ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရွန်နီ မှတ်တမ်းဝင်
- - - - - - -
ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် ဆွမ်ဆီးအသင်းနှင့်ပွဲတွင် မန်ယူအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သော တိုက်စစ်မှူး ရွန်နီသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့သည်။
ဆွမ်ဆီးနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက်
ရွန်နီ၏ လက်ရှိပရီးမီးယားလိဂ်သွင်းဂိုးမှာ (၁၈၈)ဂိုးအထိရှိလာခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်သည့် မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်၏ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
သို့သော် ရွန်နီအနေဖြင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ အလန်ရှီယား၏ သွင်းဂိုး (၂၆၀)ကို လိုက်မီရန် (၇၂)ဂိုးအထိ လိုအပ်နေသေးသည်။
ထို့ပြင် ရွန်နီသည် မန်ယူတိုက်စစ်မှူးဟောင်း ဒင်းနစ်လော၏ ပြိုင်ပွဲစုံသွင်းဂိုး (၂၃၇)ဂိုးကို (၂၃၈)ဂိုးဖြင့် ကျော်ဖြတ်ကာ
မန်ယူအသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီး ဂိုးအများဆုံးသွင်းထားသည့် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်၏ သွင်းဂိုး(၂၄၉)ဂိုးကို လိုက်မီရန် (၁၁)ဂိုးသာ လိုအပ်တော့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူ (၅)ဦး
- - - - -
အလန်ရှီးယား (၂၆၀)ဂိုး၊ (၄၄၁)ပွဲ
ဝိန်းရွန်နီ (၁၈၈) ဂိုး၊ (၄၂၃) ပွဲ
အင်ဒီကိုးလ် (၁၈၇) ဂိုး၊ (၄၁၄) ပွဲ
ဖရန့်လမ်းပတ် (၁၇၇) ဂိုး၊ (၆၀၉) ပွဲ
အွန်နရီ (၁၇၅) ဂိုး၊ (၂၅၈) ပွဲ
မန်ယူအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းထားသူ (၃)ဦး
- - - - -
ဘော်ဘီချာလ်တန် (၂၄၉)ဂိုး၊ (၇၅၈) ပွဲ
ဝိန်းရွန်နီ (၂၃၈) ဂိုး၊ (၅၀၃) ပွဲ
ဒင်းနစ်လော (၂၃၇) ဂိုး၊ (၄၀၄) ပွဲ
(ပုံစာ- ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ရွန်နီနှင့် ဆွမ်ဆီးဘက်သို့ နောက်ပေါက်ဖြင့် ဂိုးသွင်းယူနေသည့် ရွန်နီ)
Photos: EPA & Ian Hodgson
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Sunday, January 3, 2016
ရွန်းနီ
သန်းထွန်းလေး (အင်းတဲရွာ)
တရားရှိတဲ့နေရာ
တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...

No comments:
Post a Comment