သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, March 22, 2016

လွမ်း

°°°°°°°°°°°°°°°°°°°°°°°°°°°°
လွမ်းလည်းလွမ်း၍
ကျွမ်းမြေ့မြေ့လျှင်
လွမ်းငွေ့မှုန်မှိုင်
လွမ်းမြူဆိုင်းခဲ့............

လွမ်းလှိုင်းမာန်ထယ်
လွမ်းပင်လယ်မှ
လွမ်းနယ်ကျယ်ဝန်း
လွမ်းသည့်ကျွန်းသို့
လွမ်းလွန်းလို့သာ
ရောက်ရှိလာတည့်..........

လွမ်းစာကိုရေး
လွမ်းသည့်တေးလျှင်
လွမ်းဆွေးချင်သူ
လွမ်းစိတ်ကူမည်
လွမ်းမူလွမ်းခွင့်
လွမ်းတကား..........

ဆရာမငွေတာရီ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကျားကုန် ၁၂ကင်းက ၁ကင်းကို အနိုင်ထိုးနည်း

  ကျားကုန်ဆိုတာက အရင်ကုန်အောင်ကျွေး‌နိုင်သူက အနိုင်ရတဲ့ကစားနည်းပါ ကျွန်တော်တို့ရိုးရိုးဆော့တဲ့ ကျားထိုးနည်းကို ကျားနိုင်လို့ခေါ်ပါတယ်