲ ကြာရှည်နေခဲ့တယ် မြို့သူမြို့သားတွေဟာ စဉ်းစားတယ် ဒီတစ်ခါ သူတို့အလှည့်မှာ ဆွမ်းကွမ်း အကုန်ပြည့်စုံပေမယ့် အချိုပွဲအလို့ငှါ ပျားရည်တစ်မျိုးကျန်နေတယ် ဒီတစ်မျိုးပါရင် ဆွမ်းပွဲဟာ အစပ်အဟပ်ပြည့်စုံပြီး ဘုရင့်ဆွမ်းပွဲကိုပါ နိုင်နိုင်တယ်လို့ ယူဆကြတယ်

ဒါကြောင့် ပျားရည်လိုက်ရှာကြရာက အရှင်သီဝလိ အလောင်းလျာ တောသားကြီးကို တွေ့တော့ ပျားရည်ကို မရမက ဝယ်ယူကြရာ အသပြာ အမြောက်အများပေးဝယ်သည်ကို အံ့အားသင့်ပြီး ဘာအတွက် အရေးကြီးလို့ ဒီလောက် ဈေးပေးဝယ်သလဲ သူသိချင်လာတယ် ဒါကြောင့်မေးကြည့်ရာက မြတ်​စွာဘုရား ကို ကပ်လှူမယ့် ဆွမ်းပွဲအတွက်ဆိုတာ သိရတော့ သဒ္ဓါစိတ်အားထက်သန်လျှက် သူပါ အလှူမှာ ပါဝင်လိုကြောင်း ပြောပြီး ထည့်ဝင်လိုက်တယ်
ပြီတော့ ဝိပဿီ မြတ်​စွာဘုရား မှာလည်း ၄င်းဆုကို ထပ်မံပန်ယူခဲ့ပြန်တယ်

ဤကဲ့သို့ သဒ္ဓါတရား ထက်သန်စွာ လှူခဲ့တဲ့ ကုသိုလ်​ ပြုခဲ့ဖူးတဲ့ ကုသိုလ်​တွေကြောင့် ယခု ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်မှာ သူ့ရဲ့ ထက်သန်တဲ့ သဒ္ဓါတရား တွေကြောင့် ဧတဒဂ် ဘွဲ့ထူးခံ အဂ္ဂသာဝက တစ်ပါးဖြစ်လာခဲ့ပါတယ်

သတိပြုစေချင်
♕ ♕ ♕ ♕ ♕

  တစ်ချို့ တစ်ချို့ဟာ ဈေးရောင်းကောင်းဖို့ အလုပ်အကိုင်ကောင်းဖို့ အရှင်သီဝလိ ပုံတော်ကို အိတ်ထဲမှာ ဗူးထဲမှာ ထည့်သွင်းပူးဇော်ထားတာကို တွေ့ဖူးပါတယ် အရှင်သီဝလိ အလောင်းလျာဟာ နေပြည်တော်ကို ၇ နှစ် ၇ ရက် ပိတ်ခဲ့လို့ ပြန်လည် ခံစားခဲ့ရတဲ့ ဝဋ်ကြွေးကို ပြန်လည် သတိရစေလိုပါတယ်

  ထူးချွန်ထက်မြက်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ အလွယ်တကူ ရယူခဲ့တာမဟုတ်ပါဘူး ကမ္ဘာပေါင်းများစွာ ဘဝပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့ရတာကို သိမြင်ပြီး အချောင်ခိုပြီး ဆုတောင်းယုံသာ ရယူချင်တဲ့ စိတ်ဓာတ်များ ကင်းဝေးကြပါစေကြောင်း..........

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com
Koloneypoe.blogspot.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...