သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, October 6, 2016

​ေ​ဗာဓိတစ်​​ထောင်​

           ဗောဓိတစ်ထောင် လေးကျွန်းစကြာ ရပ်တော်မူ ဘုရားကြီး
............................................................
      ဗောဓိတစ်ထောင် သာသနာ့နယ်မြေဟာ စစ်​ကိုင်​းတိုင်​း မုံရွာမြို့နယ် ခတက္ကန်(တောင်)ရွာမှာ တည်ရှိပြီး အရှေ့ဘက်မှာ ရှိတဲ့ ဖိုးခေါင်တောင်ကို မေးတင်ကာ ကြီးမားကျယ်ပြန့်များပြားလှတဲ့ စေတီ ပုထိုး ဘုရား ကျောင်းကန် သာသနိက အဆောက်အအုံများဖြင့် တင့်တယ် ခန့်ညား ထည်ဝါတဲ့ အေးချမ်းရိပ်ငြိမ် ရပ်ဝန်းတစ်ခုလို့ ဆိုရပေမည်။
        ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၁၅၀မြင့်ကာ ၂၄၃ ဒသမ ၈၁၇ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ် ။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ အတွင်းရှိ ဘုရား စေတီ များထဲတွင် လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီးဟာ အဓိကထင်ရှားပြီး ရပ်တော်မူဘုရားကြီးကို ဆရာတော်ကြီး ခန္တာဝန်မချမီ နောက်ဆုံးတည်ထားခဲ့ပါတယ် ။ ဗောဓိတစ်ထောင် ဆရာတော်ကြီးဟာ ပြည်ပသာသနာပြု ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ကြွရောက်ခဲ့စဉ်က ဂျပန် မှာ ထင်ရှားတဲ့ ဘုရား ပုထိုး စေတီ များကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် အဲ့ဒီလို လှည့်လည် ဖူးမျှော်တဲ့အခါမှာ တိုကျိုမြို့က ၃၉၄ပေ ဉာဏ်တော်အမြင့်ရှိတဲ့ ယူရှီကူအမိဒ ရပ်တော်မူဘုရားကြီး ကို ရောက်တဲ့အခါ ဆရာတော်ကြီးရဲ့ စိတ်အစဉ်မှာ အဲ့ဒီလို ဉာဏ်တော်အမြင့်ရှိတဲ့ ရပ်တော်မူဘုရားကြီး တစ်ဆူ ဗောဓိတစ်ထောင်မှာ တည်ထားကိုးကွယ်ဖို့ ဦးစွာ ပထမ အာရုံရခဲ့ပါတယ် ။
         မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ဆရာတော်ကြီးဟာ ဇမ္ဗူတောင်(ဇီးဖြူတောင်)ထိပ်ကို လေးကျွန်းစကြာရပ်တော်မူဘုရားကြီး တည်မည့်နေရာအဖြစ်သတ်မှတ်၍ ၁၃၅၇ ခုနှစ် ကဆုန်လဆန်း ၁၀ရက် (8.5.1995) တနင်္လာနေ့ နံနက် ၉ နာရီ အချိန်မှာ ပန္နက်တော်တင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ ၁၃၆၉ ခုနှစ် တပိုတွဲလဆန်း ၁၄ရက် (20.2.2008) ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီအချိန်မှာ သံဃာတော် အပါး ၁၀၀၀ သီလရှင် အပါး ၁၀၀၀ တို့နဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ အကြောင်းအမျိုးမျိုး ပြဿနာ အဖုံဖုံ မမျှော်လင့်သော အခက်အခဲ မျိုးစုံနဲ့ တည်ဆောက်မှုလုပ်ငန်းမှာ နှောင့်နှေးကြန့်ကြာမှု တွေရှိခဲ့ပြီး ၁၃ နှစ်နီးပါး ကြာခဲ့ပါတယ် ။ ဆရာတော်ကြီးဟာ ရပ်တော်မူဘုရားကြီး ရဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကို မမှီလိုက်ဘဲ ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ မျက်နှာတော် ကိုသာ ခန္တာဝန် မချမီ ဖူးမျှော်ကြည်ညိုခဲ့ရပါတယ် ။
    ရပ်တော်မူဘုရားကြီးဟာ ဉာဏ်တော်အမြင့် ၄၂၄ပေ အမြင့်ရှိပြီး အထပ်ပေါင်း ၃၃ ထပ် ရှိပါတယ် ။ အောက်ခြေ ပလ္လင် သုံးဆင့် ၄၄ပေ ရှိကာ ရုပ်ပွားတော်မြတ်ကြီးဟာ ၃၈၀ပေ ရှိပါတယ် ပလ္လင်တော်ကြီးမှာ အဋ္ဌဂံ (ရှစ်မြှောင့်) ပုံသဏ္႑ာန် ဖြစ်ပြီး အရှေ့နဲ့အနောက် ၄၃ပေ ၆ လက္မ ၊ တောင်မြောက် ၁၂၄ပေလ ၆ လက္မ အကျယ်အဝန်းရှိပါတယ် ။
  တောင်နဲ့မြောက်ဘက်တွေမှာ ဝင်ပေါက်ထားရှိထားပါတယ် ။ ကျယ်ပြန့်တဲ့ရင်ပြင်တော်ကို အဆင့်သုံးဆင့်နဲ့ တည်ဆောက်ထားတာပါ အဝင်ဝမှာတော့ ခြငေ်္သ့ကြီး နှစ်ကောင် ပထမအဆင့် ဝဲယာမှာ နဂါးကြီး နှစ်ကောင် ဒုတိယအဆင့်မှာ သရက်ကင်းလှေခါး ရှိပါတယ် ။ ရင်ပြင်တော် အရံအတားကိုတော့ စိန်တောင်များဖြင့် ပိုင်းခြားထားပါတယ် ။
     ပထမအဆင့် ရင်ပြင်တော်မှာ ရပ်တော်မူဘုရားကြီးရဲ့ သမိုင်းမော်ကွန်း ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားတဲ့ ကမ္ပည်းကျောက်စာတိုင် အင်ကြင်းကျောက် ဥယျာဉ် ခေါင်းလောင်းကြီး နှစ်လုံး နဲ့ ဆွမ်းသပိတ် ရေသပိတ် ကြီးနှစ်လုံးရှိပါတယ် ။
       ကယားပြည်နယ် လွိုင်ကော် ဒေသက သဘာဝ ကျောက်ပြားများနဲ့ ရင်ပြင်တော်ကို ခင်းထားပါတယ် ။ အတွင်းပိုင်းမှာတော့ ကျွန်းလှေခါးများတပ်ဆင်ထားပြီး တစ်ထပ်ချင်းစီရဲ့ အမြင့်ဟာ ၁၂ပေ ၁၃၁ပေ ၄၄ပေ အကျယ်ရှိပါတယ် ။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမွန်စေဖို့ နံရံပါတ်လည်မှာ စနစ်တကျ အပေါက်များဖောက်ထားပါတယ် ။
  ၂၂ထပ်အရောက်မှာ သပိတ်ကျင်း ငလျင်လှုပ်တော့ မန္တလေး စစ်ကိုင်းတိုင်းတွေမှာ ပျက်စီးဆုံးရှုံးမှုများခဲ့ပေမယ့် ရပ်တော်မူဘုရားကြီးဟာ ရှေ့နောက်ယိမ်းနေတာ မြင်ခဲ့ရပေမယ့် ဘုန်းတော်ကြောင့် ဘာမှမဖြစ်ခဲပါဘူး ။ တပည့်တကာ တစ်ချို့က ဆရာတော်ကြီး ထိန်းမတ်ထားတယ်လို့တောင် ပြောကြတယ်လို့ နာယကဆရာတော် ဦးသြဘာသ မိန့်ကြားချက်အရ သိရပါတယ် ။
        ရပ်တော်မူဘုရားကြီးရဲ့ မျက်နှာတော်အတိုင်းအတာမှာ မေးတော်မှ ဦးခေါင်းတော်အထိ ၄၀ပေ မျက်နှာတော်အကျယ် ၃၈ပေ ၁၀ပေစီ အရှည်ရှိတဲ့ မျက်လုံးတော် ရှိပါတယ် ။ မျက်ခုံးတော်နှစ်ဖက်ကြား နဖူးပေါ်ရှိ ဥဏ္ဏလုံမွေတော်ရှင် ဟာ စတီးနဲ့ပြုလုပ်ထားကာ အမြင့် ၆ပေ ရှိပါတယ် ။ ကြေးဖြင့် သွန်းလောင်းထားပြီး ရွှေချထားတဲ့ သင်းကျစ်တော်ဟာလည်း အရှည် ၆ပေ ရှိပါတယ် ။ သျှောင်တော်အမြင့် ၁၃ပေ ဆံဝိုင်းတော်အမြင့် ၁၃ပေ လည်ပင်းတော် ၁၄ ၊ ၂၄ပေ နှုတ်ခမ်းတော်အကျယ် ၁၅ ၊ ၄ ပေ နားတော်အရှည် ၃၀ ၊ ၉ ပေ လက်နှစ်ဖက်တော် အကွာအဝေး ပေ ၄၀ နဲ့ အောက် သင်္ကန်​းစွန်းနှစ်ဖက်ဟာ ပေ ၁၆၀ အကွာအဝေး ရှိတယ်လို့ သိရပါတယ် ။
ရပ်တော်မူဘုရားကြီးကို ၁၀ထပ် အမြင့်ရောက်တဲ့အထိ အင်ဂျင်နီယာ ပညာရှင်များမပါဘဲ ချင်းတွင်းနယ်မြေထွက် မြန်မာ့ဝါးများကိုသာသုံးငြမ်းဆင်၍ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တည်ဆောက်ခဲ့ပါတယ် ။
         ဘုရားဖူး လာရောက်သူတို့ဟာ ၂၇ ထပ်အထိတက်ရောက်ဖူးမျှော်နိုင်ပါတယ် အထပ်တိုင်းမှာ မုဒြာမျိုးစုံနဲ့ ရုပ်ပွားတော် ၄ဆူ ပူဇော်ထားပါတယ် နံရံဆေးရေး ငရဲခန်းသရုပ်ဖော်ပန်းချီကို သံဝေဂယူဖွယ် ကြည့်ရှုနိုင်ပါတယ် ။
ရပ်တော်မူဘုရားကြီး၏ အတွင်းပိုင်းမှာ ၃၁ ဘုံ (လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ အပယ်ဘုံ) ကို ရည်ညွှန်းသရုပ်ဖော်ထားတဲ့ နံရံဆေးရေးပန်းချီ စာသားများကို သံဝေဂ ယူဖွယ် လက်ရာမြောက်စွာ လေ့လာနိုင်မှာပါ ။
  ပထမထပ်မှာတော့ ဘုရားကြီး တည်ဆောက်မှုမှတ်တမ်း ဓာတ်​ပုံများကိုပြသထားပြီး ၉ထပ်အထိကို ငရဲကြီး ၈ ထပ်နဲ့ အပယ် ၄ ဘုံဆေးရေးပန်ချီ ၁၀ ထပ်မှာတော့ လူ့ဘုံ ၁၁ထပ်မှ ၁၇ထပ်အထိ ကိုတော့ နတ်ပြည် ၆ ထပ် ၁၈ ထပ်မှ ၂၇ ထပ်အထိကိုတော့ ဗြဟ္မာ့ဘုံ ၂၀ ကို လပ်ရာမြောက်စွာ ရေးဆွဲထားပါတယ် ။ ထူးခြားမှုအနေနဲ့ ၇ ထပ်တွင် ကမေ္ဘာ်ဘဒီးယားနိုင်ငံမှ အလှူ့ရှင်များ၏ မေတ္တာရပ်ခံ လျှောက်ထားချက်အရ အန်ကောဝပ် ကျောင်းတော်အပါအဝင် ကမေ္ဘာဒီးယား နိုင်ငံရဲ့ သာသနိက အဆောက်အအုံများ ကို နံရံဆေးရေးပန်းချီအဖြစ် မှတ်တမ်းပြုရေးဆွဲထားသလို ကိုရီးယားနိုင်ငံမှ အလှူ့ရှင် များ၏ မေတ္တာရပ်ခံမှုကြောင့် ကိုးရီးယား နိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အငွေ့အသက်များကိုလည်း ကြည်ညိုနှစ်သက်ဖွယ် ဖူးမျှော်ရမှာပါ ။
    ၃၁ ဘုံဆိုတာကတော့ ကာမဘုံ ၁၁ ဘုံ ရူပ ဗြဟ္မာ ၁၆ ဘုံ နဲ့ အရူပ ဗြဟ္မာ ၄ ဘုံ ကိုခေါ်ပါတယ် ။
         စာကိုး ..၂၅ ရက် ဖေဖော်ဝါရီ ၂၀၁၆ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ
   ဆရာ ..အသေမဦးခင်မြိတ်ဝင်းဇင်
ရဲ့ ဆောင်းပါးကို မှီညမ်းပြုပြီး ပြင်ဆင်ရေးသားထားခြင်းပါ ။
    အမှားအယွင်းတစ်စုံတရာ ရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ
  ဗောဓိတစ်ထောင် ဆရာတော်ကြီး ၏ ဘွဲ့တော်အမည်ကို ကျွန်တော်မသိပါဘူး ထို့ကြောင့် ဗောဓိတစ်ထောင်ဆရာတော်ကြီး ဟုသာ ရေးသားရခြင်းကို ဆရာတော်ကြီး ၏ တပည့် တကာ တကာမ တို့ ခွင့်လွှတ်ပါရန်တောင်းပန်၍ ပြန်လည် အလင်းပြခဲ့ဖို့လည်း တောင်းဆိုပါတယ်
...................................................................    
သန်းထွန်းလေး
စစ်​ကိုင်​းတိုင်​း ဘုတလင်မြို့နယ် အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...