~~~~~~~~~~~~~~~~~~~~~~~
အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညှင်း
သင်းပျံ့ ခဲ့ သူခြံမှာ..................
ငါ့ခြံကြည့်ပြန်တော့
မချိပူပွေပြာခဲ့
မြေပြာမှာ နေဇာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ........................
သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့် စိတ်ထဲ...................
သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့  ခဲ................
ဆရာမငွေတာရီ
••••••••••••••••••••••••••••••••••••••
ဂုဏ်ပြုထိုက်သူများသို့
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Tuesday, March 22, 2016
သာသည့်မြေသို့
သန်းထွန်းလေး (အင်းတဲရွာ)
ကျားကုန် ၁၂ကင်းက ၁ကင်းကို အနိုင်ထိုးနည်း
ကျားကုန်ဆိုတာက အရင်ကုန်အောင်ကျွေးနိုင်သူက အနိုင်ရတဲ့ကစားနည်းပါ ကျွန်တော်တို့ရိုးရိုးဆော့တဲ့ ကျားထိုးနည်းကို ကျားနိုင်လို့ခေါ်ပါတယ်
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...
No comments:
Post a Comment