သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, June 21, 2016

မာသာထရီဇာ



မာသာထရီဇာ


သူမရဲ့ နာမည်ရင်းအပြည့်အစုံကတော့

*အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇု*
ပါ

၁၉၁၀ သြဂုတ်လ ၂၆ ရက်နေ့မှာ အော်တိုမင်အင်ပါယာ ဥဇကပ် (ယခု မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော် စကုပ်ဂျီ) မှာမွေးဖွားခဲ့ပါတယ်

သူမရဲ့ ဖခင်ကတော့ အယ်ဘေးနီးယားနိုင်ငံ စကိုဒါ ဒေသက နီကိုလေ ဖြစ်ပြီး မိခင်ကတော့ ဒရာနာဘိုဂျက်ဇု ပါ
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်

သူမရဲ့ဖခင်ကတော့ ၁၉၁၉ မှာ ကွယ်လွန်ခဲ့ပါတယ်

ဖခင်ကွယ်လွန်ပြီးချိန်မှာ မိခင်ဖြစ်သူရဲ့ ရိုမန်ကက်သလစ် ဘာသာသို့ ဝင်ရောက်ခဲ့ပါတယ်

သူမဟာ သီလရှင်တစ်ပါး ဖြစ်လာဖို့အတွက် အသက် ၁၈နှစ် အရွယ်မှာ လော်ရီတို က သီလရှင်ကျောင်းကို သွားရောက်ခဲ့ပါတယ်

အဲဒီနေ့ကတော့ သူမရဲ့ မိခင် အစ်မတွေနဲ့ နောက်ဆုံး တွေ့ဆုံရခြင်းပါ

အင်္ဂလိပ်စာ ကိုတော့ အိုင်ယာလန်နိုင်ငံ ရပ်ဖာဟမ် မှာရှိတဲ့ လော်ရီတို သီလရှင်ကျောင်းမှာ သင်ယူခဲ့ပါတယ်ဒီကျောင်းဟာ အိန္ဒိယက ကလေးသူငယ်တွေကို အင်္ဂလိပ်စာ သင်ဖို့အတွက် လော်ရီတိုက သီလရှင်တွေ တက်လေ့ရှိတဲ့ ကျောင်းပါ

၁၉၂၉ မှာတော့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာပြီး ဟိမ၀န္တာတောင်ခြေနားက ဒါဂျီလင်မှာ သာသနာပြုဖို့ ရောက်ရှိလာပါတယ်

သူမတို့ရဲ့ ကွန်ဗင့်ကျောင်းမှာ ကလေးတွေကို
စာသင်နေရင်း အနီးမှာရှိတဲ့ စိန့်ထရီဇာကျောင်းမှာ ဘင်ဂါလီ ဘာသာကို သင်ယူခဲ့ပါတယ်

၁၉၃၁ မေလ ၂၄ ရက်နေ့မှာတော့ သီလရှင်တစ်ပါးအဖြစ် ခံယူခဲ့ပါတယ်

စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ ဘွဲ့နာမကို ခံယူလိုပေမယ့် အခြား သီလရှင်တစ်ပါး ခံယူသွားပြီး ဖြစ်တာကြောင့် စပိန်ဘာသာနဲ့
**ထရီဇာ**
ဆိုတဲ့ အမည်ကို ခံယူလိုက်ပါတယ်

အဲဒီမှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး တာ၀န်
ထမ်းဆောင်ပြီးချိန် ၁၉၄၄ မှာ ကျောင်းအုပ်ဆရာမကြီး ဖြစ်လာခဲ့ပါတယ်

ကျောင်းမှာ စာသင်ပြရတာကို နှစ်သက် ပျော်ရွှင်ပေမယ့် ၁၉၄၃ မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂလား ငတ်မှုခေါင်းပါးမှုဘေးက မြို့တော်ကြီးဆီ အနိတၳာရုံတွေနဲ့ သယ်ဆောင်လာချိန် ၁၉၄၆ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူ မူဆလင်
လူမျိုးရေး အဓိကရုဏ်းကြီးက ကာလကတ္တားမြို့ကြီးကို ဒုက္ခပင်လယ်ေ၀စေခဲ့ပြီး ချောက်ချားစရာ
ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေက သူမ နှလုံးသားကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့ပါတယ်

၁၉၄၆ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့

***ငါဟာ ကွန်ဗင့်ကျောင်းက ထွက်ခွာပြီးတော့ ဆင်းရဲသားတွေတောထဲမှာ နေထိုင်ရင်း သူတို့ကို ကူညီရမယ် ဒါဟာ ဘုရားသခင်ရဲ့ အမိန့်ဖြစ်တယ် ဒါကို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ ငါ့ရဲ့ယုံကြည်ခြင်း ပျက်သုံးသွားခြင်းဘဲ ***
လို့သူမကိုယ် သူမ ကတိပြုခဲ့ပါတယ်

၁၉၄၈ မှာတော့ လော်ရီတို သီလရှင် ၀တ်ရုံဖြူအစား အပြာစင်း အနားသတ်တွေပါတဲ့ ၀တ်ရုံကို ပြောင်းလဲ၀တ်ဆင်ပြီး ဆင်းရဲသားတွေအတွက် စတင် လုပ်ဆောင်ပါတော့တယ်

အိန္ဒိယလူမျိုးအဖြစ် ခံယူပြီး ပန်တာက ဆေးရုံမှာ လအနည်းငယ်ကြာ ဆေးပညာသင်ယူပြီး ကာလကတ္တားရဲ့ ဆင်းရဲသားရပ်ကွပ်ထဲမှာ မထမဦးဆုံးကျောင်းတစ်ကျောင်းဖွင့်ခဲ့ပါတယ်

ပထမနှစ်ဟာ အခက်အခဲတွေနဲ့ နပန်းလုံးနေရတဲ့ ကာလပါဘဲ

ဒီအချိန်တွေမှာ သံသယတွေနဲ့ အထီးကျန်မှုတွေကြောင့် ပြန်ချင်တဲ့အထိ ဖြစ်ခဲ့ပါတယ်

၁၉၄၉ ဦးပိုင်းမှာတော့ အမျိုးသမီးငယ်တစ်စုက သူမရဲ့ လုပ်ငန်းမှာ ပါ၀င်လာခဲ့ပြီး ဆင်းရဲသူများအတွက် လာရောက် လုပ်အားပေးခဲ့ပါတယ်

မကြာမီအချိန်အတွင်းမှာ သူမရဲ့လုပ်ဆောင်မှုတွေကို အာဏာပိုင်တွေက သတိပြုမိလာပြီး ၀န်ကြီးချုပ်ကိုယ်တိုင်က အသိအမှတ်ပြုမှုကို ဖေါ်ပြလာပါတယ်

၀င်ငွေ တစ်ပြားမှ မရှိတဲ့အတွက် အစားအသောက်နဲ့ ငွေကြေးအတွက် အလှူခံမှုနဲ့ ဖြေရှင်းခဲ့ရပါတယ်

သူမရဲ့ဒိုင်ယာရီထဲမှာ

***သခင်ဘုရားက ဆင်းရဲခြင်းကားတိုင်ကို ထမ်းဖို့ လွတ်လပ်တဲ့ သီလရှင်တစ်ပါး ဖြစ်စေချင်ခဲ့ပြီ ဒီကနေ့ သင်ခန်းစာကောင်းကို ရခဲ့ပြီ ဆင်းရဲသားတွေ ကြုံတွေ့ရတဲ့ ဒုက္ခဟာ သူတို့အတွက် ပင်ပန်းလှပါတယ် သူတို့အတွက် နေစရာအိမ် အစားအစာနဲ့ ကျန်းမာရေးအတွက် ဘယ်လောက်များ ခက်ခက်ခဲခဲကြိုးပမ်းရမလဲ ဒီလိုနဲ့ ကျွန်မဟာ အလိုတော်အတိုင်း ဒီမှာဘဲ ဆက်နေဖို့ ဆန္ဒပြုခဲ့ပါတယ် သူတို့ မျက်ရည်တစ်စက်မှ မကျစေရပါဘူး***

လို့ ရေးမှတ်ထားပါတယ်

Missionary of Charity အဖြစ် ရပ်တည် လုပ်ဆောင်သွားရန် ခွင့်ပြုချက်ကို ၁၉၅၀ အောက်တိုဘာလ ၇ ရက်နေ့မှာ ဗာတီကန် က ခွင့်ပြုခဲ့ပါတယ်

မစ်ရှင်ကတော့

***ဆာလောင်သူ အ၀တ်မဲ့သူ အိမ်မဲ့ယာမဲ့ ဒုက္ခိတ မျက်မမြင် နူနာစွဲသူများ အပယ်ခံများ လူအသိုင်းအ၀ိုင်းက စွန့်ပယ်ခြင်းခံရသူများ လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်၀န်ပို ဖြစ်နေ
သူများ လူတိုင်း နှာခေါင်းရှုံ့မှု ခံနေရသူများ
အတွက်ပါ***

ကာလကတ္တားမှ ာသီလရှင် ၁၃ ပါးနဲ့ မစ်ရှင်ကို အစပြုခဲ့ပါတယ်

၁၉၅၂ ကာလကတ္တားမှာ သေခါနီးလူတွေအတွက် ဂေဟာတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်

အာဏာပိုင်တွေရဲ့ အကူအညီနဲ့ စွန့်ပစ်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အခမဲ့ရှောက်မှုဂေဟာ အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်

ဒီဂေဟာကို ရောက်လာသူတွေဟာ ဆေးကုသမှုကို ခံယူရတဲ့အပြင် သေဆုံးသူတွေကလည်း ဂုဏ်သိက္ခာရှိရှိ ကိုယ့်ရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်း သဂြိုၤလ်ခွင့်ရကြပါတယ်

သူမရဲ့အဆိုအရ လူတိုင်းကို

***တိရိစၧာန်သဖွယ် အသက်ရှင်ခဲ့ရပေမယ့် နတ်သမီး နတ်သားတွေလို ချစ်ခင်မှု လိုလားမှု ရှိရှိသေဆုံးခွင့်ရခြင်း***
စေချင်ပါတယ်တဲ့

မကြာမီမှာတော့ အနာကြီးရောဂါသည်တွေအတွက် ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့ ငြိမ်းချမ်းရေးမြို့တော်ကို တည်ဆောက်ခဲ့ပါတယ်

သူမရဲ့ ဂရုဏာရှင် အဖွဲ့ကလည်း ကာလကတ္တားမြို့တစ်၀ှမ်း အနာကြီးရောဂါသည်တွေကို လိုက်လံရှာဖွေပြီး အစာရေစာ ဆေးဝါးနဲ့ အနာကိုပတ်တီး စည်းပေးကြပါတယ် စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးတွေ တဖြည်းဖြည်းနဲ့ များပြားလာချိန်မှာ သူတို့တွေအတွက် ဂေဟာတစ်ခု ဆောက်ဖို့စိတ်ကူးရှိလာပါတယ်

၁၉၅၅ မှာ အိမ်မဲ့ယာမဲ့နဲ့ မိဘမဲ့လလေးတွေအတွက် နမ္မာလရှိ ရှုဗပ္မာန်ဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်

အလှူရှင်တွေကိုရော ပါ၀င်ဆက်ကပ်လိုသူတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ၁၉၆၀ အတွင်းမှာ အိနိ္ဒယနိုင်တစ်၀ှမ်း စောင့်ရှောက်မှုဂေဟာတွေ မိဘမဲ့ဂေဟာတွေနဲ့ အနာကြီးစောင့်ရှောက်
မှုဂေဟာတွေကို အမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်

မာသာထရီဇာ ဟာ သူမလုပ်ကို တစ်ကမ်ဘာလုံး အတိုင်းအတာဖြစ်လာအောင် ကြိုးပမ်းခဲ့ပါတယ်

အိနိ္ဒ္ဒယပြင်ပရဲ့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ သီလရှင်ငါးပါးပါ၀င်တဲ့ ဂေဟာတစ်ဆောင်ကို ၁၉၆၅ မှာဖွင့်လှစ်နိုင်ငံခဲ့ပါတယ်

၁၉၆ မှာရောမ တန်ဇန်းနီးယားနဲ့ သြစတြီးယားတွေမှာ

၁၉၇၀ မှာအာရှ အာဖရိက ဥရောပနဲ့ အမေရိကမှာ ဂေဟာနဲ့ ဖောင်ဒေးရှင်း ဒါဇင်ပေါင်းများစွာ

၁၉၆၃ မှာ ဂရုဏာ ကိုယ်တော်များအဖွဲ့

၁၉၇၆ မှာတော့ သီလရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်

မာသာထရီဇာ ရဲ့ လုပ်ငန်းမှာ သာမန် ကက်သလစ်ဘာသာ၀င်တွေရော ကက်သလစ်ဘာသာ၀င် မဟုတ်သူတွေပါ ပူးပေါင်းပါ၀င်လာပါတယ်

၁၉၈၄ မှာ ဖာသာ ဂျိုးဇက်လန်းဂ်ဖေါ့ဒ် နဲ့ ဂရုဏာဘုန်းတော်ကြီး သာသနာပြုအဖွဲ့ကို ထူထောင်ပြီးသာသနာအမှု ကိုပြုခဲ့ပါတယ်

၁၉၆၂ မှာ အိန္ဒိယအစိုးရရဲ့ ပဒ္ဒမာသီရိဘွဲ့

၁၉၆၉ မှာ နေရူးဆုတံဆိပ်

၁၉၇၂ မှာလည်း အလားတူဘွဲ့တံဆိပ်

၁၉၈၀ မှာ အိနိ္ဒယရဲ့ အမြင့်ဆုံး နိုင်ငံသားဆုတံဆိပ်ဖြစတဲ့ ဘာရက်ရတ်တ္တနာ ဆုတံဆိပ်

၁၉၇၉ မှာတော့
*****ကမ်ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆု*****
ကြီးကိုရယူနိုင်ခဲ့ပါတယ်

အခြားအခြားသော ဆုတံဆိပ်များစွာရောပါ

၁၉၉၇ မတ်လ ၁၃ ရက်နေ့မှာ ဂရုဏာသာသနာပြု လုပ်ငန်းရဲ့အကြီးအကဲရာထူးမှ အနားယူပြီးနောက်

၁၉၉၇ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ လူ့လောကထဲက အပြီးအပိုင်အနားယူ ထွက်ခွာသွားခဲ့ပါတယ်

ကွယ်လွန်သွားခဲ့သော်လည်း သူမရဲ့ နှလုံးသား မျိုးစေ့တွေကတော့ ယနေ့တိုင် လူသားတွေအတွက် သီးပွင့် ဝေဆာစဲပါ

သူမရဲ့ စကားလေးနဲ့ပဲ နှုတ်ဆက်ပါရစေ

*သင့်အတွက် တန်ဖိုးအနည်းဆုံး အပြုံးတစ်ပွင့်ကိုပဲ သူတို့အတွက် ပေးလိုက်ပါ*



မှားယွင်းမှု ရှိပါက edit ပေးဖို့ တောင်းဆိုပါတယ်

သာယာကြည်နူးရသောနေ့ရက်ဖြစ်ပါစေ..

သန်းထွန်လေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...