သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, June 19, 2016

ဂျက်ကီချမ်း



⭐⭐⭐⭐

၁၉၅၄ ခုနှစ် ဧပြီလ ၇ရက်
အဲ့ဒီနေ့ပေါ့ အာရှတိုက်ရဲ့ ကောင်းကင်းယံက ကြယ်တစ်ပွင့်ကို စတင်ခဲ့ရာ မွေးဖွားခဲ့ရာ ထွန်းလင်းစေခဲ့ရာနေ့

သူ့ရဲ့နာမည်ရင်းက ချန်းကောင်းဆောင်
သူ့ အဖိုးရဲ့ နာမည်ပါပဲ
ဖခင်ကတော့ချစ်စနိုးနဲ့ ပွာပွာ လို့ခေါ်တယ်

စစ်တပ် အရာခံဗိုလ် ချာလီ နဲ့ အကမယ် လီလီချမ်း တို့ရဲ့ တူနှစ်ကိုယ် မေတ္တာမှ ပေါက်ဖွားသန့်စင် လာခဲ့သူ

ခေတ်ပညာတတ် မိဖ နှစ်ဦးက ပေါက်ဖွားလာသူ စစ်တပ်ရဲ့ ဂုဏ်ထူးဆောင် ပညာသင်ဆုရ တစ်ယောက်ရဲ့တူ ဖြစ်ပေမယ့် ချမ်း အတန်းပညာမှာတော့ တော်တော်လေးကို ဉာဏ်ရည် နိမ့်ပါး ညံ့ခဲ့ပါတယ် တစ်တန်းကို နှစ်ခါ သုံးခါ နီးပါ ပြန်တက်ခဲ့ရတယ်

ဒါကြောင့် ဖခင်ဖြစ်သူက သူ့သားဟာ ပညာရေးဖက်မှာ ထူးချွန်သူ မဟုတ်ဘူးလို့် ယူဆပြီးကျောင်း ဆက်မထားခဲ့ပါဘူး

ချမ်း ဟာ အသက် ၅ နှစ်သားမှာ ကတည်းက အနုပညာလောကကို ရောက်ခဲ့ဖူးပါတယ် ခေတ္တခဏပေါ့ ကလေးသရုပ်ဆောင် အနေနဲ့ပါ

သူသိပ်ကြိုက်တဲ့ အနုပညာရှင်ကတော့ ချာလီချာပလင် ပါ ဟောင်ကောင်က ချာလီချာပလင် သရုပ်ဆောင်ပွဲမှာ ချမ်း ဟာ ပထမဆုရခဲ့တယ်အဲ့ဒီတုန်းက သူ့အသက် ၆ နှစ်ခွဲ ပဲရှိသေးတယ်ဗျ

ဒါပေမယ့် မိဘတွေရဲ့ ထောက်ပံ့မူ အားနည်းလို့ တခြား ကလေးသရုပ်ဆောင် တွေလို သူ နေရာမရခဲ့ဘူး

ဒါနဲ့ ချမ်း ဟာ ဝါသနာကို မေ့ထားပြီး တကယ့် လက်တွေ့ဘဝ အတွက် သြစတေးလျကို ဆောက်လုပ်ရေး အလုပ်ကြမ်းသမား လုပ်ဖို့အတွက် သွားရောက် ခဲ့ပါတယ်

၁၉၈၀ အထိ ချမ်း ဟာ ရုပ်ရှင် ကားတစ်ကားမှ မရိုက်ခဲ့ရသေးပါဘူး

Willie Chan ရုပ်ရှင် ထုတ်လုပ်ရေး ရဲ့ ကမ်းလှမ်းမှုနဲ့ New First Of Fusy ကားမှာ အံ့အားသင့်စရာ ရုပ်ရှင်လောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဘရုစ်လီ ရဲ့ နေရာမှာ ရိုက်ကူးဖို့ အခွင့်အရေး ရခဲ့ပါတယ် ဒါပေမယ့် ဒီကားဟာ လုံးဝ မအောင်မြင်ခဲ့ဘူး ပြဿနာကတော့ ဟာသဆန်နေတဲ့ သူရဲ့ တိုက်ခိုက်မှုတွေ ကြောင့်ပါ

တစ်ရက်မှာတော့ ဒါရိုက်တာ ရှန်ဂီ က စတန့် မင်းသားအဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမယ့် ကံဆိုးစွာပဲ ကားရိုက်ဖို့ စီစဉ်ဆဲ ကာလမှာပဲ ဒါရိုက်တာ ရှန်ဂီ ဟာ ကား မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်

ချမ်း ဟာ အဲ့ဒီဇာတ်လမ်းကို သိပ်ကြိုက်ပေမယ့် သူ့အနေနဲ့ ငွေကြေးအရင်းအနှီး မရှိပဲဖြစ်နေတယ် ဒါပေမယ့် သူအရမ်းကို စိတ်ပါနေတော့ ကံကို လောင်းကြေးထပ်လိုက်တယ် သေမြေကြီး ရှင်ရွှေထီး အနေအထားပါ သိပ်အန္တရာယ်များတယ် ဘုရင့်နောင် ဖောင်ဖျက်တဲ့ ကိန်းမျိုးပေါ့

မိသားစုပိုင် တိုက်ခန်းလေးကို ရောင်းပြီး ဒီကားကို ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင် မင်းသားလုပ် ရိုက်ခဲ့ပါတော့တယ်

ဒီကားကတော့ ဂျက်ကီချမ်း ဆိုပြီး အာရှတိုက် တစ်ဝှမ်းမှာ နာမည်ရစေခဲ့တဲ့ The Young Master ဆိုတဲ့ကားပါ

ဘရုစ်လီ စံချိန်တင် ထားတဲ့ ရုပ်ရှင်ရုံဝင်ငွေကို ဟောင်ကောင် ဒေါ်လာ ၁၁ သန်း နဲ့ ကျော်တက်ခဲ့ပါတယ်

ဒါရိုက်တာ Benny Chan ရဲ့ ကမ်းလှမ်းမှုကြောင့် ဇာတ်ကားတစ်ခုကို လက်ခံရိုက်ကူးခဲ့ပါတယ် ဒီကားကတော့ အာရှသာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့ပါတယ် အာရှတိုက်ရဲ့ အမြင့်ဆုံး အနုပညာ ကြယ်တစ်ပွင့် အဖြစ် အဲ့ဒီခေတ်အခါက သတ်မှတ်ခံရတဲ့ အထိ အောင်မြင်ခဲ့တဲ့ ကားပါ ဒီဇာတ်ကားကို ရိုက်ဖို့ လေးလ တိတိ ရိုက်ကွင်း နေရာတွေကို ပြင်ဆင်ခဲ့သလို စတန့် နေရာတွေ အတွက် ခုနှစ်လ တိတိ ပြင်ဆင်ခဲ့ပါတယ် ဆေးရုံ ၆ ခါတက်ရ နံရိုး ၅ ချောင်း နှာခေါင်းရိုး ပါးရိုး နဲ့ လက်ဖျင်ရိုး ပါမကျန် ကျိုးခဲ့ပါတယ်

၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် မှာ ရုံတင်ပြသခဲ့တဲ့ Who Am I ဆိုတဲ့ ဇာတ်ကားပါ

** ကြိုးစားမှုတိုင်းမှာ ရလဒ် တစ်ခုစီ ရှိပါတယ် တစ်ခါတလေတော့ အချိန်ကြာတတ်တာပေါ့ အိမ်မက် ရှိတယ်ဆိုပြီး အိပ်နေရင်တော့ မျက်နှာ သစ်လိုက်တာနဲ့ ပျောက်သွားမှာပါ အိမ်မက်ဆိုတာ လက်တွေ့ အကောင်အထည် ဖော်ဖို့ပါ စိတ်ကူးယဉ် နှစ်သိမ့်နေရာ မဟုတ်ပါဘူး **

ဆိုတဲ့ သူရဲ့ လက်သုံး ဆောင်ပုဒ် နဲ့ပဲ နှုတ်ဆက်ပါတယ်

ရွှင်လန်းချမ်းမြေ့ပါစေ.........

သန်းထွန်လေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...