သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, January 20, 2017

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ


###############

ရှေးလူကြီးများ ဆိုရိုးထား စကားမှတ်ဖွယ် ရှိဆိုသလို

     ဒီစကားဟာ ကျွန်တော့် အသိမှာ ရင်နီးတာ ကြာပါပြီ . ဆိုလိုရင်း အဓိပ္ပါယ်​ကိုလည်း နားလည်ပါတယ် သဘောပေါက်ပါတယ်.
 
ဒါပေမယ့် ဒီစကားလုံးလေးရဲ့ မူလဆိုလိုရင်းကို ကျွန်တော်ငယ်ငယ်က မသိခဲ့ဖူးဗျ
 
ကျွန်တော်က အညာသားပါ မြစ်တွေနဲ့ အလှမ်းဝေးရာ ရေရှားပါးတဲ့ ကျေးလက်တစ်ခုက ဆိုပါတော့
 
ဒီတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတာကို ကျွန်းပင် နဲ့ ကိုင်းပင်ဟာ အတူတကွ ယှဉ်တွဲပေါက်လို့ ဖြစ်မှာပေါ့လိုထင်တာ

ရေလယ်က မြေပြင်တစ်ခုဖြစ်တဲ့ ကျွန်းအတွက် သူ့ရဲ့ မြေပြင်မှာ ပေါက်နေတဲ့ ကိုင်းပင်ဟာ ရေတိုက်စားမှု မခံရအောင် ကာကွယ်ပေးပါတယ် အဲ့ဒီကျွန်းဆိုတဲ့ မြေပြင် မရှိရင်လည်း အဲ့ဒီ ကိုင်းပင်ဟာ ပေါက်နိုင်မှာမဟုတ်ဘူးလေ

     ဒါကြောင့် ယှဉ်တွဲဖြစ်တည်မှု လူ့သဘာဝ အရ တစ်ယောက်သောသူရဲ့ အကျိုးစီးပွားဟာ ကိုယ့်အကျိုးစီးပွားပါပဲ
     
တစ်ယောက်သောသူရဲ့ စိတ်ချမ်းသာမှုဟာလည်း ကိုယ့် စိတ်ချမ်းသာမှုပါပဲ

   ဒီလိုမေတ္တာဓာတ်တွေ ပွားများနိုင်စေဖို့

ရှေးလူကြီးများ ဆိုရိုးထား စကားမှတ်ဖွယ် ရှိဆိုသလို

ညီ ညီမငယ်တို့အတွက် တင်ပြရခြင်းဖြစ်ပါတယ်

#####################################

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Repu Udayam 10 Gantalaku (2026) မနက်ဖြန်မနက် ၁၀ နာရီ (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Repu Udayam 10 Gantalaku (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း)  မနက်ဖြန်မနက် ၁၀ နာရီ . အန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ပြောက်သလောက်နီးနီးရှိခဲ့တယ်ဆိုပေမယ့...