သီရိဓမၼာေသာကမင္း တည္ထားခဲ့ေသာ ေစတီေပါင္း ၈၄၀၀၀မွ တစ္ဆူျဖစ္ေသာ အလိုေတာ္ေပါက္ဘုရား
အလိုေတာ္ေပါက္ဘုရားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးကန္အတြင္းရွိ နမ့္ပန္းေက်းရြာတြင္ တည္ရွိသည္။ စာေရးသူေရာက္ရွိခ်ိန္သည္ ခရစ္စမတ္ကာလရံုးပိတ္ရက္ ျဖစ္သျဖင့္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ားျဖင့္ အလြန္အမင္း စည္ကားလွသည္။
အိႏၵိယႏိုင္ငံမွ သီရိဓမၼာေသာကမင္း (ဘီစီ ၂၇၂-၂၃၂) သည္ ဗုဒၶသာသနာ ထြန္းကားရန္အလို႔ငွာ နယ္ပါယ္ေဒသအႏွံ႔တြင္ ေစတီေပါင္း ၈၄,၀၀၀ တည္ထားခဲ့သည္။ အလိုေတာ္ေပါက္ဘုရားသည္ ထိုေစတီမ်ားထဲမွတစ္ဆူျဖစ္ကာ ဓာတ္ေတာ္ႏွစ္ဆူကို ဌာပနာထားၿပီး မူလဘြဲ႕ေတာ္မွာ အင္းဘုရားဟု မွတ္တမ္းထားရွိသည္။
အေနာ္ရထာမင္း (ခရစ္ႏွစ္ ၁၀၄၄-၁၀၇၇) သည္ အင္းေလးေဒသသို႔ တိုင္းခန္းလွည့္လည္ရင္း ခ်ံဳမ်ားဖံုးလႊမ္းေနၿပီး ေစတီဖိနပ္ေတာ္သာ က်န္ရွိေတာ့ေသာ အင္းဘုရားသို႔ ေရာက္ရွိလာသည္။ မင္းႀကီးသည္ ခ်ံဳမ်ားရွင္းလင္းေစၿပီး ဓာတ္ေတာ္ရွစ္ဆူကို ထပ္မံဌာပနာ၍ ျပန္လည္တည္ထားခဲ့သည္။
အေလာင္းစည္သူမင္း (ခရစ္ႏွစ္ ၁၁၁၃-၁၁၆၃) သည္ တိုင္းခန္းလွည့္လည္ရင္း အင္းေလးေဒသရွိ ျမစ္စံုဝ လိပ္ကုန္း၌ စခန္းခ်ရပ္နားခဲ့သည္။ ကုန္းသာယာလွသျဖင့္ ေစတီတည္လိုစိတ္ ျဖစ္ေပၚ၍ စံုစမ္းရာ ေစတီေပါင္း ၈၄,၀၀၀ အႏြယ္ဝင္ေစတီေဟာင္းကို ေတြ႕ရွိေလသည္။ မင္းႀကီးလည္း ရတနာဆယ္ပါးစီထားေသာ ဖလားကိုေမွာက္ၿပီး အဓိ႒ာန္ရာ ဖလားေမွာက္ထဲတြင္ ဓာတ္ေတာ္မ်ား ကိန္းဝပ္ပါေတာ့သည္။ ဓာတ္ေတာ္မ်ားအား ဌာပနာ၍ ထီးေတာ္အသစ္တင္ကာ ရတနာေစတီဟု ဘြဲ႕ေတာ္ဆပ္ကပ္သည္။
နရပတိစည္သူမင္း (ခရစ္ႏွစ္ ၁၁၆၈-၁၂၁၁) သည္ ေဖာင္စၾကၤာလွည့္လည္ရင္း အင္းေလးေဒသရွိ ရတနာေစတီ ေခၚ ဖလားေမွာက္ေစတီအေရာက္တြင္ ေဖာင္ရပ္တန္႔သျဖင့္ စံုစမ္းေစရာ ေစတီေဟာင္းအား ေတြ႕ရွိရသည္။ မင္းႀကီးသည္ အရပ္ရွစ္မ်က္ႏွာမွ ကုသိုလ္ရွင္မ်ားေကာင္းမႈျဖင့္ ေစတီကိုထပ္မံမြမ္းမံတည္ကာ လိုေတာ္ေပါက္ဟု ဘြဲ႕ေတာ္ကပ္၏။
ပုဂံမင္းဆက္ေစာမြန္နစ္မင္း (ခရစ္ႏွစ္ ၁၃၂၇-၁၃၆၈) သည္ အလိုေတာ္ေပါက္ေစတီကို ေရႊသကၤန္းကပ္လွဴေလသည္။ ေနာက္ပိုင္းတြင္ စကား၊ ေညာင္ေရႊ၊ ေနာင္မြန္၊ မိုးနဲ၊ မိုင္းကိုင္၊ ရပ္ေစာက္၊ လဲခ်ား၊ တီက်စ္၊ သီေပါ စသည့္ ေစာ္ဘြား၊ ၿမိဳ႕စားမ်ားက ေခတ္အဆက္ဆက္ ျပဳျပင္မြမ္းမံခဲ့ၾကပါသည္။
အလိုေတာ္ေပါက္ဘုရားပတ္ဝန္းက်င္၌ စင္ေယာ္ငွက္ကေလးမ်ားကို ေဆာင္းကာလမ်ားတြင္ ေတြ႕ရွိရတတ္ေပသည္။ ေစတီေလွဆိပ္တြင္ ကေလးမ်ားမွ မုန္႔ဖိုးလိုက္ေတာင္းလ်င္ မေပးရန္ စည္းကမ္းထုတ္ထားသည့္ဆိုင္းဘုတ္ကို ေထာင္ထားသည္။ ကေလးငယ္မ်ားစိတ္တြင္ ပိုက္ဆံဆိုသည္မွာ အလြယ္တကူ ေတာင္းတိုင္းရႏိုင္ေပသည္ဟူေသာ အေတြးအေခၚဆိုးမ်ား မဝင္ေရာက္ေစရန္ ကာကြယ္ထားျခင္းျဖစ္ေပမည္။ ဘုရားဖူးမ်ားအေနျဖင့္ ေပးလိုလ်င္ ေငြစကၠဴအစား မုန္႔ပဲသေရစာမ်ားသာ ေပးသင့္ေၾကာင္း အၾကံျပဳလိုက္ပါသည္။
Stacy Chan (႐ိုးရာေလး)
Photo by: ခ်မ္းေျမ႕အိ (Stacy Chan)
www.yoyarlay.com
#stacy_yyl
#tourism_yyl
(unicode version)
သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀ဝ၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား
အလိုတော်ပေါက်ဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ နမ့်ပန်းကျေးရွာတွင် တည်ရှိသည်။ စာရေးသူရောက်ရှိချိန်သည် ခရစ်စမတ်ကာလရုံးပိတ်ရက် ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် အလွန်အမင်း စည်ကားလှသည်။
အိန္ဒိယနိုင်ငံမှ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၂-၂၃၂) သည် ဗုဒ္ဓသာသနာ ထွန်းကားရန်အလို့ငှာ နယ်ပါယ်ဒေသအနှံ့တွင် စေတီပေါင်း ၈၄,ဝ၀ဝ တည်ထားခဲ့သည်။ အလိုတော်ပေါက်ဘုရားသည် ထိုစေတီများထဲမှတစ်ဆူဖြစ်ကာ ဓာတ်တော်နှစ်ဆူကို ဌာပနာထားပြီး မူလဘွဲ့တော်မှာ အင်းဘုရားဟု မှတ်တမ်းထားရှိသည်။
အနော်ရထာမင်း (ခရစ်နှစ် ၁၀၄၄-၁၀၇၇) သည် အင်းလေးဒေသသို့ တိုင်းခန်းလှည့်လည်ရင်း ချုံများဖုံးလွှမ်းနေပြီး စေတီဖိနပ်တော်သာ ကျန်ရှိတော့သော အင်းဘုရားသို့ ရောက်ရှိလာသည်။ မင်းကြီးသည် ချုံများရှင်းလင်းစေပြီး ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ ပြန်လည်တည်ထားခဲ့သည်။
အလောင်းစည်သူမင်း (ခရစ်နှစ် ၁၁၁၃-၁၁၆၃) သည် တိုင်းခန်းလှည့်လည်ရင်း အင်းလေးဒေသရှိ မြစ်စုံဝ လိပ်ကုန်း၌ စခန်းချရပ်နားခဲ့သည်။ ကုန်းသာယာလှသဖြင့် စေတီတည်လိုစိတ် ဖြစ်ပေါ်၍ စုံစမ်းရာ စေတီပေါင်း ၈၄,ဝ၀ဝ အနွယ်ဝင်စေတီဟောင်းကို တွေ့ရှိလေသည်။ မင်းကြီးလည်း ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါတော့သည်။ ဓာတ်တော်များအား ဌာပနာ၍ ထီးတော်အသစ်တင်ကာ ရတနာစေတီဟု ဘွဲ့တော်ဆပ်ကပ်သည်။
နရပတိစည်သူမင်း (ခရစ်နှစ် ၁၁၆၈-၁၂၁၁) သည် ဖောင်စင်္ကြာလှည့်လည်ရင်း အင်းလေးဒေသရှိ ရတနာစေတီ ခေါ် ဖလားမှောက်စေတီအရောက်တွင် ဖောင်ရပ်တန့်သဖြင့် စုံစမ်းစေရာ စေတီဟောင်းအား တွေ့ရှိရသည်။ မင်းကြီးသည် အရပ်ရှစ်မျက်နှာမှ ကုသိုလ်ရှင်များကောင်းမှုဖြင့် စေတီကိုထပ်မံမွမ်းမံတည်ကာ လိုတော်ပေါက်ဟု ဘွဲ့တော်ကပ်၏။
ပုဂံမင်းဆက်စောမွန်နစ်မင်း (ခရစ်နှစ် ၁၃၂၇-၁၃၆၈) သည် အလိုတော်ပေါက်စေတီကို ရွှေသင်္ကန်းကပ်လှူလေသည်။ နောက်ပိုင်းတွင် စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသည့် စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြပါသည်။
အလိုတော်ပေါက်ဘုရားပတ်ဝန်းကျင်၌ စင်ယော်ငှက်ကလေးများကို ဆောင်းကာလများတွင် တွေ့ရှိရတတ်ပေသည်။ စေတီလှေဆိပ်တွင် ကလေးများမှ မုန့်ဖိုးလိုက်တောင်းလျင် မပေးရန် စည်းကမ်းထုတ်ထားသည့်ဆိုင်းဘုတ်ကို ထောင်ထားသည်။ ကလေးငယ်များစိတ်တွင် ပိုက်ဆံဆိုသည်မှာ အလွယ်တကူ တောင်းတိုင်းရနိုင်ပေသည်ဟူသော အတွေးအခေါ်ဆိုးများ မဝင်ရောက်စေရန် ကာကွယ်ထားခြင်းဖြစ်ပေမည်။ ဘုရားဖူးများအနေဖြင့် ပေးလိုလျင် ငွေစက္ကူအစား မုန့်ပဲသရေစာ များသာ ပေးသင့်ကြောင်း အကြံပြုလိုက်ပါသည်။
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Sunday, January 3, 2016
အလိုေတာ္ေပါက္ ဘုရား
သန်းထွန်းလေး (အင်းတဲရွာ)
တရားရှိတဲ့နေရာ
တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...
-
#ႀတိစကၠစာအုပ္မ်ား (၄၁) အုပ္ပါခဗ်ာ (၁)ႀတိစကၠ ဆယ့္ႏွစ္ႀကိဳးေမွာ္ရံု http:// www.mediafire.com /download/p1bc9b3kera4yth/ႀတိစကၠ_ဆယ့္ႏွစ္ႀကိဳး...
-
အရိုး စာအုပ္မ်ားစုစည္းမႈ ( ၁၀ )အုပ္ပါခဗ်ာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ေျခတစ္လွမ္းမွ ...

No comments:
Post a Comment