သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, February 2, 2017

စေတနာ

ကောင်းစေချင်၏ ဆိုရာဝယ်
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

        တစ်​ခါတစ်​​လေ ဖြစ်တတ်တယ်ဗျ ငါက ကောင်းစေချင်လို့ လုပ်တာ ပြောတာ စသည်ဖြင့်ပေါ့
         ကောင်းစေချင်သည့် စိတ်ရင်းကောင်း တစ်ခုရှိယုံနဲ့ အကျိုးရလဒ်ကို မကြည့်ဘဲ ရမ်းသမ်းမှန်ပါတယ် သူရဲ့လုပ်ရပ်က အမှန်ပါ သိပ်ကောင်းပါတယ်လို့ ပြောဖိုရာ ဖြစ်နိုင်ပါ့မလား

         ဗုဒ္ဓ ဒေသနာတော်တွေထဲက သာဓကလေးတစ်ခု ထုတ်နှုတ်ကြည့်ရအောင်

တစ်ခါက သားအဖ နှစ်ယောက် သစ်ဖြတ်နေကြတယ် တစ်မနက်လုံး လုပ်ကိုင်အပြီးမှာ နေမွန်းတည့်ချိန် ထမင်းစားနားအပြီး သစ်ရိပ်ဝါးရိပ်မှာ တမှေးတမော အိပ်စက်အနားယူကြတာပေါ့

ဖခင်ဖြစ်သူဟာ ဇရာဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကို မတွန်းလှန်နိုင်ပဲ လှဲလျောင်းတာနဲ့ပဲ အိပ်ပျော်သွားတယ် လူငယ်လေးကတော့ လူငယ်ဆိုတော့ သိတဲ့အတိုင်း ရောက်တတ်ရာရာ တွေးရင်း အိပ်မပျော်နိုင်ဘူးပေါ့

ဒီအခါမှာ အိပ်စက်နေတဲ့ ဖခင်ရဲ့ မျက်နှာပေါ်မှာ တောယင်မဲတစ်ကောင် လာနားတယ် လိမ္မာတဲ့ သားဖြစ်သူက ဒီယင်မဲကြောင့် ဖခင် အအိပ်ပျက်မှာဆိုးတယ် တစ်နေကုန် အလုပ်ထပ်လုပ်ရအုံးမှာ ဖြစ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အနားယူစေလိုတယ်

ဒါကြောင့် ဖခင်ရဲ့ မျက်နှာပေါ်က ယင်မဲကို မောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်
အနီးမှာရှိတဲ့ သစ်ခုတ်တဲ့ ပုဆိန်နဲ့ ဖခင်ရဲ့ မျက်နှာပေါ်မှာ ရှိတဲ့ ယင်မဲကို အားကုန်လွဲခုတ်လိုက်တာ သေပါလေရော့

ဉာဏ်​ပညာ မပါတဲ့ လုပ်ဆောင်မှုတွေမှာ အကျိုးရလဒ် မကောင်းနိုင်ဘူး

ငယ်သူ့ချစ်ခြင်းမှာ လွဲမှားမယ်ဆို နှစ်ယောက်အတွက်သာ
ဖခင်ရဲ့ လွဲမှားမှုဟာ မိသားစု တစ်စုအတွက်
မင်းစိုးရာဇာရဲ့ လွဲမှားမှုကတော့ သိန်းသန်းချီတ့ဲ မိသားစုတွေ ဒုက္ခရောက်သွားနိုင်ပါတယ်

ဒေသနာတော် တစ်ပုဒ်မှာ နာကြားဖူးတာလေး သွားသတိရမိတယ် အကြီးအကဲ တစ်ယောက်ဖြစ်လာရင် အရေးအကြီးဆုံး လိုအပ်ချက်က ပညာ နဲ့ ကရုဏာ တဲ့

ပညာနဲ့မှ မှန်ကန်တဲ့ ဦးဆောင်မှုမျိုး ပေးနိုင်မှာ ဖြစ်သလို
ကရုဏာနဲ့မှ စာနာစိတ် ရှိမှာပါ

ဒီလိုမှ မဟုတ်ရင် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့လို့ ဖြစ်လာနိုင်တာကိုး

သီတဂူ ဆရာတော် ဟောကြားခဲ့တဲ့ ဒေသနာတစ်ပုဒ်ရှိသေးတယ်

Who am i
ငါဘယ်သူလဲ ဆိုတာ သိရင်ရင် ငါက အမိုှက်ကောက်သူဆိုရင် အမှိုက်ကောက်သူရဲ့ စိတ်ဓာတ် အပြည့်ရှိရမယ် မင်းစိုးရာဇာ ဆိုရင် မင်းစိုးရာဇာ စိတ်ဓာတ် အပြည့်ရှိရမယ်

Where am i
အမှိုက်ကောက်သူက မင်းစိုးရာဇာ စိတ်ပေါက်ပြီး မင်းစိုးရာဇာက အမှိုက်ပုံဘေး ရောက်နေရင်တော့ သတိသာထားတော့ ဒီတိုင်းပြည် ပျက်စီးလိမ့်မယ်

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...