သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, October 6, 2016

ပူ​ဇေမိ

ရတနာသုံးပါ ဖူးမျှော်ရာဝယ် ဘုရား အာရုံပြု ရှိခိုးပါဆိုတော့ ရွာဦးကျောင်းက ဆင်းတုတော်ကြီး ရည်းမှန်းပြီး ရှိခိုးခဲ့ဖူးတယ် အရွယ်ရောက်လာတော့လည်း နာမည်ကြီး ဘုရား စေတီ တွေ စုံလို့ဗျာ ဘာမသိညာမသိ ရောယောင်ရှိခိုးရတာ ဒူးပွန်း တံတောင်ပွန်း နှဖူးပွန်း ရုံကလွဲလို့ ဘာမှ သိပ်မထူးခြားပါဘူး သံဃာ အာရုံပြုဆိုတော့လည်း ရွာကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးပေါ့ အရွယ်ရောက်လာတော့ တိပိဋက ဒွိပိဋက ဓမ္မကထိက စုံလို့ပေါ့ဗျာ အဲ ဘုရား အာရုံပြု အဆင်ပြေတယ် သံဃာ အာရုံပြု အဆင်ပြေတယ် တရား ဒီမှာ ပြဿနာတက်တာပဲဗျ ဘုရားပုံတော်တွေနောက်က ရောင်ခြည်စက်ဝန်းကြီး လိုလို ဘုန်းကြီးကျောင်းက တရားစာအုပ် အထပ်လိုက်ကြီးကိုလိုလို ပဋ္ဌာန်းစက်ဝိုင်းကြီးကိုလိုလိုပေါ့ ဒါပေမယ့် မလိမ်ပါဘူး ကျွန်တော်ငယ်ငယ်က အဲ့ဒါတွေကြီးပဲ ရည်မှန်းပြီး အာရုံပြုပြီး ရှိခိုးတာရယ် :-) အခုတော့ နည်းနည်းပါးပါး သဘောပေါက်လာပါပြီ ဘုရား တရား သံဃာ အာရုံပြုတယ်ဆိုတာ စေတီ ဆင်းတု ကားချပ် ပုဂိ္ဂုလ် ကို အာရုံပြုတာဟာ မှားနေတယ်ဆိုတာပါ ဘယ်စေတီ ဘယ်ဆင်းတု ဘယ်ကားချပ်က ဘုရားပုံတော်မဆို ဘုရားရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်တော် ကိုးပါးကို ရည်မှန်းပြီး ဖြစ်ခဲလှစွာသော သာမန်ငြောင်းည ဇွဲလုံးလ နဲ့ မရနိုင်သော စိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု မပြုတော်မူသော ဟုတ်မှန်ပြီး အကြိုးရှိတဲ့ စကားကိုသာ ဆိုတတ်တော်မူသော စတဲ့ ဗုဒ္ဓဖြစ်ခြင်းဂုဏ်တော်တွေကို ရည်မှန်း အားကျ လေးစားပြီး နှလုံးသားက နှစ် နှစ် ကာကာ ချစ်မြတ်နိုးပြီး ရှိခိုးရာ ဦးညွှတ်ရာ စံထားဦးတင်စရာ ပုဂိ္ဂုလ် တစ်ပါးဆိုတာပါ တရားဂုဏ်တော် ဒီတရားတော်တွေသာ ဗုဒ္ဓက ထုတ်ဖော်ဟောကြား မဆုံးမခဲ့ဘူးဆိုရင် ဒီနေ့လောကကဟာ ကြောက်ဖွယ်ထိပ်လန့်ဖွယ် အတိဖြစ်နေပါလိမ့်မယ် တရားတော်တွေကနေ လောက နဲ့ မိမိကိုယ်တိုင် အေးချမ်းရာကို ရှာဖွေနိုင်ပါတယ် အမြတ်ဆုံး နိဗ္ဗာန် အထိပေါ့ မိလိန္ဒပဥှာ မြန်မာပြန်မှာ ဖတ်ဖူးပါတယ် တရားဂုဏ်တော်ကို ပူဇော်တယ်ဆို တရားတော်တွေကို အဆင့်ဆင့်သယ်တောင်လာတဲ့ သံဃာကို ပူဇော်ရမယ်ဆိုတာ ကြာနီကန် ဆရာတော် ဦးဇဋိလ ဟောကြားခဲ့တာလေး နာကြားခဲ့ဖူးပါတယ် ဘုရားနဲ့ တရား အမြတ်ပြိုင်တာပေါ့ ဘုရားကြောင့် တရားရှိတာ တရားကြောင့် ဘုရားဖြစ်တာ အဲ့ဒီလို ငြင်းကြတာတဲ့ ဉာဏ်တော်တွေ ကြီးမြတ်လိုက်ကြတာဗျာ လောကမှာ ယှဉ်တွဲဖြစ်တဲ့အ ကြောင်းတွေ အများကြီးဖြစ်ပါတယ် ရှိပါတယ် ဘယ်ဟာကြောင့် ဘာဖြစ်တယ်လို့ ပြောလို့မရပါဘူး ဥပမာ မီးထွန်းလိုက်ရင် အမှောင်ဟာ ပြောက်သွားသလိုပေါ့ သံဃာ ပုဂိ္ဂုလ် ကို ရှိခိုးနေသမျှတော့ ဝိဝါဒကွဲစရာ အမြဲဖြစ်နေအုံးမှာပါပဲ စာတတ်မတတ် ဝိနည်းညီမညီ အကျင့်ကောင်းမကောင်း တရားဟောကောင်းမကောင်း စသည်ဖြင့်ပေါ့ အမှန်က ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို ထမ်းသယ်ရတဲ့ သံဃာတော်တွေဟာ ကိုယ့်ထက် သီလအရာ မြတ်ပါတယ် ကိုယ့်မှာ ငါးပါးတောင်အမြဲမလုံ ရှစ်ပါးတောင် သီတင်းတစ်ပတ်တစ်ခါ မဆောက်ဖြစ်ဘဲ ကိုယ့်ထက် ကြီးမြတ်များပြားလှတဲ့ သိက္ခာပုဒ်တွေကို နေ့စဉ် ထမ်းသယ်နေတဲ့ သံဃာကို ရှိခိုး ဦးညွှတ် အလေးအမြတ်ထားရမှာ ဝန်လေးနေစရာ အကြောင်းကို မရှိပါဘူး ဒါပေမယ့် သူတို့လည်း လူကဖြစ်တဲ့ ရဟန်းတွေပဲ တရားထူးတရားမြတ် ရပြီးသား အရိယာ သံဃာတွေမှ မဟုတ်တာ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင် ရံခါက သင်္ကန် း ဝတ်ရာမှာ ဝိနည်းတော်နဲ့မညီ ရှေ့ကအစွန်းထွက်နေတာမျိုး ဖြစ်ဖူးခဲ့သေးတာပဲ မသင့်တဲ့ အပြုအမှုမျိုးရံခါ လုပ်မိတတ်မှာပေါ့ ဘာကြောင့် အဲ့ဒီကိစ္စတွေကို ထောက်ရှာ ညိုှးထားပြီး အပြစ်ပြောနေမှာလဲ


သန်းထွန်းလေး အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...