" ခ်မ္းသာခ်င္သူေတြအတြက္ အေလ့အက်င့္ေကာင္း (၁၀)ခ်က္ "
ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀မွာလုပ္ကိုင္ေနတဲ့ လုပ္ငန္းေဆာင္တာေလးေတြက ကိုယ့္ရဲ႕ခ်မ္းသာျခင္းကုိ ဆံုးျဖတ္ခ်က္ခ်ေပးႏိုင္တယ္ဆုိတာကို သိပါရဲ႕လား ...? သိသာထင္ရွားတာက ေန႔စဥ္အေလ့အက်င့္အခ်ဳိ႕ က ကိုယ့္ရဲ႕ေအာင္ျမင္မႈအတြက္ အခြင့္အလမ္းေတြကုိ ႀကိဳတင္ခန္႔မွန္းႏုိင္ၿပီးေတာ့ မေ၀းလွတဲ့ အနာဂတ္ ကာလမွာခ်မ္းသာလာမယ့္ ျဖစ္ႏုိင္ေခ်ကုိလည္းတိုးျမင့္ေစပါတယ္။ ဒီခ်မ္းသာေစမယ့္ အေလ့အက်င့္ ေတြက ကုိယ့္အတြက္ အေလ့အက်င့္ေကာင္းေတြျဖစ္ေစသလုိ အဲဒီအခ်က္ေတြက ခ်မ္းသာၿပီးေအာင္ျမင္ မႈေတြရဖို႔အတြက္ တကယ့္ကိုကူညီေပးပါတယ္...။
အဲဒါေတြက အမ်ားႀကီးေတာ့ မဟုတ္ပါဘူး ... (၁၀)ခ်က္တည္းပါ ...ေန႔စဥ္နဲ႔အမွ် ေသေသခ်ာခ်ာ လုပ္ဖုိ႔ေတာ့ လုိပါတယ္ ...။
၁။ ေန႔စဥ္ရည္မွန္းခ်က္ေတြကို သတ္မွတ္ပါ၊
ေရရွည္လုပ္ကိုင္ရမယ့္ ရည္မွန္းခ်က္ေတြနဲ႔တင္ မလံုေလာက္ပါဘူး ... ကိုယ့္ရဲ႕ ေန႔စဥ္ရည္မွန္း ခ်က္ေတြကို သတ္မွတ္ဖုိ႔လိုအပ္ပါတယ္။ ေန႔စဥ္တစ္ေန႔ကုန္ဆံုးသြားတဲ့အခါ ကုိယ္တစ္ေနကုန္ ဘာေတြ လုပ္ခဲ့ၿပီးေတာ့ ဘယ္ေလာက္ကိုယ္ရည္မွန္းထားတဲ့အရာေတြ ၿပီးေျမာက္လဲဆုိတာကုိ ျပန္စစ္ၾကည့္ပါ။ ထုိ႔အတူပဲ ကုိယ့္ဘ၀အတြက္... ကိုယ့္အခြင့္အလမ္းေတြအတြက္ ဘာေတြလုပ္ႏိုင္ခဲ့လဲ...ဆိုတာကုိ ျပန္ စဥ္းစားၿပီး ေနာက္ တစ္ေန႔အတြက္ ရည္မွန္းခ်က္ကုိလည္း သတ္မွတ္ပါ...။
၂။ တက္တက္ၾကြၾကြ နားေထာင္တတ္ေအာင္ ေလ့က်င့္ပါ။
တက္တက္ၾကြၾကြနဲ႔ စိတ္၀င္တစားနားေထာင္တတ္တာကလည္း ဘယ္နယ္ပယ္မွာမဆုိ ကုိယ့္ဆီ ကသူမ်ားေတြဘာေတြလုိအပ္လဲ ကိုယ္အတြက္ဘာေတြ အက်ဳိးရွိမလဲဆုိတာကုိ နားလည္ဖုိ႔အတြက္ ကူညီေပးႏုိင္တဲ့မရွိမျဖစ္စြမ္းရည္တစ္ခုပါ...။ ဥပမာကိုယ္က ခုမွစီးပြားေရးလုပ္ငန္းတစ္ခုကုိ စတင္တည္ ေထာင္တယ္ဆုိရင္ နည္းနည္းေျပာၿပီးမ်ားမ်ားနားေထာင္တာကလည္း ေအာင္ျမင္ေရးအတြက္ ေသာ့ခ်က္ တစ္ခုပါ။ အမ်ားေျပာတာကုိ နားေထာင္တတ္တဲ့ စြမ္းရည္ကို တိုးတက္ေစျခင္းက ကုိယ့္ရဲ႕ပတ္၀န္းက်င္ကုိ ကူညီႏုိင္သလို ပတ္၀န္းက်င္ကလည္း သင္ယူႏိုင္ပါတယ္...။
၃။ ကုိယ့္ရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ပါ။
က်န္းမာေရးေလ့က်င့္ခန္းျပဳလုပ္ျခင္းနဲ႔ အာဟာရမွ်တေအာင္ စားသံုးျခင္းကလည္း ေအာင္ျမင္ေရး အတြက္မရွိမျဖစ္အေရးႀကီးပါတယ္...။ ေန႔စဥ္နဲ႔အမွ် က်န္းမာေရးေလ့က်င့္ခန္းလုပ္မယ္ဆုိရင္ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြကိုပိုၿပီးေတာ့ တက္တက္ၾကြၾကြျမန္ျမန္ဆန္ဆန္နဲ႔ လြယ္လြယ္ကူကူလုပ္လာႏုိင္ပါ လိမ့္မယ္...။
၄။ အမ်ားနဲ႔ ခ်ိတ္ဆက္လုပ္ကိုင္ပါ။
စုေပါင္းလုပ္ကိုင္ျခင္းရဲ႕စြမ္းအားကိုေလွ်ာ့မတြက္လုိက္ပါနဲ႔။ အမ်ားနဲ႔ ဆက္ဆံၿပီးလိုအပ္တဲ့အကူ အညီမ်ားေပးျခင္းဟာလည္းေအာင္ျမင္မႈနဲ႔ ခ်မ္းသာေရးအတြက္ေရွ႕ေျပးနမိတ္ေတြပါပဲ။ လုိအပ္သလို လူ အမ်ားေရွ႕မွာ ကိုယ့္ကိုယ္ကုိမိတ္ဆက္ၿပီးလိုအပ္တဲ့ အကူအညီမ်ားေပးႏုိင္ေအာင္လုပ္ေပးပါ။ ဒါကလည္း ကိုယ့္အတြက္ လူအမ်ားက သတိထားမိႏိုင္သလို အဆက္အသြယ္ေကာင္းမ်ားလည္း ရရွိႏိုင္ပါတယ္။
၅။ တီဗြီၾကည့္တာ ေလွ်ာ့ပါ။
ေအာင္ျမင္ေနတဲ့ လူေတြအမ်ားစု တစ္ေန႔ကို တစ္နာရီထက္ပုိၿပီး တီဗီြကိုမၾကည့္ၾကပါဘူး...။ တခ်ဳိ႕ခ်ဳိ႕ဆိုရင္လံုး၀မၾကည့္ၾကပါဘူး...။ ဘာေၾကာင့္လဲဆိုေတာ့ တီဗီြေရွ႕မွာ အခ်ိန္ျဖဳန္းမယ့္အစားအျခား အက်ဳိးရွိတဲ့အလုပ္တစ္ခုခုကုိ လုပ္ေနၾကလို႔ပါပဲ...။ (ဆုိလုိခ်င္တာက ကိုယ့္အတြက္ ဘာမွအက်ဳိးမရွိတဲ့ တီဗီြအစီအစဥ္ေတြကုိ အခ်ိန္ေပးၿပီး ၾကည့္မေနသင့္တာကုိေျပာတာပါ။ ကိုယ့္အတြက္ အက်ဳိးေက်းဇူးတစ္ စံုတစ္ရာ...စီးပြားေရး၊ ပညာေရး၊ ဘာသာေရး၊ နည္းပညာ … အစရွိသျဖင့္ ဗဟုသုတ၊ နည္းနာတစ္စံု တစ္ရာရႏိုင္တဲ့ အစီအစဥ္မ်ဳိးဆုိရင္ေတာ့ ၾကည့္သင့္ပါတယ္။ ဒါက ကြၽန္ေတာ့္ရဲ႕ျဖည့္စြက္အျမင္ပါ)
၆။ ေန႔တိုင္း စာဖတ္ပါ။
စာဖတ္ျခင္းက ကုိယ့္ကိုတုိးတက္ေစပါတယ္။ အသိပညာဗဟုသုတ၊ စိတ္ဓာတ္ခြန္အားစတာ ေတြကို ဖြံ႕ၿဖိဳးတုိးတက္ေစၿပီး အေကာင္းအဆိုး၊ အေၾကာင္းအက်ဳိးကို ခြဲျခားသိျမင္ႏုိင္ေစပါတယ္။ ကိုယ္ ႀကိဳက္ႏွစ္သက္တဲ့ စာအုပ္တစ္အုပ္ကိုရွာေဖြၿပီးေတာ့ ေန႔စဥ္နာရီ၀က္ေလာက္ဖတ္ေပးပါ။ ကုိယ့္ရဲ႕သက္ ေမြး၀မ္းေၾကာင္းနဲ႔ပတ္သက္တဲ့ ပညာရပ္ဆုိင္ရာ စာအုပ္ေတြကို၀ယ္ယူၿပီး ကုိယ့္ရဲ႕စြမ္းရည္ေတြ တိုးတက္ ေအာင္လုပ္ေဆာင္ရမွာျဖစ္သလုိ ကမၻာႀကီးနဲ႔ အဆက္အသြယ္မျပတ္ ဖုိ႔အတြက္လည္း အင္တာနက္ ၀က္ ဆိုက္ေတြမွာ ေနာက္ဆံုးရသတင္းအခ်က္အလက္ေတြကို ၀င္ေရာက္ဖတ္႐ႈသင့္ပါတယ္။
၇။ ကိုယ့္ရဲ႕ စြမ္းရည္ေတြကို တိုးတက္ပါေစ။
ကိုယ့္ရဲ႕ရည္မွန္းခ်က္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ဖုိ႔အတြက္ အေကာင္းဆံုး နည္းလမ္းေတြထဲကတစ္ခုကေတာ့ ကုိယ့္ရဲ႕စြမ္းရည္ေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ျခင္းပါ။ ကိုယ့္ရဲ႕ဘ၀ကို ပုိၿပီးေတာ့ေကာင္းမြန္ျပည့္စံုခ်င္တယ္ဆုိရင္ ကိုယ့္ရဲ႕အသက္ေမြး၀မ္းေၾကာင္းလုပ္ငန္းမွာ ပို တိုးတက္ေအာင္လုပ္ရမွာျဖစ္သလို ပိုမုိေကာင္းမြန္တဲ့ လစာရရွိဖုိ႔အတြက္ ကိုယ့္ရဲ႕အစြမ္းအစကုိ ကုိယ့္ရဲ႕ ေအာင္ျမင္မႈအတြက္ အသံုးျပဳၿပီးၿပိဳင္ဆုိင္မႈတိုင္းမွာ ကိုယ့္ရဲ႕စြမ္းရည္နဲ႔ တရားမွ်တမႈနဲ႔ အႏိုင္ရႏိုင္ေအာင္ ႀကိဳးစားရပါမယ္။
၈။ အေကာင္းဘက္က ေတြးပါ။
အေကာင္းျမင္ျခင္းဟာ အေလ့အက်င့္တစ္ခုေလာက္သာမကပါဘူး။ ဘ၀ရဲ႕နည္းလမ္းတစ္ခုပါ။ ကိုယ့္အတြက္ပဲ ၾကည့္တတ္တဲ့အေတြးေတြနဲ႔ အဆုိးျမင္အေတြးကို ဘယ္လုိဖယ္ရွားရမလဲဆုိတာကုိ ေလ့လာမယ္ဆုိရင္ အရာရာကိုအေကာင္းျမင္ဖုိ႔အတြက္ ပိုၿပီးေတာ့လြယ္ကူလာပါလိမ့္မယ္။ အခြင့္အလမ္း အသစ္ေတြအတြက္ ရင္းႏွီးပြင့္လင္းၿပီး စိတ္အားထက္သန္ေနပါေစ။
၉။ ပိုက္ဆံစုပါ။
ေငြကို စီမံခန္႔ခြဲႏိုင္ဖုိ႔ ေလ့လာသင္ယူပါ။ ေငြကို စီမံခန္႔ခြဲႏုိင္ျခင္းဟာ ခ်မ္းသာဖုိ႔အတြက္ တကယ္ကို အက်ဳိးသက္ေရာက္မႈရွိပါတယ္။ ကုိယ့္ရဲ႕ အသံုးစရိတ္ကို ထိန္းသိမ္းၿပီး ေန႔စဥ္၀င္ေငြရဲ႕ ရာခိုင္ႏႈန္းတခ်ဳိ႕ ကုိ စုေဆာင္းႏိုင္မယ္ဆုိရင္ အဲဒီလိုစတင္က်င့္သံုးတဲ့ အခ်ိန္ကစၿပီးေတာ့ ခ်မ္းသာလာဖုိ႔အတြက္ ပိုၿပီးေတာ့ စုေဆာင္းလာႏုိင္ဖုိ႔အတြက္ အာမခံခ်က္ရွိပါတယ္။
၁၀။ ကိုယ္နဲ႔အေတြးအႀကံ အယူအဆတူသူမ်ားနဲ႔ ေပါင္းသင္း ဆက္ဆံပါ။
ကိုယ္နဲ႔အေတြးအႀကံ အယူအဆတူသူမ်ားနဲ႔ ေပါင္းသင္းျခင္းက ေအာင္ျမင္ေရးအတြက္ အယူ အဆအေတြးအျမင္ေတြကို ဖလွယ္ႏုိင္႐ံုသာမက ကုိယ့္ရဲ႕ရည္မွန္းခ်က္ကို ျမန္ျမန္ဆန္ဆန္ေရာက္ရွိၿပီး အာင္ျမင္ႏုိင္ဖုိ႔အတြက္လည္းအကူအညီရေစပါတယ္။ ခ်မ္းသာခ်င္တယ္ဆုိရင္ ကိုယ့္ရဲ႕ကိုယ္ရည္ ကုိယ္ေသြး၊ အရည္အခ်င္းေတြ တုိးတက္ဖြံ႕ၿဖိဳးဖုိ႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံရမွာျဖစ္သလုိ ကုိယ့္ရဲ႕သက္ေမြး၀မ္း ေၾကာင္းကိုလည္း ပိုမိုထိေရာက္ေအာင္ျမင္ဖုိ႔အတြက္ အစီအစဥ္ခ်မွတ္တာေတြ စီမံခန္႔ခြဲတာေတြျပဳလုပ္ ရပါမယ္။ ဒီအေလ့အက်င့္ေကာင္းေတြကုိ က်င့္သံုးျခင္းအားျဖင့္ ကုိယ့္ရဲ႕ရည္မွန္းခ်က္ေတြကို ျမန္ျမန္ဆန္ ဆန္ရရွိေစ႐ံုသာမက ကိုယ့္ရဲ႕ဘ၀ခရီးကုိပါ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ေလွ်ာက္လွမ္းႏုိင္မွာပါ။ ဒီအေလ့အက်င့္ ေကာင္း (၁၀)ခ်က္ကုိ ေန႔စဥ္ေအာင္ေအာင္ျမင္ျမင္ က်င့္သံုးႏိုင္ေအာင္လုပ္ေဆာင္ပါ။
“ရတဲ့အသိကို လက္ေတြ႕အသံုးခ်ႏုိင္ပါေစ...”
P.S : တစ္ေန႔က Facebook မွာ friend တစ္ေယာက္က တင္ထားၿပီးေတာ့ ဘာသာျပန္ေပးတဲ့ လူရွိရင္ပုိေကာင္းမယ္လုိ႔ ေရးထားတဲ့အတြက္ ဖတ္ၾကည့္တဲ့အခါလုိက္နာသင့္တဲ့အရာေတြမုိ႔ ဆီေလ်ာ္ ေအာင္ဘာသာျပန္လုိက္ပါတယ္...။ အမ်ားစုကေတာ့ ကြၽန္ေတာ္ အရင္ကေရးခဲ့တဲ့စာစုေတြနဲ႔ သေဘာ တရားေတြေတာ္ေတာ္မ်ားမ်ားဆင္တူပါတယ္...၊ ႏွစ္ထပ္ရွိေတာ့လည္း ပိုၿပီးမွတ္မိတာေပါ့ဗ်ာ...။
ေအာင္ကိုဦး(UMK)
Be The Best!
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
------------------------------------------------------------------------------ ------------------------------------------------------------------------------
(Unicode Version)
" ချမ်းသာချင်သူတွေအတွက် အလေ့အကျင့်ကောင်း (၁၀)ချက် "
ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာလုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာလေးတွေက ကိုယ့်ရဲ့ချမ်းသာခြင်းကို ဆုံးဖြတ်ချက်ချပေးနိုင်တယ်ဆိုတာကို သိပါရဲ့လား ...? သိသာထင်ရှားတာက နေ့စဉ်အလေ့အကျင့်အချို့ က ကိုယ့်ရဲ့အောင်မြင်မှုအတွက် အခွင့်အလမ်းတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီးတော့ မဝေးလှတဲ့ အနာဂတ် ကာလမှာချမ်းသာလာမယ့် ဖြစ်နိုင်ချေကိုလည်းတိုးမြင့်စေပါတယ်။ ဒီချမ်းသာစေမယ့် အလေ့အကျင့် တွေက ကိုယ့်အတွက် အလေ့အကျင့်ကောင်းတွေဖြစ်စေသလို အဲဒီအချက်တွေက ချမ်းသာပြီးအောင်မြင် မှုတွေရဖို့အတွက် တကယ့်ကိုကူညီပေးပါတယ်...။
အဲဒါတွေက အများကြီးတော့ မဟုတ်ပါဘူး ... (၁၀)ချက်တည်းပါ ...နေ့စဉ်နဲ့အမျှ သေသေချာချာ လုပ်ဖို့တော့ လိုပါတယ် ...။
၁။ နေ့စဉ်ရည်မှန်းချက်တွေကို သတ်မှတ်ပါ၊
ရေရှည်လုပ်ကိုင်ရမယ့် ရည်မှန်းချက်တွေနဲ့တင် မလုံလောက်ပါဘူး ... ကိုယ့်ရဲ့ နေ့စဉ်ရည်မှန်း ချက်တွေကို သတ်မှတ်ဖို့လိုအပ်ပါတယ်။ နေ့စဉ်တစ်နေ့ကုန်ဆုံးသွားတဲ့အခါ ကိုယ်တစ်နေကုန် ဘာတွေ လုပ်ခဲ့ပြီးတော့ ဘယ်လောက်ကိုယ်ရည်မှန်းထားတဲ့အရာတွေ ပြီးမြောက်လဲဆိုတာကို ပြန်စစ်ကြည့်ပါ။ ထို့အတူပဲ ကိုယ့်ဘဝအတွက်... ကိုယ့်အခွင့်အလမ်းတွေအတွက် ဘာတွေလုပ်နိုင်ခဲ့လဲ...ဆိုတာကို ပြန် စဉ်းစားပြီး နောက် တစ်နေ့အတွက် ရည်မှန်းချက်ကိုလည်း သတ်မှတ်ပါ...။
၂။ တက်တက်ကြွကြွ နားထောင်တတ်အောင် လေ့ကျင့်ပါ။
တက်တက်ကြွကြွနဲ့ စိတ်ဝင်တစားနားထောင်တတ်တာကလည်း ဘယ်နယ်ပယ်မှာမဆို ကိုယ့်ဆီ ကသူများတွေဘာတွေလိုအပ်လဲ ကိုယ်အတွက်ဘာတွေ အကျိုးရှိမလဲဆိုတာကို နားလည်ဖို့အတွက် ကူညီပေးနိုင်တဲ့မရှိမဖြစ်စွမ်းရည်တစ်ခုပါ...။ ဥပမာကိုယ်က ခုမှစီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည် ထောင်တယ်ဆိုရင် နည်းနည်းပြောပြီးများများနားထောင်တာကလည်း အောင်မြင်ရေးအတွက် သော့ချက် တစ်ခုပါ။ အများပြောတာကို နားထောင်တတ်တဲ့ စွမ်းရည်ကို တိုးတက်စေခြင်းက ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကူညီနိုင်သလို ပတ်ဝန်းကျင်ကလည်း သင်ယူနိုင်ပါတယ်...။
၃။ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။
ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အာဟာရမျှတအောင် စားသုံးခြင်းကလည်း အောင်မြင်ရေး အတွက်မရှိမဖြစ်အရေးကြီးပါတယ်...။ နေ့စဉ်နဲ့အမျှ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပိုပြီးတော့ တက်တက်ကြွကြွမြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူလုပ်လာနိုင်ပါ လိမ့်မယ်...။
၄။ အများနဲ့ ချိတ်ဆက်လုပ်ကိုင်ပါ။
စုပေါင်းလုပ်ကိုင်ခြင်းရဲ့စွမ်းအားကိုလျှော့မတွက်လိုက်ပါနဲ့။ အများနဲ့ ဆက်ဆံပြီးလိုအပ်တဲ့အကူ အညီများပေးခြင်းဟာလည်းအောင်မြင်မှုနဲ့ ချမ်းသာရေးအတွက်ရှေ့ပြေးနမိတ်တွေပါပဲ။ လိုအပ်သလို လူ အများရှေ့မှာ ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးလိုအပ်တဲ့ အကူအညီများပေးနိုင်အောင်လုပ်ပေးပါ။ ဒါကလည်း ကိုယ့်အတွက် လူအများက သတိထားမိနိုင်သလို အဆက်အသွယ်ကောင်းများလည်း ရရှိနိုင်ပါတယ်။
၅။ တီဗွီကြည့်တာ လျှော့ပါ။
အောင်မြင်နေတဲ့ လူတွေအများစု တစ်နေ့ကို တစ်နာရီထက်ပိုပြီး တီဗွီကိုမကြည့်ကြပါဘူး...။ တချို့ချို့ဆိုရင်လုံးဝမကြည့်ကြပါဘူး...။ ဘာကြောင့်လဲဆိုတော့ တီဗွီရှေ့မှာ အချိန်ဖြုန်းမယ့်အစားအခြား အကျိုးရှိတဲ့အလုပ်တစ်ခုခုကို လုပ်နေကြလို့ပါပဲ...။ (ဆိုလိုချင်တာက ကိုယ့်အတွက် ဘာမှအကျိုးမရှိတဲ့ တီဗွီအစီအစဉ်တွေကို အချိန်ပေးပြီး ကြည့်မနေသင့်တာကိုပြောတာပါ။ ကိုယ့်အတွက် အကျိုးကျေးဇူးတစ် စုံတစ်ရာ...စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နည်းပညာ … အစရှိသဖြင့် ဗဟုသုတ၊ နည်းနာတစ်စုံ တစ်ရာရနိုင်တဲ့ အစီအစဉ်မျိုးဆိုရင်တော့ ကြည့်သင့်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ဖြည့်စွက်အမြင်ပါ)
၆။ နေ့တိုင်း စာဖတ်ပါ။
စာဖတ်ခြင်းက ကိုယ့်ကိုတိုးတက်စေပါတယ်။ အသိပညာဗဟုသုတ၊ စိတ်ဓာတ်ခွန်အားစတာ တွေကို ဖွံ့ဖြိုးတိုးတက်စေပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စေပါတယ်။ ကိုယ် ကြိုက်နှစ်သက်တဲ့ စာအုပ်တစ်အုပ်ကိုရှာဖွေပြီးတော့ နေ့စဉ်နာရီဝက်လောက်ဖတ်ပေးပါ။ ကိုယ့်ရဲ့သက် မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကိုဝယ်ယူပြီး ကိုယ့်ရဲ့စွမ်းရည်တွေ တိုးတက် အောင်လုပ်ဆောင်ရမှာဖြစ်သလို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ဖို့အတွက်လည်း အင်တာနက် ၀က် ဆိုက်တွေမှာ နောက်ဆုံးရသတင်းအချက်အလက်တွေကို ၀င်ရောက်ဖတ်ရှုသင့်ပါတယ်။
၇။ ကိုယ့်ရဲ့ စွမ်းရည်တွေကို တိုးတက်ပါစေ။
ကိုယ့်ရဲ့ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲကတစ်ခုကတော့ ကိုယ့်ရဲ့စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းပါ။ ကိုယ့်ရဲ့ဘဝကို ပိုပြီးတော့ကောင်းမွန်ပြည့်စုံချင်တယ်ဆိုရင် ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ပို တိုးတက်အောင်လုပ်ရမှာဖြစ်သလို ပိုမိုကောင်းမွန်တဲ့ လစာရရှိဖို့အတွက် ကိုယ့်ရဲ့အစွမ်းအစကို ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အသုံးပြုပြီးပြိုင်ဆိုင်မှုတိုင်းမှာ ကိုယ့်ရဲ့စွမ်းရည်နဲ့ တရားမျှတမှုနဲ့ အနိုင်ရနိုင်အောင် ကြိုးစားရပါမယ်။
၈။ အကောင်းဘက်က တွေးပါ။
အကောင်းမြင်ခြင်းဟာ အလေ့အကျင့်တစ်ခုလောက်သာမကပါဘူး။ ဘဝရဲ့နည်းလမ်းတစ်ခုပါ။ ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့အတွေးတွေနဲ့ အဆိုးမြင်အတွေးကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကို လေ့လာမယ်ဆိုရင် အရာရာကိုအကောင်းမြင်ဖို့အတွက် ပိုပြီးတော့လွယ်ကူလာပါလိမ့်မယ်။ အခွင့်အလမ်း အသစ်တွေအတွက် ရင်းနှီးပွင့်လင်းပြီး စိတ်အားထက်သန်နေပါစေ။
၉။ ပိုက်ဆံစုပါ။
ငွေကို စီမံခန့်ခွဲနိုင်ဖို့ လေ့လာသင်ယူပါ။ ငွေကို စီမံခန့်ခွဲနိုင်ခြင်းဟာ ချမ်းသာဖို့အတွက် တကယ်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ့်ရဲ့ အသုံးစရိတ်ကို ထိန်းသိမ်းပြီး နေ့စဉ်ဝင်ငွေရဲ့ ရာခိုင်နှုန်းတချို့ ကို စုဆောင်းနိုင်မယ်ဆိုရင် အဲဒီလိုစတင်ကျင့်သုံးတဲ့ အချိန်ကစပြီးတော့ ချမ်းသာလာဖို့အတွက် ပိုပြီးတော့ စုဆောင်းလာနိုင်ဖို့အတွက် အာမခံချက်ရှိပါတယ်။
၁၀။ ကိုယ်နဲ့အတွေးအကြံ အယူအဆတူသူများနဲ့ ပေါင်းသင်း ဆက်ဆံပါ။
ကိုယ်နဲ့အတွေးအကြံ အယူအဆတူသူများနဲ့ ပေါင်းသင်းခြင်းက အောင်မြင်ရေးအတွက် အယူ အဆအတွေးအမြင်တွေကို ဖလှယ်နိုင်ရုံသာမက ကိုယ့်ရဲ့ရည်မှန်းချက်ကို မြန်မြန်ဆန်ဆန်ရောက်ရှိပြီး အောင်မြင်နိုင်ဖို့အတွက်လည်းအကူအညီရစေပါတယ်။ ချမ်းသာချင်တယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ရည် ကိုယ်သွေး၊ အရည်အချင်းတွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရင်းနှီးမြှုပ်နှံရမှာဖြစ်သလို ကိုယ့်ရဲ့သက်မွေးဝမ်း ကြောင်းကိုလည်း ပိုမိုထိရောက်အောင်မြင်ဖို့အတွက် အစီအစဉ်ချမှတ်တာတွေ စီမံခန့်ခွဲတာတွေပြုလုပ် ရပါမယ်။ ဒီအလေ့အကျင့်ကောင်းတွေကို ကျင့်သုံးခြင်းအားဖြင့် ကိုယ့်ရဲ့ရည်မှန်းချက်တွေကို မြန်မြန်ဆန် ဆန်ရရှိစေရုံသာမက ကိုယ့်ရဲ့ဘဝခရီးကိုပါ ပျော်ပျော်ရွှင်ရွှင်နဲ့လျှောက်လှမ်းနိုင်မှာပါ။ ဒီအလေ့အကျင့် ကောင်း (၁၀)ချက်ကို နေ့စဉ်အောင်အောင်မြင်မြင် ကျင့်သုံးနိုင်အောင်လုပ်ဆောင်ပါ။
“ရတဲ့အသိကို လက်တွေ့အသုံးချနိုင်ပါစေ...”
P.S : တစ်နေ့က Facebook မှာ friend တစ်ယောက်က တင်ထားပြီးတော့ ဘာသာပြန်ပေးတဲ့ လူရှိရင်ပိုကောင်းမယ်လို့ ရေးထားတဲ့အတွက် ဖတ်ကြည့်တဲ့အခါလိုက်နာသင့်တဲ့အရာတွေမို့ ဆီလျော် အောင်ဘာသာပြန်လိုက်ပါတယ်...။ အများစုကတော့ ကျွန်တော် အရင်ကရေးခဲ့တဲ့စာစုတွေနဲ့ သဘော တရားတွေတော်တော်များများဆင်တူပါတယ်...၊ နှစ်ထပ်ရှိတော့လည်း ပိုပြီးမှတ်မိတာပေါ့ဗျာ...။
အောင်ကိုဦး(UMK)
Be The Best!
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Sunday, January 3, 2016
ခ်မ္းသာဖို႔ ၁၀ ခ်က္
သန်းထွန်းလေး (အင်းတဲရွာ)
တရားရှိတဲ့နေရာ
တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...
-
#ႀတိစကၠစာအုပ္မ်ား (၄၁) အုပ္ပါခဗ်ာ (၁)ႀတိစကၠ ဆယ့္ႏွစ္ႀကိဳးေမွာ္ရံု http:// www.mediafire.com /download/p1bc9b3kera4yth/ႀတိစကၠ_ဆယ့္ႏွစ္ႀကိဳး...
-
အရိုး စာအုပ္မ်ားစုစည္းမႈ ( ၁၀ )အုပ္ပါခဗ်ာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ေျခတစ္လွမ္းမွ ...
No comments:
Post a Comment